Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 16, 2016

ဘယ်သူကမှငါ့ကိုဂရုမစိုက်ဘူးလို့ထင်ပြီး အထီးကျန်နေရင်ဒီ(၇)ချက်ကိုလုပ်ကြည့်ပါ။




လူတိုင်း “ငါ့ကို ဂရုစိုက်တဲ့သူ ဒီလောကကြီးထဲမှာ မရှိပါဘူး”ဆိုပြီးတော့ အထီးကျန်တဲ့ ခံစားမှုမျိုး ခံစားဖူးမယ်ထင်
ပါတယ်။ အဲ့ဒိအချိန်မျိုးဆို ဘာမှမလုပ်ချင်ပဲအိပ်ရာထဲမှာလှဲနေတတ်ပါတယ်။ သို့မဟုတ် အိမ်ထဲမှာပဲ ခွေနေတတ်ပါ
တယ်။ ဒီလိုမျိုးဖြစ်ရင်အောက်ပါအရာ(၁၀)မျိုးကိုလုပ်ကြည့်ပါ။

(၁) သင်ဘာဖြစ်နေတယ်ဆိုတာကို တစ်စုံတစ်ယောက်ကိုဖွင့်ပြောလိုက်ပါ။

သင့်ကိုသူနားလည်တာ၊နားမလည်တာ အရေးမကြီးဘူး။ သင့်ရင်ထဲကနေပေါ့သွားဖို့လိုတယ်။ ရင်ထဲမှာပဲသိမ်းထားရင်
သက်သာမှာမဟုတ်ပါဘူး။ သင့်ပြဿနာကို မသိပဲ ဘယ်သူကမှ အကြံပေးလို့မရပါဘူး။

(၂) သင့်ရဲ့စိတ်ဟာ အနှုတ်လက္ခဏာဆောင်နေတယ်ဆိုတာကို သတိရပါ။

သင်သိထားဖို့က အဲ့ဒိလိုအချိန်မျိုး ခလုတ်တိုက်ရင်တောင် ဝမ်းနည်းမိပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့သင့်ရဲ့စိတ်ဟာ
ဝမ်းနည်းတဲ့ဘက်၊ မကောင်းမြင်တဲ့ဘက်ကိုရောက်နေလို့ပါ။ ကောင်းတဲ့အရာတွေကိုသင့်ဦးနှောက်က ခါးခါးသီးသီးငြင်း
ထုတ်နေပါလိမ့်မယ်။

(၃) အိပ်ရာထဲခွေမနေနဲ့တော့။

အိပ်ရာထဲခွေနေခြင်းက ဘာမှထူးခြားလာမှာမဟုတ်တဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းတွေကိုစွမ်းအားမြှင့်တင်
ပေးပါတယ်။ အကြောင်းမရှိလည်းရအောင် အကြောင်းရှာပြီး အပြင်ထွက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။

(၄) စိတ်ဓာတ်တက်ကြွမယ့် သီချင်းအားလုံးနားထောင်ပါ။

Rock, Hip Hop, Popဘာပဲဖြစ်ဖြစ် ခပ်ကြမ်းကြမ်းတွေ နားထောင်ပစ်လိုက်ပါ။ တကယ်ကို သက်သာစေရမယ်ဗျာ။

(၅) မိမိကိုယ်ကို အလုပ်ပေးပါ။

လူတွေဟာ ပျင်းရိလေလေ၊ဘာမှလုပ်စရာမရှိလေလေတွေးစရာတွေရပြီး စိတ်ဓာတ်ကျလေလေပါပဲ။ အခုပဲထပြီး အိမ်
သန့်ရှင်းရေးလုပ်၊ အဝတ်လျော်၊ စာဖတ်၊ရုပ်ရှင်ကြည့်။ တစ်ခုခုလုပ်ပါ။

(၆) ခွေးသို့မဟုတ်ကြောင်တစ်ကောင်မွေးပါ။

တိရစ္ဆာန်တွေဟာလည်း လူတွေအတွက်အဖော်ပါပဲ။သူတို့ကလည်း တကယ့် တကယ် တစ်ယောက်တည်းရှိချိန်မှာဆို
အရမ်းကို အဖော်ရပါတယ်။

(၇) နောက်ဆုံးအရေးကြီးဆုံးအချက်ပြောမယ်။အဲ့ဒိလိုဖြစ်နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

လောကကြီးမှာ ဒီလိုမျိုး အထီးကျန်ဖြစ်နေတဲ့ သူတွေအများကြီးပါပဲ။ ဒါဟာ ရှက်စရာလည်း မဟုတ်ပါဘူး။လူသားတွေ
မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါပဲ။ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာပဲ သိဖို့လိုပါတယ်။

Ref: lovepanky
By Shwemom
http://www.shwemom.com/what-to-do-when-you-think-nobody-cares-about-you/

.......................................

Scarlett Johanssonနဲ့တူတဲ့စက်ရုပ်တစ်ရုပ်ဖန်တီးထားတဲ့သူ

Hong Kongက Graphic Designer တစ်ယောက်ဖြစ်တဲ့ Ricky Ma ဟာ ဟောလိဝုဒ်မင်းသမီးချော Scarlett
Johansson နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုတီထွင်ခဲ့ပါတယ်။ ထိုစက်ရုပ်ဟာ သူမကိုလှတယ်လို့ပြောရင် မျက်လုံးမှတ်
ပြပြီး ရယ်လည်းရယ်တတ်တယ်လို့ဆိုပါတယ်။

Ricky ဟာ အခြားကလေးများစွာလိုပဲ ငယ်စဉ်ကတည်းက ကာတွန်းကားတွေကြည့်၊ စက်ရုပ်ရုပ်ရှင်တွေကြည့်ပြီး
စက်ရုပ်နဲ့ပက်သက်တာကို ရူးသွပ်ခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာ ကိုယ်တိုင်တီထွင်နုုိင်ရမယ်လိုု့လည်း ငယ်ငယ်တည်း
က စိတ်ကူးရှိခဲ့ပါတယ်။

သူဟာ ဒီစက်ရုပ်အတွက် ၁နှစ်ခွဲအချိန်ပေးခဲ့ရပြိး 50,000 $ကျော်ကုန်ကျခံခဲ့ပါတယ်။ သူကတော့ ဒီစက်ရုပ်ဟာ
ဟောလိဝုုဒ်မော်ဒယ်လ်တစ်ယောက်ကို မှီငြမ်းပြီးတီထွင်ခဲ့တာလို့ပြောခဲ့ပေမယ့် ဘယ်သူလို့ထုတ်မပြောခဲ့ပါဘူး။
ဒါပေမယ့် သူတီထွင်ထားတဲ့ စက်ရု့ုပ်နဲ့တူတာလည်း တစ်ယောက်ပဲရှိပါတယ်။ အဲ့ဒါကတော့ Scarlettt
Johansson ပါ။ ထိုစက်ရုုပ်ဟာ စကားလည်းပြန်ပြောနုုိင်ပါတယ်။ ထိုု့အပြင်မျက်နှာအမူအရာပေါင်းစုံလည်း
လုပ်တတ်ပါတယ်။ စက််ရုပ်ကိုတော့ Mark 1လို့နာမည်ပေးထားပါတယ်။

“Mark 1, နင်အရမ်းလှနေပါလား”လို့ပြောလိုက်တ့အခါမှာတော့ စက်ရုပ်ဟာပြုံးပြိး “ဟိဟိ ကျေးဇူးပါ” ဆိုပြီးပြန်ပြော
ပါတယ်။ Rickyဟာ ဒီစက်ရုပ်ရဖိုု့ တော်တော်လည်းကြိုးစားခဲ့တာဖြစ်ပါတယ်။
စက်ရုပ်တွေနဲ့Artificial Intelligenceတွေဟာ စျေးကွက်ထဲမှာ အများအပြားဝင်ရောက်လာပြီးနောက်ထပ်၅နှစ်
အတွင်းမှာ လူတွေလည်း အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေပါတယ်။
Source: dailymail
By Shwemom
http://www.shwemom.com/scarlett-johansson-fan-creates-working-replica-robot-hollywood-star/

No comments:

Post a Comment