CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, April 4, 2016
အစိုးရဝန်ထမ်းအားလုံး လိုက်နာရမည့် လက်ဆောင်ပစ္စည်း လက်ခံ ရယုူခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး ထုတ်ပြန်
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာ ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စားမှု အလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေလိုက်ကြောင်း ဧပြီ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်အရသိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်”တွင် ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများ တွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားကြောင်း သိရသည်။
လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သော လက်ဆောင်ပစ္စည်းကို ပြန်လည်ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်စျေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထား မခံသောပစ္စည်းဖြစ်ပါက ဌာနတွင်း ဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။
နိုင်ငံခြားအစိုးရက ပေးအပ်သော လက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသ စရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကို ငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။
အထွေထွေ ညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူး တာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆရ သော ကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်း မပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု လည်း ဖော်ပြပါရှိသည်။
အဆိုပါလမ်းညွှန်ချက်တွင် လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျံုးဝင်ပြီး ရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကို်င်သော၊ လုပ်ကိုင်ရန် ကြိုးပမ်းနေသော အဖွဲ့အစည်း/ လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှု ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိုလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။
ဇော်မင်းထွန်း
The Ladies News
...................................
အစိုးရ၀န္ထမ္းအားလုံး လုိက္နာရမည့္ လက္ေဆာင္ပစၥည္း လက္ခံ ရယုူျခင္းဆုိင္ရာ လမ္းညႊန္ခ်က္ကုိ သမၼတရုံး ျပည္ေထာင္စု ၀န္ၾကီး ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္ထုိး ထုတ္ျပန္
--- --- ----
ျမန္မာႏိုင္ငံတြင္ အဂတိလိုက္စားမႈမ်ားေၾကာင့္ အက်င့္စာရိတၱပ်က္ျပားမႈ (corruption) မ်ားစြာ ျဖစ္ေပၚေနၿပီး ႏုိင္ငံေတာ္၏ လူမႈေရး၊ စီးပြားေရး၊ တရားဥပေဒ စိုးမိုးေရးတို႔ကို ထိခိုက္ေနသျဖင့္ အဂတိလိုက္စားမႈ အေလ့အထကို အခ်ိန္တုိကာလအတြင္း လံုးဝေပ်ာက္သြားေစရန္အတြက္ ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္ေရးထိုးထားေသာ “လက္ေဆာင္ပစၥည္း လက္ခံျခင္းႏွင့္ပတ္သက္သည့္ လမ္းညႊန္ခ်က္” ကို ဗဟိုရံုးမ်ား၊ ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ားႏွင့္ ျပည္နယ္/တုိင္း အစိုးရမ်ားအား ဧျပီလ ၁ ရက္(ေသာၾကာေန႕) ရက္စြဲျဖင့္ ေပးပို႕ျဖန္႔ေဝလိုက္ေၾကာင္း ဧၿပီ ၄ ရက္တြင္ ႏိုင္ငံေတာ္သမၼတ႐ုံး ထုတ္ျပန္ခ်က္အရသိရသည္။
ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္ေရးထိုးထားေသာ “လက္ေဆာင္ပစၥည္း လက္ခံျခင္းႏွင့္ ပတ္သက္သည့္ လမ္းညႊန္ခ်က္”တြင္ က်ပ္ေငြ ၂၅၀၀၀ ထက္ မပိုေသာ လက္ေဆာင္ပစၥည္း၊ (အဖြဲ႔အစည္း တစ္ခု/လူပုဂၢိဳလ္ တစ္ဦးထံမွ လက္ခံ ရယူသည့္ လက္ေဆာင္ပစၥည္းသည္ တစ္ႏွစ္လွ်င္ က်ပ္ ၁၀၀၀၀၀ /- တန္ဖိုး ထက္ မပိုေစရ)၊ မိသားစုဆက္ဆံေရး ႏွင့္ ပုဂၢိဳလ္ေရးခင္မင္မႈအရ (တားျမစ္ထားသည့္ အဖြဲ႔အစည္း၊ လူပုဂၢိဳလ္မ်ား ႏွင့္ အက်ံဳးမဝင္သူမ်ား) ေပးေသာ လက္ေဆာင္ပစၥည္း၊ အခါႀကီးရက္ႀကီးမ်ား တြင္ ဂါရဝျပဳေပးအပ္သည့္ က်ပ္ေငြ ၁၀၀၀၀၀/- ထက္မပိုေသာ လက္ေဆာင္ ပစၥည္းမ်ားကိုသာ ျခြင္းခ်က္ျဖင့္ လက္ခံခြင့္ျပဳထားေၾကာင္း သိရသည္။
လက္ခံခြင့္မရွိေသာ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္လာပါက ေပးအပ္ေသာ လက္ေဆာင္ပစၥည္းကို ျပန္လည္ေပးအပ္ရန္၊ ပစၥည္းကိုလက္ခံလိုပါက ကာလေပါက္ေစ်းကို ေပးအပ္သူထံ ျပန္လည္ေပးအပ္ရန္၊ ၾကာရွည္ အထား မခံေသာပစၥည္းျဖစ္ပါက ဌာနတြင္း ဝန္ထမ္းမ်ားအား ျဖန္႔ေဝေပးရန္လည္း လမ္းညႊန္ထားသည္။
ႏိုင္ငံျခားအစိုးရက ေပးအပ္ေသာ လက္ေဆာင္ပစၥည္းမ်ားအနက္ ေငြတန္ဖိုး က်ပ္ ၄၀၀၀၀၀/- မပိုေသာ လက္ေဆာင္ပစၥည္း၊ တရားဝင္ကိစၥအတြက္ ခရီးသြားလာစရိတ္၊ ပညာသင္ဆု၊ ေဆးဝါးကုသ စရိတ္မ်ားကိုသာ လက္ခံႏုိင္ၿပီး ထိုအခ်က္မ်ားႏွင့္ မကိုက္ညီေသာ္လည္း လက္ေဆာင္ကို ျငင္းဆန္ျခင္းျဖင့္ ႏွစ္ဖက္မ်က္ႏွာပ်က္ရမည့္ ကိစၥမ်ားတြင္ လက္ေဆာင္ပစၥည္းကို လက္ခံႏုိင္ၿပီး ယင္းပစၥည္းအား ဝန္ႀကီးဌာန/ဌာနသို႔ ေပးအပ္ရန္ လမ္းညႊန္ခ်က္တြင္ ေဖာ္ျပထားသည္။
အေထြေထြ ညႊန္ၾကားခ်က္အေနျဖင့္ လက္ေဆာင္ပစၥည္းမ်ားကို သြယ္ဝိုက္၍ ေသာ္လည္းေကာင္း၊ တိုက္ရိုက္ ေသာ္လည္းေကာင္း ေတာင္းခံျခင္းမျပဳရန္၊ မိမိရာထူး တာဝန္လုပ္ေဆာင္မႈအေပၚ ၾသဇာလႊမ္းမိုးေစမည္ဟု ယူဆရ ေသာ ကိစၥရပ္မ်ားအတြက္ မည္သည့္လက္ေဆာင္ပစၥည္းမွ လက္ခံျခင္း မျပဳရန္၊ လက္ခံခြင့္ရွိေသာ လက္ေဆာင္ ပစၥည္းကိုပင္ အႀကိမ္ႀကိမ္လက္ခံျခင္း မျပဳရန္၊ လက္ေဆာင္ပစၥည္း ေပးအပ္လာပါက လက္ခံသည္ျဖစ္ေစ၊ ျငင္းပယ္သည္ျဖစ္ေစ အထက္အႀကီးအကဲထံ အျမန္ဆံုးတင္ျပရန္၊ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ားအား ေပးအပ္ သည့္ လက္ေဆာင္ပစၥည္းမ်ားကိစၥကို ဦးစီး႐ံုးမ်ား၏ ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္မ်ားက ႏုိင္ငံေတာ္သမၼတရံုး ဝန္ႀကီး ထံ အျမန္ဆံုးတင္ျပရန္ဟု လည္း ေဖာ္ျပပါရွိသည္။
အဆိုပါလမ္းညႊန္ခ်က္တြင္ လက္ေဆာင္ပစၥည္းတြင္ ေငြေၾကးႏွင့္တန္ဖိုးရွိသည့္ ပစၥည္းအပါအဝင္ ေရႊ၊ ေငြ၊ ေလယာဥ္လက္မွတ္၊ အခမဲ့တည္းခိုခ၊ အခမဲ့စားေသာက္ခ၊ ဧည့္ခံေကၽြးေမြးျခင္း၊ ေဂါက္သီးအသင္းဝင္ေၾကး စသည္တို႔ အက်ံဳးဝင္ၿပီး ရာထူးလုပ္ပိုင္ခြင့္၏ အက်ိဳးခံစားႏိုင္သည့္ လုပ္ရပ္တစ္ရပ္ကို လိုလား ေတာင္းခံေသာ အဖြဲ႔အစည္း/ ပုဂၢိဳလ္၊ မိမိတာဝန္ယူရေသာ အဖြဲ႔အစည္း၊ ႀကီးၾကပ္ကြပ္ကဲရေသာ အဖြဲ႔အစည္းႏွင့္ စီးပြားေရးလုပ္ငန္း လုပ္ကို္င္ေသာ၊ လုပ္ကိုင္ရန္ ႀကိဳးပမ္းေနေသာ အဖြဲ႔အစည္း/ လူပုဂၢိဳလ္၊ မိမိရာထူးတာဝန္အရ လုပ္ေဆာင္ရမည့္ ကိစၥ ရပ္တစ္ခုကို လုပ္ေဆာင္ျခင္းေၾကာင့္ အက်ိဳးခံစားမႈ ရွိသြားမည့္ အဖြဲ႔အစည္း/ လူပုဂၢိဳလ္၊ မိမိရာထူး တာဝန္အရ လုပ္ေဆာင္ရမည့္ ကိစၥရပ္တစ္ခုကို လုပ္ေဆာင္ျခင္းမျပဳသျဖင့္ အက်ိဳးခံစားခြင့္ရွိသြားမည့္ အဖြဲ႔အစည္း/ လူပုဂၢိဳလ္ မ်ား ထံမွ လက္ေဆာင္ပစၥည္းမ်ား လက္ခံျခင္းမျပဳရန္ ပိတ္ပင္တားျမစ္ထားသည္။
ေဇာ္မင္းထြန္း
The Ladies News
အစိုးရဝန်ထမ်းအားလုံး လိုက်နာရမည့် လက်ဆောင်ပစ္စည်း လက်ခံ ရယုူခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး ထုတ်ပြန်
Reviewed by MP4 YoU
on
April 04, 2016
Rating: 5
Reviewed by MP4 YoU
on
April 04, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment