Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 23, 2016

ရှားစောင်းလက်ပတ်အသုံးဝင်ပုံ

 ၁။ ရှားစောင်းလက်ပတ်ကို ၂ လက်မ အရွယ်ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ ၊
၅ ပြားလောက် စားပါ ၊သွေးဝမ်းသွားခြင်းကို
ပျောက်ကင်းစေနိုင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ ။

၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကို
နေ့စဉ် ၅ ပြားလောက်စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်း စေနိုင်ပါတယ်၊ ရှားစောင်းလက်ပတ်
အနှစ်ကို စအို ထဲထည့် ပေးနိုင်လျှင်
ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံ မှ အပူများကိုစုတ်ယူနိုင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်းရောဂါ ပျောက်ကင်းနိုင်ပါတယ် ၊ရောဂါ ပြင်းနေရင်တော့ အချိန်ယူ
သုံးစွဲ ရမှာပဲ ဖြစ်ပါတယ် ။

၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်
ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်
နေ့စဉ် စားပေးပါက သွေးဆုံးကိုင်ချိန်တွင်
ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။

၎။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ်ကို
သကြားဖြင့် ဖျော် သောက်ပါက အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၅။ ရှားစောင်းလက်ပတ်အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိုင်ပါတယ်၊ ဆီပူ ၊မီးပူ ၊အိတ်ဇောအပူ လောင်ခြင်းများ အတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ ။
အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိုင်ပါတယ်၊အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို
စုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ ။

၆။ ဘောက်ပျောက် ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင် အကွက်လိုက်ကျွတ် သောသူများ အတွက် ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ဆံပင် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ် ပေးပါတယ် ။

၇။ ရှားစောင်းလက်ပတ်အနှစ်ကို နံနက်
ည မျက်နှာ သစ်ပြီးတိုင်းလူးပေးရင်တော့
တင်းတိတ် ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာ
မလိုပဲ အရေးအကြောင်း မရှိ မျက်နှာလေးတင်းနေပါလိမ့်မယ် ၊လှချင်ရင်
တစ်သက်လုံး လိမ်းပေတော့ ။

Credit//

ရတနာငယ်(မြန်မာစာ) လွိုင်ကော်
( ၇ )ရက်သားသမီးအားလုံး
ကျန်းမာ သုခ ပြည့်စုံနိုင်ကြပါစေ။





No comments:

Post a Comment