Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 26, 2016

ရက္ေပါင္းမ်ားစြာ မရပ္မနားေစခိုင္းျခင္း ခံရေသာေၾကာင့္ ဆင္တစ္ေကာင္ေသဆံုး


အေရွ႕ေတာင္အာရွရဲ့ ခရီးသြားလုပ္ငန္းအမ်ားစုမွာ “ဆင္စီးျခင္း” ၀န္ေဆာင္မႈပါ၀င္တာကိုေတြ႕ရွိရပါတယ္။ သို႔ေသာ္လည္း ဒီလိုထူးဆန္းတဲ့အေတြ႕အႀကံဳကိုလိုခ်င္တာေၾကာင့္လည္း အသိဥာဏ္ရွိေသာ တိရိစာၦန္မ်ား ဓားစာခံျဖစ္ေနၾကရပါတယ္။ တစ္ခါတစ္ရံမွာ ရူးသြပ္သြားသည္အထိျဖစ္ပြားခဲ့ေသာ အျဖစ္အပ်က္မ်ားလည္းရွိခဲ့ပါတယ္။ ကေမာၻဒီးယားႏိုင္ငံ အန္ေကာ၀ပ္ဘုရားေက်ာင္းမွာ ဆင္တစ္ေကာင္ဟာ ရက္ေပါင္းမ်ားစြာ ဧည့္သည္မ်ားကိုမရပ္မနားပို႔ေဆာင္ရသည့္အျပင္ ရာသီဥတုလည္းလြန္စြာပူျပင္းတာေၾကာင့္ ပန္းဖ်ား ဖ်ားျပီးေသဆံုးသြားခဲ့ရပါတယ္။ ေသဆံုးရာမွာလည္း မ်က္လံုးေတာင္မပိတ္ႏူိင္ဘဲ အေသမေျဖာင့္ျဖစ္ခဲ့ ရပါတယ္။ အန္ေကာ၀ပ္ဘုရားေက်ာင္း၏အာဏာပိုင္ APSARA Authority က ဒီအျဖစ္ေၾကာင့္ ဆင္စီးျခင္းအေလ့အထကို ဖ်က္သိမ္းရန္ စဥ္းစားေနၾကၿပီး တစ္ကမာၻလံုးရွိ လူသားမ်ားအားလံုးပါ၀င္ေစခ်င္သည္ဟုဆိုပါတယ္။



ခရီးသြားဧည့္သည္မ်ားစိတ္ထဲတြင္ရွိေသာ ယဥ္ပါးလွတဲ့ဆင္မ်ားရဲ႕ေနာက္ကြယ္မွာ အားလံုးမသိႏိုင္တဲ့ အသက္ေသြးမ်ားနဲ႔ေပးဆပ္ထားရပါတယ္။ ယခုလိုစကားနားေထာင္ဖို႔အတြက္ ဆင္မ်ားကို တစ္နာရီတစ္ႀကိမ္ ေလ့က်င့္ခ်ိန္တြင္ အဆက္မျပတ္ရိုက္ခံရျခင္း၊ ခၽြန္းႏွင့္ေပါက္ကာခိုင္းေစျခင္း၊ အစာအငတ္ထားၿပီး ဒဏ္ေပးေလ့က်င့္ျခင္း အစရွိသည္တို႔ျပဳလုပ္ကာ ေန႔ညမရွိ အလုပ္လုပ္ရန္လည္း ေလ႔က်င့္ခံထားရတယ္လို႔ သိရပါတယ္။ အေရွ႕ေတာင္အာရွရွိအခ်ိဳ႕ေသာ ဆင္ထိန္းဌာနေတြမွာ သက္သက္သာသာႏွင့္ ေကာင္းေကာင္းမြန္မြန္ထားရွိေသာ ေနရာမ်ားလည္းရွိႏိုင္ပါတယ္။ သို႔ေသာ္လည္း အမ်ားစုကေတာ့ ေကာင္းေကာင္းထားရွိေသာ ဆင္ထိန္းဌာနမ်ားမဟုတ္ၾကပါဘူး။ သူတို႔ ေမာပန္းၿပီး ေအာ္ေနရင္ သို႔မဟုတ္ ဦးေခါင္းႏွင့္ထိခိုက္မိလို႔ေသြးထြက္ေနရင္ေတာင္မွ ခိုင္းေစတာကိုလုပ္ကိုင္ေပးေနရပါတယ္။ သတၱ၀ါေတြထဲမွာ အသိဥာဏ္အရွိဆံုးက လူပါပဲ။သို႔ေသာ္လည္း အရက္စက္ဆံုးသတၱ၀ါမ်ားမွာလည္း လူပါပဲ။ ကိုယ္ခ်င္းစာနာစိတ္ထားႏိုင္မယ္ဆိုရင္ သတၱ၀ါေလးမ်ားလည္းၿငိမ္းခ်မ္းပါလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ZM(China.com)
china.com Myanmar
https://www.facebook.com/china.com.mm

.....................................................


အရှေ့တောင်အာရှရဲ့ ခရီးသွားလုပ်ငန်းအများစုမှာ “ဆင်စီးခြင်း” ၀န်ဆောင်မှုပါ၀င်တာကိုတွေ့ရှိရပါတယ်။ သို့သော်လည်း ဒီလိုထူးဆန်းတဲ့အတွေ့အကြုံကိုလိုချင်တာကြောင့်လည်း အသိဉာဏ်ရှိသော တိရိစ္ဆာန်များ ဓားစာခံဖြစ်နေကြရပါတယ်။ တစ်ခါတစ်ရံမှာ ရူးသွပ်သွားသည်အထိဖြစ်ပွားခဲ့သော အဖြစ်အပျက်များလည်းရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းမှာ ဆင်တစ်ကောင်ဟာ ရက်ပေါင်းများစွာ ဧည့်သည်များကိုမရပ်မနားပို့ဆောင်ရသည့်အပြင် ရာသီဥတုလည်းလွန်စွာပူပြင်းတာကြောင့် ပန်းဖျား ဖျားပြီးသေဆုံးသွားခဲ့ရပါတယ်။ သေဆုံးရာမှာလည်း မျက်လုံးတောင်မပိတ်နိူင်ဘဲ အသေမဖြောင့်ဖြစ်ခဲ့ ရပါတယ်။ အန်ကောဝပ်ဘုရားကျောင်း၏အာဏာပိုင် APSARA Authority က ဒီအဖြစ်ကြောင့် ဆင်စီးခြင်းအလေ့အထကို ဖျက်သိမ်းရန် စဉ်းစားနေကြပြီး တစ်ကမ္ဘာလုံးရှိ လူသားများအားလုံးပါ၀င်စေချင်သည်ဟုဆိုပါတယ်။





ခရီးသွားဧည့်သည်များစိတ်ထဲတွင်ရှိသော ယဉ်ပါးလှတဲ့ဆင်များရဲ့နောက်ကွယ်မှာ အားလုံးမသိနိုင်တဲ့ အသက်သွေးများနဲ့ပေးဆပ်ထားရပါတယ်။ ယခုလိုစကားနားထောင်ဖို့အတွက် ဆင်များကို တစ်နာရီတစ်ကြိမ် လေ့ကျင့်ချိန်တွင် အဆက်မပြတ်ရိုက်ခံရခြင်း၊ ချွန်းနှင့်ပေါက်ကာခိုင်းစေခြင်း၊ အစာအငတ်ထားပြီး ဒဏ်ပေးလေ့ကျင့်ခြင်း အစရှိသည်တို့ပြုလုပ်ကာ နေ့ညမရှိ အလုပ်လုပ်ရန်လည်း လေ့ကျင့်ခံထားရတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှရှိအချို့သော ဆင်ထိန်းဌာနတွေမှာ သက်သက်သာသာနှင့် ကောင်းကောင်းမွန်မွန်ထားရှိသော နေရာများလည်းရှိနိုင်ပါတယ်။ သို့သော်လည်း အများစုကတော့ ကောင်းကောင်းထားရှိသော ဆင်ထိန်းဌာနများမဟုတ်ကြပါဘူး။ သူတို့ မောပန်းပြီး အော်နေရင် သို့မဟုတ် ဦးခေါင်းနှင့်ထိခိုက်မိလို့သွေးထွက်နေရင်တောင်မှ ခိုင်းစေတာကိုလုပ်ကိုင်ပေးနေရပါတယ်။ သတ္တဝါတွေထဲမှာ အသိဉာဏ်အရှိဆုံးက လူပါပဲ။သို့သော်လည်း အရက်စက်ဆုံးသတ္တဝါများမှာလည်း လူပါပဲ။ ကိုယ်ချင်းစာနာစိတ်ထားနိုင်မယ်ဆိုရင် သတ္တဝါလေးများလည်းငြိမ်းချမ်းပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ZM(China.com)
china.com Myanmar
https://www.facebook.com/china.com.mm

No comments:

Post a Comment