Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

ေက်ာင္းသားေခါင္းေဆာင္မ်ား အမႈထပ္တုိးျပန္ၿပီ


ရန္ကုန္ ဧၿပီ ၁

အစုိးရသစ္ တာဝန္စတင္ထမ္းေဆာင္သည့္ေန႔တြင္ ဗ.က.သ ေက်ာင္းသား ေခါင္းေဆာင္ေလးဦးကို ၂ဝ၁၅ ခု မတ္ ၂၇ ရက္က ျပဳလုပ္သည့္ဆႏၵျပမႈျဖင့္ တရားစြဲဆို႐ံုးထုတ္ခဲ့သည္။

အမႈထပ္မံဖြင့္ဆိုခံရသူ ကုိနႏၵာစစ္ေအာင္က ''ကြၽန္ေတာ့္မွာ ႐ံုးခ်ိန္းထြက္ ရင္ ဘယ္အမႈအတြက္ထြက္တာလဲ၊ တရား႐ံုးတစ္႐ံုးထဲမွာေတာင္ စစ္မယ္လုိ႔ ေခၚရင္ ဘယ္အမႈအတြက္စစ္မွာလဲ မသိေတာ့ေလာက္ေအာင္ကို အမႈေတြ က မ်ားျပားလြန္းတယ္'' ဟုဆိုသည္။

ဗ.က.သေက်ာင္းသားေခါင္းေဆာင္ျဖစ္သူ ၄င္းသည္ လက္ရွိအခ်ိန္ တြင္ အမႈေပါင္း ၈ဝ ေက်ာ္ျဖင့္ တရားစြဲခံထားရသူျဖစ္သည္။ အမႈအမ်ားစု မွာ ပုဒ္မ(၁၈)ႏွင့္ ၅ဝ၅(ခ)တို႔ ျဖစ္ၾကသည္။ ယခင္အမႈေဟာင္းကို တရားစြဲဆို ျခင္းျဖစ္ေသာေၾကာင့္ အစုိးရသစ္၏ လုပ္ေဆာင္မႈမဟုတ္ေသာ္လည္း တာဝန္ စတင္သည့္ေန႔တြင္ ဦးဦးဖ်ားဖ်ားတရားစြဲခံရျခင္းေၾကာင့္ အံ့ၾသမိသည္ဟု ဆိုသည္။

တရားစြဲဆိုထားသည့္ အေၾကာင္းကို ပန္းဘဲတန္းတရား႐ံုးသို႔ ဧၿပီ ၁ ရက္ က ႐ံုးခ်ိန္းထြက္လာေသာ ဗ.က.သ ေက်ာင္းသား၊ ဗ.က.သ မ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ကိုေက်ာ္ကိုကိုထံသို႔ ပန္းဘဲတန္းရဲစခန္းမွ တာဝန္ရွိသူေရာက္ရွိလာၿပီး ၂ဝ၁၅ ခုႏွစ္ မတ္ ၂၇ ရက္ သိမ္ႀကီးေစ်းလႈပ္ရွားမႈႏွင့္စပ္လ်ဥ္းၿပီး ပုဒ္မ(၁၈)ျဖင့္ ဗကသေလးဦးအား တရားစြဲဆို ထားေၾကာင္း လာေရာက္အေၾကာင္းၾကား၍ စစ္ခ်က္လာယူေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ (ဗဟိုလုပ္ငန္းေကာ္မတီ)ဥကၠ႒ ကိုေက်ာ္ကိုကိုက ေျပာၾကားသည္။

တရားစြဲဆိုခံရေသာ ဗကသ ေလးဦးမွာ ကုိေက်ာ္ကိုကို၊ ကိုရွိန္းရာဇာထြန္း၊ ကိုနႏၵာစစ္ေအာင္၊ ကုိေအာင္ထက္ေအာင္တို႔ျဖစ္သည္။ အစုိးရသစ္ စတင္တာဝန္ထမ္းေဆာင္ေသာ ဧၿပီ ၁ ရက္တြင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ျပန္လည္လြတ္ေျမာက္ႏိုင္သည္ဟု ေမွ်ာ္လင့္မႈမ်ားလည္းရွိခဲ့ၾကသည္။

ဆိုင္ယန္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

.........................................................................


ရန်ကုန် ဧပြီ ၁

အစိုးရသစ် တာဝန်စတင်ထမ်းဆောင်သည့်နေ့တွင် ဗ.က.သ ကျောင်းသား ခေါင်းဆောင်လေးဦးကို ၂ဝ၁၅ ခု မတ် ၂၇ ရက်က ပြုလုပ်သည့်ဆန္ဒပြမှုဖြင့် တရားစွဲဆိုရုံးထုတ်ခဲ့သည်။

အမှုထပ်မံဖွင့်ဆိုခံရသူ ကိုနန္ဒာစစ်အောင်က ''ကျွန်တော့်မှာ ရုံးချိန်းထွက် ရင် ဘယ်အမှုအတွက်ထွက်တာလဲ၊ တရားရုံးတစ်ရုံးထဲမှာတောင် စစ်မယ်လို့ ခေါ်ရင် ဘယ်အမှုအတွက်စစ်မှာလဲ မသိတော့လောက်အောင်ကို အမှုတွေ က များပြားလွန်းတယ်'' ဟုဆိုသည်။

ဗ.က.သကျောင်းသားခေါင်းဆောင်ဖြစ်သူ ၄င်းသည် လက်ရှိအချိန် တွင် အမှုပေါင်း ၈ဝ ကျော်ဖြင့် တရားစွဲခံထားရသူဖြစ်သည်။ အမှုအများစု မှာ ပုဒ်မ(၁၈)နှင့် ၅ဝ၅(ခ)တို့ ဖြစ်ကြသည်။ ယခင်အမှုဟောင်းကို တရားစွဲဆို ခြင်းဖြစ်သောကြောင့် အစိုးရသစ်၏ လုပ်ဆောင်မှုမဟုတ်သော်လည်း တာဝန် စတင်သည့်နေ့တွင် ဦးဦးဖျားဖျားတရားစွဲခံရခြင်းကြောင့် အံ့သြမိသည်ဟု ဆိုသည်။

တရားစွဲဆိုထားသည့် အကြောင်းကို ပန်းဘဲတန်းတရားရုံးသို့ ဧပြီ ၁ ရက် က ရုံးချိန်းထွက်လာသော ဗ.က.သ ကျောင်းသား၊ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုထံသို့ ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူရောက်ရှိလာပြီး ၂ဝ၁၅ ခုနှစ် မတ် ၂၇ ရက် သိမ်ကြီးစျေးလှုပ်ရှားမှုနှင့်စပ်လျဉ်းပြီး ပုဒ်မ(၁၈)ဖြင့် ဗကသလေးဦးအား တရားစွဲဆို ထားကြောင်း လာရောက်အကြောင်းကြား၍ စစ်ချက်လာယူကြောင်း ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

တရားစွဲဆိုခံရသော ဗကသ လေးဦးမှာ ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုအောင်ထက်အောင်တို့ဖြစ်သည်။ အစိုးရသစ် စတင်တာဝန်ထမ်းဆောင်သော ဧပြီ ၁ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်နိုင်သည်ဟု မျှော်လင့်မှုများလည်းရှိခဲ့ကြသည်။

ဆိုင်ယန်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment