Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 26, 2016

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ဓါးေထာက္အႏုၾကမ္းစီးျဖစ္စဥ္မွာ ရဲေတြရဲ႕ ပူးေပါင္းပါ၀င္မႈကို အားမရဘူးလုိ ့ ကာယကံရွင္မိသားစုေျပာ



ရန္ကုန္၊ဧျပီ၊၂၆

ရန္ကုန္တိုင္း ၊ ႀကည့္ျမင္တုိင္ျမိဳ႕နယ္ သီတာရုပ္ရွင္ရံုအနီး ဦးနီလမ္းထဲက အိမ္အမွတ္ (၂၂) မွာ ေနထိုင္တဲ့ မိသားစုတစ္စုကို ဓားေထာက္အႏုၾကမ္းစီးၿပီး ေငြေတာင္းခံခဲ့တဲ့ ျဖစ္စဥ္မွာ ရဲေတြရဲ႕ ပူးေပါင္းပါ၀င္မႈကို ကာယကံရွင္ မိသားစုေတြက အားမရဘူးလို႔ေျပာပါတယ္။

ဧၿပီလ ၂၆ ရက္ေန႔ မနက္ အိမ္ရွင္ျဖစ္သူဦးေရႊျပည္ကမိသားစုနဲ႔အတူ ေရကူးကန္ကေနျပန္အလာ ၁၂ႏွစ္အရြယ္သမီးငယ္ မေရႊျပည္ အိမ္ေပၚတက္သြားခဲ့တယ္။အဲဒီေနာက္မွာ ဆူညံသံၾကားလုိ ့မိခင္ျဖစ္သူက တက္ၾကည့္လုိက္ေတာ့သမီးျဖစ္သူကို ပါးစပ္ပိတ္ႀကိဳးတုတ္ၿပီး လည္ပင္းကိုဓါးေထာက္ကာ ေငြသိန္း၅၀ ေပးဖို႔ေတာင္းဆိုတယ္လို႔ ကာယကံရွင္မိသားစု၀င္ရဲ႕ အိမ္ေထာင္ဦးစီးျဖစ္သူဦးေရႊျပည္ကေျပာပါတယ္။

သူက “ အသက္ ၃၀ အရြယ္ အက်ီၤအနက္ ပုဆိုးအနီ ၀တ္ဆင္ထားတဲ႕လူက ေတာင္းတဲ့ေငြမေပးရင္ သမီးအသက္ကို ရန္ရွာမွာေၾကာင့္ အသက္ကိုရန္မရွာဖို႔ေျပာဆိုျပီး ေငြ ၄၉ သိန္းကိုထုတ္ေပးခဲ့တယ္ “ လို႔ဆိုပါတယ္။

ဦးေရႊျပည္တို႔အိမ္အတြင္း အခုလိုအနၾကမ္းစီးမႈျဖစ္ေနခ်ိန္မွာ ေဘးပတ္၀န္းက်င္မွာေနထိုင္သူမ်ားနဲ႔အကူညီေပးဖို႔ အေႀကာင္းႀကားထားတဲ႔ ရဲမ်ားေရာက္လာျပီးကူညီဖို႔ ႀကိဳးစားေပမဲ့ ကေလးငယ္ရဲ႕လည္ပင္းကို ဓါးနဲ႔ေထာက္ထားၿပီး လိႈင္သာယာဘက္ကို ကားနဲ႔ေမာင္းၿပီးလိုက္ပို႔ခိုင္းခဲ့တယ္လို႔ေျပာပါတယ္။

"ရဲလုပ္ငန္းကို ဘာမွ သိပ္မေတြ႔ရဘူး လုပ္ေတာ႔လုပ္တယ္ အားမရဘူးေပါ႔ က်ေနာ္႔ ကားႀကီးကသည္အတိုင္းထြက္သြားတယ္ သည္ေလာက္ပိတ္က်ပ္ေနတဲ႔ လမ္းႀကီး ကားတစ္စီးတည္းထြက္ေျပးလို႔ရတာမွ မဟုတ္တာ စဥ္းစားႀကည္႔ေလ ကားတစ္စီးထြက္ေျပးဖို႔မလြယ္ဘူး ကားထြက္သြားေတာ႔ က်န္ခဲ႔တဲ႔ ရဲေတြရွိတယ္ သူတို႔က လမ္းေတြပိတ္ဆိုျ့ပီးလုပ္တာမရွိဘူး က်ေတာ္ကေတာ႔ က်ေနာ္သမီးေဇာပဲ သည္ေကာင္ဆင္းေျပးသြားတာကိုပဲ ေက်းဇူးတင္ေနရတယ္ "လို႔ ဦးေရႊျပည္ ကေျပာပါတယ္။

“က်ေနာ္တို႔ ရပ္ကြက္မွာ ေဖာက္ထြင္းခံရတာ ၃အိမ္ရွိျပီ ။ ရဲ က ခုထိမေဖၚနိုင္ေသးဘူး ခိုးမႈဆိုရင္လည္း အိမ္ထဲအထိလာျပီးခိုးတဲ႔အထိရွိတယ္။ မုဒိန္းမႈ တစ္ခုပဲက်န္ေတာ႔တယ္။ ရဲ က ဘာမွ စြမ္းေဆာင္နိုင္မႈမရွိဘူး အားကိုးရွာလို႔တိုင္တာ ရဲေတြက ဘာမွ မေဖၚထုတ္ေပးနိုင္ေသးဘူး “ လို႔ အႏုၾကမ္းစီးခံရတဲ႔ ရပ္ကြက္ ထဲမွာ အႏွစ္၃၀ေက်ာ္ ေနထိုင္သူ ကိုေအာင္ေက်ာ္ထြန္း က ေျပာပါတယ္။

သမီးငယ္ကို ဓားေထာက္ၿပီး လိႈင္သာယာကို ကားေမာင္းခိုိင္းလုိ ့ႀကည္႔ျမင္တုိင္ ျမိဳ႕မ ရဲစခန္းအနီးက လမ္းအတိုင္းေမာင္းႏွင္လာရာ ဟံသာ၀တီ ဘူတာနားမေရာက္ခင္မွာ အႏုၾကမ္းစီးသူက ကားေပၚဆင္းသြားခဲ႔ျပီး အင္းစိန္ဘက္သြားတဲ႔လမ္းကို ထြက္ေျပးသြားခဲ႔တယ္လို႔ ဦးေရႊျပည္ ကေျပာပါတယ္။

အဆိုပါအႏႈၾကမ္းစီးတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႀကည္ျ့မင္တုိင္ျမိဳ႕မရဲစခန္းမွာ (ပ)၂၃၅/၁၆ ပုဒ္မ ၃၉၂ အမႈဖြင္႔ထားၿပီး အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အမႈမွန္ေပၚေပါက္ဖုိ ့တရားခံဖမ္းမိဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ ႀကည္ျ့မင္တိုင္ျမိဳ႔မရဲစခန္းမႈး ခင္ေမာင္ေထြး က ေျပာပါတယ္။


သူက “ စီအိုင္ဒီ ကေနလည္း ေျခေဗြ လက္ေဗြလာေရာက္စစ္ေဆးေပးထားတယ္။အေသးစိတ္ေျပာလို႔မရေသးဘူး သည္အိမ္ကို ျခံစည္းရိုးေက်ာ္၀င္တဲ႔ သေဘာ ရွိတယ္ “ လို႔ ဆိုပါတယ္။

အဆိုပါအၾကမ္းဖက္မႈနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာက ဖမ္းဆီးအေရးယူႏိုင္ျခင္းမရွိေသးတဲ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ယခုလိုျဖစ္ရပ္မ်ဳိးျဖစ္ေပၚခဲ့တဲ့အတြက္ တရားဥပေဒစိုးမိုးေရး ရွိဖို႔အတြက္ ျပည္သူေတြကေမွ်ာ္လင့္ေနၾကပါတယ္။

Author/စရာဇာေအာင္
Photo/စစ္ထက္ေအာင္
Kumudra
https://www.facebook.com/newsKumudra/

..................................




ရန်ကုန်၊ဧပြီ၊၂၆

ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ် သီတာရုပ်ရှင်ရုံအနီး ဦးနီလမ်းထဲက အိမ်အမှတ် (၂၂) မှာ နေထိုင်တဲ့ မိသားစုတစ်စုကို ဓားထောက်အနုကြမ်းစီးပြီး ငွေတောင်းခံခဲ့တဲ့ ဖြစ်စဉ်မှာ ရဲတွေရဲ့ ပူးပေါင်းပါ၀င်မှုကို ကာယကံရှင် မိသားစုတွေက အားမရဘူးလို့ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ မနက် အိမ်ရှင်ဖြစ်သူဦးရွှေပြည်ကမိသားစုနဲ့အတူ ရေကူးကန်ကနေပြန်အလာ ၁၂နှစ်အရွယ်သမီးငယ် မရွှေပြည် အိမ်ပေါ်တက်သွားခဲ့တယ်။အဲဒီနောက်မှာ ဆူညံသံကြားလို ့မိခင်ဖြစ်သူက တက်ကြည့်လိုက်တော့သမီးဖြစ်သူကို ပါးစပ်ပိတ်ကြိုးတုတ်ပြီး လည်ပင်းကိုဓါးထောက်ကာ ငွေသိန်း၅၀ ပေးဖို့တောင်းဆိုတယ်လို့ ကာယကံရှင်မိသားစုဝင်ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူဦးရွှေပြည်ကပြောပါတယ်။

သူက “ အသက် ၃၀ အရွယ် အကျီင်္အနက် ပုဆိုးအနီ ၀တ်ဆင်ထားတဲ့လူက တောင်းတဲ့ငွေမပေးရင် သမီးအသက်ကို ရန်ရှာမှာကြောင့် အသက်ကိုရန်မရှာဖို့ပြောဆိုပြီး ငွေ ၄၉ သိန်းကိုထုတ်ပေးခဲ့တယ် “ လို့ဆိုပါတယ်။

ဦးရွှေပြည်တို့အိမ်အတွင်း အခုလိုအနကြမ်းစီးမှုဖြစ်နေချိန်မှာ ဘေးပတ်ဝန်းကျင်မှာနေထိုင်သူများနဲ့အကူညီပေးဖို့ အကြောင်းကြားထားတဲ့ ရဲများရောက်လာပြီးကူညီဖို့ ကြိုးစားပေမဲ့ ကလေးငယ်ရဲ့လည်ပင်းကို ဓါးနဲ့ထောက်ထားပြီး လှိုင်သာယာဘက်ကို ကားနဲ့မောင်းပြီးလိုက်ပို့ခိုင်းခဲ့တယ်လို့ပြောပါတယ်။

"ရဲလုပ်ငန်းကို ဘာမှ သိပ်မတွေ့ရဘူး လုပ်တော့လုပ်တယ် အားမရဘူးပေါ့ ကျနော့် ကားကြီးကသည်အတိုင်းထွက်သွားတယ် သည်လောက်ပိတ်ကျပ်နေတဲ့ လမ်းကြီး ကားတစ်စီးတည်းထွက်ပြေးလို့ရတာမှ မဟုတ်တာ စဉ်းစားကြည့်လေ ကားတစ်စီးထွက်ပြေးဖို့မလွယ်ဘူး ကားထွက်သွားတော့ ကျန်ခဲ့တဲ့ ရဲတွေရှိတယ် သူတို့က လမ်းတွေပိတ်ဆိုြ့ပီးလုပ်တာမရှိဘူး ကျတော်ကတော့ ကျနော်သမီးဇောပဲ သည်ကောင်ဆင်းပြေးသွားတာကိုပဲ ကျေးဇူးတင်နေရတယ် "လို့ ဦးရွှေပြည် ကပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်မှာ ဖောက်ထွင်းခံရတာ ၃အိမ်ရှိပြီ ။ ရဲ က ခုထိမဖေါ်နိုင်သေးဘူး ခိုးမှုဆိုရင်လည်း အိမ်ထဲအထိလာပြီးခိုးတဲ့အထိရှိတယ်။ မုဒိန်းမှု တစ်ခုပဲကျန်တော့တယ်။ ရဲ က ဘာမှ စွမ်းဆောင်နိုင်မှုမရှိဘူး အားကိုးရှာလို့တိုင်တာ ရဲတွေက ဘာမှ မဖေါ်ထုတ်ပေးနိုင်သေးဘူး “ လို့ အနုကြမ်းစီးခံရတဲ့ ရပ်ကွက် ထဲမှာ အနှစ်၃၀ကျော် နေထိုင်သူ ကိုအောင်ကျော်ထွန်း က ပြောပါတယ်။

သမီးငယ်ကို ဓားထောက်ပြီး လှိုင်သာယာကို ကားမောင်းခိိုင်းလို ့ကြည့်မြင်တိုင် မြို့မ ရဲစခန်းအနီးက လမ်းအတိုင်းမောင်းနှင်လာရာ ဟံသာဝတီ ဘူတာနားမရောက်ခင်မှာ အနုကြမ်းစီးသူက ကားပေါ်ဆင်းသွားခဲ့ပြီး အင်းစိန်ဘက်သွားတဲ့လမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ ဦးရွှေပြည် ကပြောပါတယ်။

အဆိုပါအနှုကြမ်းစီးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည်ြ့မင်တိုင်မြို့မရဲစခန်းမှာ (ပ)၂၃၅/၁၆ ပုဒ်မ ၃၉၂ အမှုဖွင့်ထားပြီး အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို ့တရားခံဖမ်းမိဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကြည်ြ့မင်တိုင်မြို့မရဲစခန်းမှုး ခင်မောင်ထွေး က ပြောပါတယ်။



သူက “ စီအိုင်ဒီ ကနေလည်း ခြေဗွေ လက်ဗွေလာရောက်စစ်ဆေးပေးထားတယ်။အသေးစိတ်ပြောလို့မရသေးဘူး သည်အိမ်ကို ခြံစည်းရိုးကျော်ဝင်တဲ့ သဘော ရှိတယ် “ လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးတဲ့အပြင် ရန်ကုန်မြို့မှာ ယခုလိုဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေး ရှိဖို့အတွက် ပြည်သူတွေကမျှော်လင့်နေကြပါတယ်။

Author/စရာဇာအောင်
Photo/စစ်ထက်အောင်
Kumudra
https://www.facebook.com/newsKumudra/

No comments:

Post a Comment