Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 28, 2016

ေခတ္နဲ႔မညီတဲ့ ဥပေဒေတြ ရုပ္သိမ္းေရး လႊတ္ေတာ္မွာ ေဆြးေႏြးမည္


အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီက အႏုိင္ရကုိယ္စားလွယ္ေတြကုိ ဇန္နဝါရီလ ၃ဝ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးခန္းမမွာ လႊတ္ေတာ္ဆုိင္ရာသင္တန္းေပးေနစဥ္။ Photo: Win Ko Ko Latt/RFA
၁၉၅ဝ အေရးေပၚစီမံမႈ အက္ဥပေဒ၊ ၁၉၇၅ ႏုိင္ငံေတာ္အား ေႏွာက္ယွက္ဖ်က္ဆီးလိုသူမ်ား ေဘးအႏၱရာယ္မွ ကာကြယ္တဲ့ ဥပေဒနဲ႔ ၿငိမ္းခ်မ္းစြာ စုရံုးစီတန္းလွည့္လည္ခြင့္ ပုဒ္မ ၁၈ လို ဥပေဒေတြ ျပန္လည္ရုပ္သိမ္းေရး ဥပေဒၾကမ္းေတြကို မၾကာခင္ရက္ပိုင္းအတြင္း လႊတ္ေတာ္ကို တင္သြင္းေဆြးေႏြးမွာျဖစ္ပါတယ္။

ေမ ၂  ရက္မွာ ျပန္လည္က်င္းပမယ့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို တင္သြင္းဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ေခတ္စနစ္နဲ႔ မညီေတာ့တဲ့ ဥပေဒေတြကို ရုတ္သိမ္းဖို႔ တင္ျပမွာျဖစ္ေၾကာင္း ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္ မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္အဖြဲ႔ဝင္ ဦးေစာလွထြန္းက ေျပာပါတယ္။

"တခ်ိဳ႕ဥပေဒေတြက်ေတာ့ ဥပမာ အေရးေပၚစီမံမႈအက္ဥပေဒလိုမ်ိဳးလိုဟာက်ေတာ့ ေခတ္ေျပာင္း စနစ္ေျပာင္းမွာ အေရးေပၚကိစၥေတြနဲ႔ပတ္သက္လို႔ရွိရင္ ဘယ္လိုေဆာင္ရြက္ဖို႔ဆိုၿပီးေတာ့ အဲ့ဒီေခတ္က လိုအပ္ခ်က္အရ ထုတ္ျပန္ခဲ့တယ္ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ အဲ့ဒါကိုမရုပ္သိမ္းပဲနဲ႔ ဆက္ၿပီးေတာ့ အသံုးျပဳလာတာရွိတာေပါ့၊ ရွိေတာ့က်ေတာ့ ျပည္သူလည္းအထင္လြဲႏိုင္တယ္၊ ေနာက္ၿပီးေတာ့ ေခတ္ စနစ္နဲ႔လည္း မကိုက္ညီတဲ့ဟာေတြေပါ့၊ ႏိုင္ငံေတာ္အား ေႏွာက္ယွက္ဖ်က္ဆီးသူမ်ား ကာကြယ္တဲ့ ဥပေဒတို႔ ေနာက္ အေရးေပၚစီမံမႈ အက္ဥပေဒ  ၅ (ည) လိုမ်ိဳး ေနာက္ ၿငိမ္းစုစီမွာပါတဲ့ ပုဒ္မ(၁၈) လိုမ်ိဳးတို႔ ဒါေတြကို ျပန္လည္သံုးသပ္ၿပီးေတာ့ လႊတ္ေတာ္ကို တင္ျပထားျခင္းျဖစ္ပါတယ္ခင္ဗ်"

ႏုိင္ငံေတာ္အား ေႏွာက္ယွက္ဖ်က္ဆီးလိုသူမ်ား ေဘးအႏၱရာယ္မွ ကာကြယ္သည့္ ဥပေဒဟာ ေဒၚေအာင္ဆန္း စုၾကည္နဲ႔ ႏိုင္ငံေရးသမားမ်ားကို ဖမ္းဆီးရာမွာ အသံုးျပဳခဲ့တဲ့ ဥပေဒတစ္ရပ္ ျဖစ္ပါတယ္။ အဲ့ဒီ ဥပေဒကို ျမန္မာ့ ဆုိရွယ္လစ္လမ္းစဥ္ပါတီေခတ္က ဦးသန္႔အေရးအခင္း အပါအဝင္ အလုပ္သမားဆႏၵျပမႈေတြနဲ႔ တျခား ဆႏၵျပမႈေတြကို ႏွိမ္ႏွင္းဖို႔အတြက္ ရည္ရြယ္ၿပီး ဒီဥပေဒကို ထုတ္ျပန္ခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရကိုယ်စားလှယ်တွေကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမမှာ လွှတ်တော်ဆိုင်ရာသင်တန်းပေးနေစဉ်။ Photo: Win Ko Ko Latt/RFA
၁၉၅ဝ အရေးပေါ်စီမံမှု အက်ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုရုံးစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ လို ဥပဒေတွေ ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်းတွေကို မကြာခင်ရက်ပိုင်းအတွင်း လွှတ်တော်ကို တင်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။

မေ ၂  ရက်မှာ ပြန်လည်ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တင်သွင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ခေတ်စနစ်နဲ့ မညီတော့တဲ့ ဥပဒေတွေကို ရုတ်သိမ်းဖို့ တင်ပြမှာဖြစ်ကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောပါတယ်။

"တချို့ဥပဒေတွေကျတော့ ဥပမာ အရေးပေါ်စီမံမှုအက်ဥပဒေလိုမျိုးလိုဟာကျတော့ ခေတ်ပြောင်း စနစ်ပြောင်းမှာ အရေးပေါ်ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင် ဘယ်လိုဆောင်ရွက်ဖို့ဆိုပြီးတော့ အဲ့ဒီခေတ်က လိုအပ်ချက်အရ ထုတ်ပြန်ခဲ့တယ်ဖြစ်ပေမယ့် နောက်ပိုင်းမှာ အဲ့ဒါကိုမရုပ်သိမ်းပဲနဲ့ ဆက်ပြီးတော့ အသုံးပြုလာတာရှိတာပေါ့၊ ရှိတော့ကျတော့ ပြည်သူလည်းအထင်လွဲနိုင်တယ်၊ နောက်ပြီးတော့ ခေတ် စနစ်နဲ့လည်း မကိုက်ညီတဲ့ဟာတွေပေါ့၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ကာကွယ်တဲ့ ဥပဒေတို့ နောက် အရေးပေါ်စီမံမှု အက်ဥပဒေ  ၅ (ည) လိုမျိုး နောက် ငြိမ်းစုစီမှာပါတဲ့ ပုဒ်မ(၁၈) လိုမျိုးတို့ ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ လွှတ်တော်ကို တင်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျ"

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးသမားများကို ဖမ်းဆီးရာမှာ အသုံးပြုခဲ့တဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဦးသန့်အရေးအခင်း အပါအဝင် အလုပ်သမားဆန္ဒပြမှုတွေနဲ့ တခြား ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့အတွက် ရည်ရွယ်ပြီး ဒီဥပဒေကို ထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment