Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

ဇလံုေတာင္ သို႕ အလည္တစ္ေခါက္















စစ္ကိုင္းတိုင္း၊ ကသာခ႐ိုင္၊ ဗန္းေမာက္ၿမိဳ႕နယ္႐ွိ ဇလံုေတာင္ေစတီ။
ဗန္းေမာက္ၿမိဳ႕နဲ႔ ၁၂မိုင္အကြာတြင္တည္ရွိပါတယ္။ ေတာင္တက္လမ္းက အရမ္းမတ္ေစာက္ျပီး ကုန္ဆင္းကုန္းတက္အရမ္းမ်ားပါတယ္ ကားေသးေတြနဲ႕တက္လို႕မရပါဘူး မေတာ္တဆလန္က်နိုင္ပါတယ္။ ေတာင္ေပၚတက္တဲ့ ကားေတြငွားျပီးတက္လို႕ရပါတယ္။ ကြ်န္ေတာ္တို႕သြားခဲ့တာလူမ်ားေတာ့ တစ္စီးငွားခ့ဲတယ္ ကားခအျပတ္ အသြားအျပန္ကို ၈ေသာင္းခြဲ ေပးရပါတယ္။ အဲ့ဘက္ကေဒသခံတခ်ိုဳ႕က ဆိုင္ကယ္ေတြ နဲ႕ တက္ၾကတယ္။ တခ်ိဳ႕ကလဲ လမ္းေလွ်ာက္တက္ၾကတယ္ လူလမ္းသပ္သပ္လဲရွိတယ္။ ကြၽန္ေတာ့္အေနနဲ႔ ကားနဲ႔တက္တာေတာင္ ေတာ္ရံုကြၽမ္းက်င္ရံုနဲ႔မရေတာ့ ဆိုင္ကယ္နဲ႕တက္တာကေတာ့ အႏၱရာယ္မ်ားတယ္လို႔႔ျမင္ပါတယ္။ လမ္းမွာ ဆိုင္ကယ္၊ကား ေရေဆးၿပီးတစ္ေထာက္နားလို႔ရတဲ့ အေအးဆိုင္ ႐ွမ္းေခါက္ဆြဲဆိုင္အခ်ိဳ႕
ေနရာ၂ေနရာေတြ႔ခဲ့တယ္။ ဇလံုေတာင္အေပၚမေရာက္ခင္မွာ ေက်ာက္မ႑ပ္ဆိုတဲ့ေစတီကို သြားတဲ့လမ္းခြဲ႐ွိပါတယ္။ ေက်ာက္မ႑ပ္ကလဲတက္ရတာမတ္ေစာက္ေတာ့ တဝက္ကလမ္းေလွ်ာက္တက္ရပါတယ္။ အဲ့မွာ ေက်ာက္ေၾကးစည္၊ ေက်ာက္ဆန္အိတ္၊ ေက်ာက္က်ည္ေပြ႔၊ စသျဖင့္ သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ေက်ာက္တံုးေတြနဲ႔ ေစတီအခ်ိဳ႕႐ွိတယ္။ ေက်ာက္မ႑ပ္တက္ေတ့ာ ဖုန္းကကားထဲက်န္ခဲ့လို႔ ပံုေတြမရုိက္ခဲ့လိုက္ရဘူး။ အဆင္းမွာလမ္းကေခ်ာေတာ့ ဂဏန္းသြားသြားၿပီးေျခကန္႔လန္႔ေဘးတိုက္ဆင္းရတယ္။ ဇလံုေတာင္က မတ္ေစာက္တဲ့အျပင္ပတ္လမ္းကလဲ႐ွည္တယ္။ အေပၚေရာက္ေတာ့ ယာဥ္ရပ္နားစခန္းမွာ ေတာင္တက္ကားေတြကရပ္ထားၾကတယ္... ကြၽန္ေတာ္တို႔ကေတာ့ ေစတီေပၚတက္ရတဲ့ေတာင္အေျခနားထိကားနဲ႔တက္ခဲ့ၾကတယ္။ အရင္တုန္းက ကားနဲ႔အခုလိုအေပၚထိတက္လို႔မရဘူး။ လမ္းကလဲအရင္ကပိုဆိုးတယ္။ ေစတီေပၚတက္တဲ့ဆီမွာလဲအခုလိုလက္ရန္းေတြမ႐ွိဘူးလုိ႔ ေဒသခံတခ်ိဳ႕ကေျပာၾကတယ္။ ကားေပၚကဆင္းၿပီး ေသခ်ာျမင္လိုက္ရတဲ့အခါ ပံုထဲမွာပဲျမင္ဖူးတဲ့ ဇလံုေတာင္ႀကီးကို အျပင္မွာျမင္လိုက္ရေတာ့ ခ်က္ခ်င္းကိုပဲ စိတ္ထဲမွာ ဘာနဲ႔မွမတူတဲ့ အ့ံၾသဝမ္းသာပီတိျဖစ္သြားမိတယ္။ ကြၽန္ေတာ္တို႔ေတြ ေစတီေပၚတက္ေတာ့လဲလက္ရန္းကိုေသခ်ာကိုင္ၿပီးတက္ခဲ့ရတယ္ ေအာက္လဲ့ငံု႔မၾကည့္ရဲသလို အေပၚလဲေမာ့မၾကည့္ရဲ။ ပံုမွာျမင္ရသလို ေလွခါးထစ္အတိုင္းတက္ရတာ ေတာင္၂လံုးၾကားတစ္ေနရာက ေအာက္ကေနေရရင္ ၇ထစ္႐ွိတယ္ ထိပ္ဆံုးအထစ္ကဆို၇လက္မသာသာေလာက္ပဲ႐ွိမယ္ထင္တယ္ အုတ္တခ်ပ္စာထက္နည္းနည္းႀကီးတယ္ဆုိရံုပဲ လမ္းကအရမ္းက်ဥ္းလြန္းေတာ့ အဲ့နားမွာ လူတိုင္းေလးဘက္ေထာက္ၿပီးတက္ရတယ္ ဆင္းေတာ့လဲအဲ့ေနရာမွာ ဖင္တရြတ္တိုက္ၿပီးေသခ်ာဆင္းရတယ္။ အဲ့ေနရာေလး တက္ရဆင္းရတာ ေတာ့ အသည္းယားတယ္။ (ပြင့္တို့ ၾကဴၾကဴသင္းတို႔ဆုိ အဲ့ေနရာက တက္လို႔မရေလာက္ဖူးထင္တယ္ 😁😁) အေပၚေရာက္ေတာ့ ဆုေတာင္းျပည့္ေစတီ အဓိ႒ာန္ေအာင္ေစတီေတြကိုလဲ တဝႀကီးဖူးခဲ့တယ္ ။ ႐ႈခင္းေတြလဲလွသလို ေလတျဖဴးျဖဴးနဲ႔ အေမာလဲေျပတယ္။ ေရာက္ရခဲမွွ်မို႔ မေရာက္ဖူးသူမ်ားလဲ ၾကံဳႀကိဳက္တဲ့အခါ ဖူးျဖစ္ေအာင္သြားဖူးၾကပါလို႕။

MeMe Zaw

............................................


ဇလုံတောင် သို့ အလည်တစ်ခေါက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်စေတီ။
ဗန်းမောက်မြို့နဲ့ ၁၂မိုင်အကွာတွင်တည်ရှိပါတယ်။ တောင်တက်လမ်းက အရမ်းမတ်စောက်ပြီး ကုန်ဆင်းကုန်းတက်အရမ်းများပါတယ် ကားသေးတွေနဲ့တက်လို့မရပါဘူး မတော်တဆလန်ကျနိုင်ပါတယ်။ တောင်ပေါ်တက်တဲ့ ကားတွေငှားပြီးတက်လို့ရပါတယ်။ ကျွန်တော်တို့သွားခဲ့တာလူများတော့ တစ်စီးငှားခဲ့တယ် ကားခအပြတ် အသွားအပြန်ကို ၈သောင်းခွဲ ပေးရပါတယ်။ အဲ့ဘက်ကဒေသခံတချိုု့က ဆိုင်ကယ်တွေ နဲ့ တက်ကြတယ်။ တချို့ကလဲ လမ်းလျှောက်တက်ကြတယ် လူလမ်းသပ်သပ်လဲရှိတယ်။ ကျွန်တော့်အနေနဲ့ ကားနဲ့တက်တာတောင် တော်ရုံကျွမ်းကျင်ရုံနဲ့မရတော့ ဆိုင်ကယ်နဲ့တက်တာကတော့ အန္တရာယ်များတယ်လို့့မြင်ပါတယ်။ လမ်းမှာ ဆိုင်ကယ်၊ကား ရေဆေးပြီးတစ်ထောက်နားလို့ရတဲ့ အအေးဆိုင် ရှမ်းခေါက်ဆွဲဆိုင်အချို့
နေရာ၂နေရာတွေ့ခဲ့တယ်။ ဇလုံတောင်အပေါ်မရောက်ခင်မှာ ကျောက်မဏ္ဍပ်ဆိုတဲ့စေတီကို သွားတဲ့လမ်းခွဲရှိပါတယ်။ ကျောက်မဏ္ဍပ်ကလဲတက်ရတာမတ်စောက်တော့ တဝက်ကလမ်းလျှောက်တက်ရပါတယ်။ အဲ့မှာ ကျောက်ကြေးစည်၊ ကျောက်ဆန်အိတ်၊ ကျောက်ကျည်ပွေ့၊ စသဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကျောက်တုံးတွေနဲ့ စေတီအချို့ရှိတယ်။ ကျောက်မဏ္ဍပ်တက်တေ့ာ ဖုန်းကကားထဲကျန်ခဲ့လို့ ပုံတွေမရိုက်ခဲ့လိုက်ရဘူး။ အဆင်းမှာလမ်းကချောတော့ ဂဏန်းသွားသွားပြီးခြေကန့်လန့်ဘေးတိုက်ဆင်းရတယ်။ ဇလုံတောင်က မတ်စောက်တဲ့အပြင်ပတ်လမ်းကလဲရှည်တယ်။ အပေါ်ရောက်တော့ ယာဉ်ရပ်နားစခန်းမှာ တောင်တက်ကားတွေကရပ်ထားကြတယ်... ကျွန်တော်တို့ကတော့ စေတီပေါ်တက်ရတဲ့တောင်အခြေနားထိကားနဲ့တက်ခဲ့ကြတယ်။ အရင်တုန်းက ကားနဲ့အခုလိုအပေါ်ထိတက်လို့မရဘူး။ လမ်းကလဲအရင်ကပိုဆိုးတယ်။ စေတီပေါ်တက်တဲ့ဆီမှာလဲအခုလိုလက်ရန်းတွေမရှိဘူးလို့ ဒေသခံတချို့ကပြောကြတယ်။ ကားပေါ်ကဆင်းပြီး သေချာမြင်လိုက်ရတဲ့အခါ ပုံထဲမှာပဲမြင်ဖူးတဲ့ ဇလုံတောင်ကြီးကို အပြင်မှာမြင်လိုက်ရတော့ ချက်ချင်းကိုပဲ စိတ်ထဲမှာ ဘာနဲ့မှမတူတဲ့ အ့ံသြဝမ်းသာပီတိဖြစ်သွားမိတယ်။ ကျွန်တော်တို့တွေ စေတီပေါ်တက်တော့လဲလက်ရန်းကိုသေချာကိုင်ပြီးတက်ခဲ့ရတယ် အောက်လဲ့ငုံ့မကြည့်ရဲသလို အပေါ်လဲမော့မကြည့်ရဲ။ ပုံမှာမြင်ရသလို လှေခါးထစ်အတိုင်းတက်ရတာ တောင်၂လုံးကြားတစ်နေရာက အောက်ကနေရေရင် ရထစ်ရှိတယ် ထိပ်ဆုံးအထစ်ကဆိုရလက်မသာသာလောက်ပဲရှိမယ်ထင်တယ် အုတ်တချပ်စာထက်နည်းနည်းကြီးတယ်ဆိုရုံပဲ လမ်းကအရမ်းကျဉ်းလွန်းတော့ အဲ့နားမှာ လူတိုင်းလေးဘက်ထောက်ပြီးတက်ရတယ် ဆင်းတော့လဲအဲ့နေရာမှာ ဖင်တရွတ်တိုက်ပြီးသေချာဆင်းရတယ်။ အဲ့နေရာလေး တက်ရဆင်းရတာ တော့ အသည်းယားတယ်။ (ပွင့်တို့ ကြူကြူသင်းတို့ဆို အဲ့နေရာက တက်လို့မရလောက်ဖူးထင်တယ် 😁😁) အပေါ်ရောက်တော့ ဆုတောင်းပြည့်စေတီ အဓိဋ္ဌာန်အောင်စေတီတွေကိုလဲ တဝကြီးဖူးခဲ့တယ် ။ ရှုခင်းတွေလဲလှသလို လေတဖြူးဖြူးနဲ့ အမောလဲပြေတယ်။ ရောက်ရခဲမျှှမို့ မရောက်ဖူးသူများလဲ ကြုံကြိုက်တဲ့အခါ ဖူးဖြစ်အောင်သွားဖူးကြပါလို့။

MeMe Zaw

No comments:

Post a Comment