Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

မႏၱေလးၿမိဳ႕ေတာ္၀န္ မဟာသႀကၤန္မ႑ပ္အား မႏၱေလးၿမိဳ႕ေတာ္ မဟာသႀကၤန္မ႑ပ္ဟု ေျပာင္းလဲသတ္မွတ္



မႏၲေလး ဧၿပီ ၁

ယခုႏွစ္သႀကၤန္ပြဲေတာ္တြင္ ယခင္ အသုံးျပဳခဲ့သည့္ မႏၲေလးၿမိဳ႕ေတာ္ဝန္ မဟာသႀကၤန္မ႑ပ္ဆိုသည့္ အမည္ အစား မႏၲေလးၿမိဳ႕ေတာ္ မဟာ သႀကၤန္မ႑ပ္ဟု အမည္ေျပာင္းလဲ အတည္ ျပဳသတ္မွတ္ခဲ့ေၾကာင္း ဧၿပီ ၁ ရက္က တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ႐ုံး၌ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္ သႀကၤန္က်င္းပေရး ေကာ္မတီတို႔ ေတြ႕ဆုံျပဳလုပ္သည့္ အစည္းအေဝးမွ သိရသည္။

အဆိုပါ အစည္းအေဝးတြင္ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေ ေဇာ္ျမင့္ေမာင္က ''ျပည္သူေတြေမွ်ာ္လင့္ေနတဲ့ ကိစၥေတြ ကို ကတိေပးထားတဲ့အတိုင္း အတတ္ ႏိုင္ဆုံး ႀကိဳးစားၿပီး လုပ္ေပးပါ့မယ္။ အရင္အစိုးရစီမံသြားတဲ့ သႀကၤန္ပြဲ ေတာ္ကို အခု ကြၽန္ေတာ္တို႔အစိုးရ အသစ္က အေကာင္အထည္ေဖာ္ ရေတာ့မွာေပါ့။ ကြၽန္ေတာ္ကေတာ့ Win-Win ေပၚလစီေပါ့ေနာ္။အရင္ကလုပ္သြားတာလည္း မပ်က္ ေစခ်င္ဘူး။ ေနာက္ၿပီး မႏၲေလး ကိုခ်စ္တဲ့သူေတြက ႐ိုးရာသႀကၤန္ ျဖစ္ခ်င္တယ္။ ဒီေတာ့ ေခတ္လူငယ္ ေတြရဲ႕ဆႏၵကိုလည္း ျဖည့္ဆည္းေပး ခ်င္တယ္။ ဒါေၾကာင့္ ႐ိုးရာသႀကၤန္ ခ်စ္သူေတြအတြက္ မနက္ပိုင္းမွာ ဆြမ္းကပ္မယ္၊ ဆြမ္းေလာင္းမယ္၊ ပ႒ာန္းရြတ္မယ့္ အစီအစဥ္ေလးေတြ ထည့္ေပးမယ္။ ေငြအကုန္အက်ခံၿပီး လုပ္တာကိုေတာ့ နည္းနည္းေျပာခ်င္ တယ္။ေနာင္ႏွစ္ေတြမွာေတာ့ ဒါကို ျပန္ၿပီး စဥ္းစားရေတာ့မွာေပါ့''ဟု ၄င္းက ေျပာသည္။

ထို႔ေနာက္ မႏၲေလးၿမိဳ႕ေတာ္ဝန္ မဟာသႀကၤန္မ႑ပ္အစား မႏၲေလး ၿမိဳ႕ေတာ္ မဟာသႀကၤန္မ႑ပ္ဟု အတည္ျပဳသတ္မွတ္ျခင္း၊ မ႑ပ္၏ ဒီဇိုင္းပန္းခက္မ်ားကို အင္ဂ်င္နီယာ မ်ားႏွင့္ ျပင္ဆင္မည့္အေျခအေန၊ သႀကၤန္အႀကိဳေန႔တြင္ ဆရာေတာ္ ႀကီးမ်ားႏွင့္ အႏၲရာယ္ကင္း ပရိတ္ ရြတ္ဖတ္ျခင္းႏွင့္ မနက္ပိုင္းတြင္ ဆြမ္းကပ္လွဴမည့္ အစီအစဥ္ စသည့္ အခ်က္သံုးခ်က္ကို အဓိကထား ဆုံးျဖတ္ခဲ့ၾကေၾကာင္း မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးသက္ႏိုင္ထြန္းက ေျပာၾကားသည္။
''မႏၲေလးၿမိဳ႕ေတာ္ဝန္ မဟာ သႀကၤန္မ႑ပ္အစား ဝန္ကိုျဖဳတ္ၿပီး အမည္ေျပာင္းလဲဖို႔ အတည္ျပဳခဲ့ၾက ပါတယ္။ ေနာက္ၿပီး အႀကိဳေန႔မွာ ျပဳလုပ္မယ့္ အစီအစဥ္ေတြနဲ႔ ဘုံဆြမ္း ေလာင္းမယ့္ အစီအစဥ္ေတြလည္း တိုးလုပ္ဖို႔ အစီအစဥ္ရွိပါတယ္''ဟု ၄င္းက ဆိုသည္။

ထို႔ျပင္ ယခင္ကက်ဳံးေဘးတြင္ ေရစုပ္စက္မ်ားျဖင့္ ေရပတ္ကစားျခင္း မျပဳလုပ္ရန္ ေၾကညာခ်က္ ထုတ္ျပန္ ထားေသာ္လည္း ယခုႏွစ္တြင္ျပန္ လည္ ခြင့္ျပဳမည္ျဖစ္ကာ သတ္မွတ္ ခ်က္မ်ားအေနျဖင့္ ႏွစ္လက္မေရစုပ္ စက္မ်ားျဖင့္ ကစားခြင့္ျပဳမည္ျဖစ္ၿပီး ယခင္က ေငြက်ပ္ တစ္သိန္း ေကာက္ခံခဲ့ရာမွ ယခုႏွစ္တြင္ ေငြက်ပ္ ႏွစ္သိန္း ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

မင္းထက္ေအာင္(မန္းကိုယ္ပြား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

..................................................................




မန္တလေး ဧပြီ ၁

ယခုနှစ်သင်္ကြန်ပွဲတော်တွင် ယခင် အသုံးပြုခဲ့သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဆိုသည့် အမည် အစား မန္တလေးမြို့တော် မဟာ သင်္ကြန်မဏ္ဍပ်ဟု အမည်ပြောင်းလဲ အတည် ပြုသတ်မှတ်ခဲ့ကြောင်း ဧပြီ ၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သင်္ကြန်ကျင်းပရေး ကော်မတီတို့ တွေ့ဆုံပြုလုပ်သည့် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာေ ဇော်မြင့်မောင်က ''ပြည်သူတွေမျှော်လင့်နေတဲ့ ကိစ္စတွေ ကို ကတိပေးထားတဲ့အတိုင်း အတတ် နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးပါ့မယ်။ အရင်အစိုးရစီမံသွားတဲ့ သင်္ကြန်ပွဲ တော်ကို အခု ကျွန်တော်တို့အစိုးရ အသစ်က အကောင်အထည်ဖော် ရတော့မှာပေါ့။ ကျွန်တော်ကတော့ Win-Win ပေါ်လစီပေါ့နော်။အရင်ကလုပ်သွားတာလည်း မပျက် စေချင်ဘူး။ နောက်ပြီး မန္တလေး ကိုချစ်တဲ့သူတွေက ရိုးရာသင်္ကြန် ဖြစ်ချင်တယ်။ ဒီတော့ ခေတ်လူငယ် တွေရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေး ချင်တယ်။ ဒါကြောင့် ရိုးရာသင်္ကြန် ချစ်သူတွေအတွက် မနက်ပိုင်းမှာ ဆွမ်းကပ်မယ်၊ ဆွမ်းလောင်းမယ်၊ ပဋ္ဌာန်းရွတ်မယ့် အစီအစဉ်လေးတွေ ထည့်ပေးမယ်။ ငွေအကုန်အကျခံပြီး လုပ်တာကိုတော့ နည်းနည်းပြောချင် တယ်။နောင်နှစ်တွေမှာတော့ ဒါကို ပြန်ပြီး စဉ်းစားရတော့မှာပေါ့''ဟု ၄င်းက ပြောသည်။

ထို့နောက် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အစား မန္တလေး မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဟု အတည်ပြုသတ်မှတ်ခြင်း၊ မဏ္ဍပ်၏ ဒီဇိုင်းပန်းခက်များကို အင်ဂျင်နီယာ များနှင့် ပြင်ဆင်မည့်အခြေအနေ၊ သင်္ကြန်အကြိုနေ့တွင် ဆရာတော် ကြီးများနှင့် အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်ခြင်းနှင့် မနက်ပိုင်းတွင် ဆွမ်းကပ်လှူမည့် အစီအစဉ် စသည့် အချက်သုံးချက်ကို အဓိကထား ဆုံးဖြတ်ခဲ့ကြကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
''မန္တလေးမြို့တော်ဝန် မဟာ သင်္ကြန်မဏ္ဍပ်အစား ဝန်ကိုဖြုတ်ပြီး အမည်ပြောင်းလဲဖို့ အတည်ပြုခဲ့ကြ ပါတယ်။ နောက်ပြီး အကြိုနေ့မှာ ပြုလုပ်မယ့် အစီအစဉ်တွေနဲ့ ဘုံဆွမ်း လောင်းမယ့် အစီအစဉ်တွေလည်း တိုးလုပ်ဖို့ အစီအစဉ်ရှိပါတယ်''ဟု ၄င်းက ဆိုသည်။

ထို့ပြင် ယခင်ကကျုံးဘေးတွင် ရေစုပ်စက်များဖြင့် ရေပတ်ကစားခြင်း မပြုလုပ်ရန် ကြေညာချက် ထုတ်ပြန် ထားသော်လည်း ယခုနှစ်တွင်ပြန် လည် ခွင့်ပြုမည်ဖြစ်ကာ သတ်မှတ် ချက်များအနေဖြင့် နှစ်လက်မရေစုပ် စက်များဖြင့် ကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်က ငွေကျပ် တစ်သိန်း ကောက်ခံခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် နှစ်သိန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment