Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

အစုိးရသစ္လက္ထက္၌ ရန္ကုန္သႀကၤန္ မ႑ပ္ေစ်းကြက္မ်ား စတင္ေျပာင္းလဲေတာ့မည္


ရန္ကုန္ ဧၿပီ ၁

ယခု ဒီမိုကေရစီအစိုးရလက္ထက္၌ ႐ိုးရာေပ်ာ္ပြဲရႊင္ပြဲမ်ားတြင္ ကနဦးေျပာင္းလဲမႈတစ္ရပ္အေနျဖင့္ လာမည့္ရန္ကုန္သႀကၤန္ကာလတြင္ ယခင္ႏွစ္မ်ားက ေဆာက္လုပ္ခဲ့ေသာ စီးပြားျဖစ္ေစ်းကြက္မ႑ပ္မ်ားတည္ေဆာက္ေဆာ့ကစားခြင့္ျပဳေတာ့မည္မဟုတ္ဘဲ မိသားစုႏွင့္ ကုမၸဏီဆိုင္ရာေရကစားမ႑ပ္မ်ားသာ ေဆာက္လုပ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
''ဒီႏွစ္ကေတာ့ အရင္ႏွစ္ေတြကလို ျမန္မာတို႔ရဲ႕႐ိုးရာသႀကၤန္ပြဲေတာ္မွာ စီးပြားျဖစ္မ႑ပ္ေတြ တည္ေဆာက္ခြင့္ျပဳေတာ့မွာမဟုတ္ပါဘူး။ အဓိကကေတာ့ ႐ိုးရာသႀကၤန္ကိုအေၾကာင္းျပၿပီး စီးပြားရွာတဲ့ကိစၥ၊ ေရကိစၥ၊ အယ္နီညိဳကိစၥ၊ ယာဥ္က်ပ္တည္းမႈ ကိစၥေတြအပါ အဝင္ သႀကၤန္ကိုအေၾကာင္းျပၿပီး ေသာက္မယ္၊ စားမယ္၊ မူးမယ္၊ ယာဥ္ ေၾကာေျပာင္းျပန္ေမာင္းမယ္၊ ရန္ျဖစ္ မယ္၊ အမ်ဳိးသမီးေတြဆိုလည္း ႐ိုးရာ ယဥ္ေက်းမႈနဲ႔ေလ်ာ္ညီတဲ့ ဝတ္စားဆင္ ယင္မႈေတြကို ထိန္းသိမ္းတဲ့အေနနဲ႔ အခု ဝန္ႀကီးခ်ဳပ္သစ္က ညႊန္ၾကားမႈ ေပးလိုက္တာျဖစ္တယ္''ဟု ယေန႔ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ရန္ကုန္ တိုင္းေဒသႀကီး လႊတ္ေတာ္ပထမ ပုံမွန္အစည္းအေဝး (ဒသမ)ေန႔ အၿပီးတြင္ ရန္ကုန္တိုင္းေဒသႀကီး လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျပာသည္။

ယခုႏွစ္ သႀကၤန္တြင္ ရန္ကုန္ၿမိဳ႕ ၌ ယခင္ႏွစ္မ်ားကကဲ့သို႔ လူစည္ကား မ်ားျပားၿပီး ယာဥ္က်ပ္တည္းမႈ လြန္စြာျဖစ္ခဲ့ေသာ ကန္ေတာ္ႀကီးပတ္ လမ္း ေရကစားမ႑ပ္ႀကီးမ်ား၊ အင္း လ်ားကန္ေပါင္တစ္ေလွ်ာက္ရွိ စီးပြား ျဖစ္ ေရကစားမ႑ပ္ႀကီးမ်ားကို ေတြ႕ ျမင္ရေတာ့မည္မဟုတ္ဘဲ မိသားစု ပိုင္ ေရကစားမ႑ပ္မ်ား၊ ကုမၸဏီပိုင္ ေရကစားမ႑ပ္မ်ားသာ အစိုးရအေန ျဖင့္ ေဆာက္လုပ္ေရကစားခြင့္ ျပဳသြားမည္ျဖစ္သည္။ ထိုသို႔ ေျပာင္းလဲ လိုက္ျခင္းျဖင့္ သႀကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ တစ္ေနရာတည္း၌ ယခင္ ႏွစ္မ်ားကဲ့သို႔ စု႐ုံးစည္ကားေနျခင္း မ်ိဳးမဟုတ္ေတာ့ဘဲ ၿမိဳ႕နယ္အလိုက္ စည္ကားေစရန္ ၿမိဳ႕နယ္မ႑ပ္မ်ား၊ ခ႐ိုင္မ႑ပ္မ်ားကိုလည္း သတ္မွတ္ စည္းကမ္းခ်က္မ်ားႏွင့္အညီ လြတ္လပ္ စြာ တည္ေဆာက္ေဆာ့ကစားႏိုင္ ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
''ဒီႏွစ္သႀကၤန္မွာ အခုလို မ႑ပ္ ေတြ ကန္႔သတ္လိုက္တာ ေကာင္းပါ တယ္။ သက္ဆိုင္ရာအေနနဲ႔ေရာ လုံၿခံဳေရးပိုင္းဆိုင္ရာကအစ အဆင္ ေျပသြားသလို၊ ယာဥ္ေၾကာက်ပ္တည္း မႈလည္း ေတာ္ေတာ္ေလး သက္သာ သြားမယ္လို႔ျမင္တယ္။ အထူးသျဖင့္ ဒီႏွစ္မွာ အယ္နီညိဳရွိတာေၾကာင့္ ျပည္သူေတြရဲ႕ က်န္းမာေရးကိုလည္း ေစာင့္ေရွာက္မႈေပးတဲ့ အေနအထား ျဖစ္သြားပါမယ္''ဟု တာေမြၿမိဳ႕နယ္မွ ဦးသိန္းေမာင္က ေျပာသည္။
ယခုႏွစ္ သႀကၤန္တြင္း လုံၿခံဳေရး ပိုင္းဆိုင္ရာအေနျဖင့္လည္း ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲ၊ အေထြေထြအုပ္ခ်ဳပ္ေရး၊ ၾကက္ေျခနီ ႏွင့္ လုံၿခံဳေရးပိုင္းဆိုင္ရာလုပ္ငန္း မ်ားကို ၿမိဳ႕နယ္အလိုက္၊ ခ႐ိုင္အလိုက္ တာဝန္ခ်ထားေပးမည္ျဖစ္သည့္အျပင္ ကင္းလွည့္ေမာ္ေတာ္ယာဥ္ ၄၅ စီး ျဖင့္လည္း အခ်ိန္ျပည့္လွည့္လည္ ေစာင့္ၾကပ္မႈ ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔အျပင္ ယခုႏွစ္ ရန္ကုန္သႀကၤန္ ၌ တစ္မူထူးျခားစြာ ေျပာင္းလဲသြား သည္မွာ ယခင္ႏွစ္မ်ားကကဲ့သို႔ တိုင္း ေဒသႀကီးအစိုးရမ႑ပ္၊ ၿမိဳ႕ေတာ္ဝန္ မ႑ပ္တို႔ကို သီးျခားတည္ေဆာက္ သြားမည္မဟုတ္ဘဲ ရန္ကုန္ၿမိဳ႕ ဗဟို မ႑ပ္အျဖစ္သာ ၿမိဳ႕ေတာ္ခန္းမေရွ႕ ၌ တည္ေဆာက္ကာ မည္သူမဆို လြတ္လပ္စြာ ေရေဆာ့ ကစားႏိုင္ရန္ စီစဥ္ထားေၾကာင္းႏွင့္ အဆိုပါမ႑ပ္ ၌ ႐ိုးရာတိုင္းရင္းသားယဥ္ေက်းမႈ အကၿပိဳင္ပြဲမ်ားလည္း ထည့္သြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရ သည္။

ေမာင္စိန္လြင္(ျမန္မာ့အလင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

...............................................................


ရန်ကုန် ဧပြီ ၁

ယခု ဒီမိုကရေစီအစိုးရလက်ထက်၌ ရိုးရာပျော်ပွဲရွှင်ပွဲများတွင် ကနဦးပြောင်းလဲမှုတစ်ရပ်အနေဖြင့် လာမည့်ရန်ကုန်သင်္ကြန်ကာလတွင် ယခင်နှစ်များက ဆောက်လုပ်ခဲ့သော စီးပွားဖြစ်စျေးကွက်မဏ္ဍပ်များတည်ဆောက်ဆော့ကစားခွင့်ပြုတော့မည်မဟုတ်ဘဲ မိသားစုနှင့် ကုမ္ပဏီဆိုင်ရာရေကစားမဏ္ဍပ်များသာ ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြန်မာတို့ရဲ့ရိုးရာသင်္ကြန်ပွဲတော်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ တည်ဆောက်ခွင့်ပြုတော့မှာမဟုတ်ပါဘူး။ အဓိကကတော့ ရိုးရာသင်္ကြန်ကိုအကြောင်းပြပြီး စီးပွားရှာတဲ့ကိစ္စ၊ ရေကိစ္စ၊ အယ်နီညိုကိစ္စ၊ ယာဉ်ကျပ်တည်းမှု ကိစ္စတွေအပါ အဝင် သင်္ကြန်ကိုအကြောင်းပြပြီး သောက်မယ်၊ စားမယ်၊ မူးမယ်၊ ယာဉ် ကြောပြောင်းပြန်မောင်းမယ်၊ ရန်ဖြစ် မယ်၊ အမျိုးသမီးတွေဆိုလည်း ရိုးရာ ယဉ်ကျေးမှုနဲ့လျော်ညီတဲ့ ဝတ်စားဆင် ယင်မှုတွေကို ထိန်းသိမ်းတဲ့အနေနဲ့ အခု ဝန်ကြီးချုပ်သစ်က ညွှန်ကြားမှု ပေးလိုက်တာဖြစ်တယ်''ဟု ယနေ့ ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ပထမ ပုံမှန်အစည်းအဝေး (ဒသမ)နေ့ အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ရန်ကုန်မြို့ ၌ ယခင်နှစ်များကကဲ့သို့ လူစည်ကား များပြားပြီး ယာဉ်ကျပ်တည်းမှု လွန်စွာဖြစ်ခဲ့သော ကန်တော်ကြီးပတ် လမ်း ရေကစားမဏ္ဍပ်ကြီးများ၊ အင်း လျားကန်ပေါင်တစ်လျှောက်ရှိ စီးပွား ဖြစ် ရေကစားမဏ္ဍပ်ကြီးများကို တွေ့ မြင်ရတော့မည်မဟုတ်ဘဲ မိသားစု ပိုင် ရေကစားမဏ္ဍပ်များ၊ ကုမ္ပဏီပိုင် ရေကစားမဏ္ဍပ်များသာ အစိုးရအနေ ဖြင့် ဆောက်လုပ်ရေကစားခွင့် ပြုသွားမည်ဖြစ်သည်။ ထိုသို့ ပြောင်းလဲ လိုက်ခြင်းဖြင့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ တစ်နေရာတည်း၌ ယခင် နှစ်များကဲ့သို့ စုရုံးစည်ကားနေခြင်း မျိုးမဟုတ်တော့ဘဲ မြို့နယ်အလိုက် စည်ကားစေရန် မြို့နယ်မဏ္ဍပ်များ၊ ခရိုင်မဏ္ဍပ်များကိုလည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လွတ်လပ် စွာ တည်ဆောက်ဆော့ကစားနိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်သင်္ကြန်မှာ အခုလို မဏ္ဍပ် တွေ ကန့်သတ်လိုက်တာ ကောင်းပါ တယ်။ သက်ဆိုင်ရာအနေနဲ့ရော လုံခြံုရေးပိုင်းဆိုင်ရာကအစ အဆင် ပြေသွားသလို၊ ယာဉ်ကြောကျပ်တည်း မှုလည်း တော်တော်လေး သက်သာ သွားမယ်လို့မြင်တယ်။ အထူးသဖြင့် ဒီနှစ်မှာ အယ်နီညိုရှိတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်မှုပေးတဲ့ အနေအထား ဖြစ်သွားပါမယ်''ဟု တာမွေမြို့နယ်မှ ဦးသိန်းမောင်က ပြောသည်။
ယခုနှစ် သင်္ကြန်တွင်း လုံခြံုရေး ပိုင်းဆိုင်ရာအနေဖြင့်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ ကြက်ခြေနီ နှင့် လုံခြံုရေးပိုင်းဆိုင်ရာလုပ်ငန်း များကို မြို့နယ်အလိုက်၊ ခရိုင်အလိုက် တာဝန်ချထားပေးမည်ဖြစ်သည့်အပြင် ကင်းလှည့်မော်တော်ယာဉ် ၄၅ စီး ဖြင့်လည်း အချိန်ပြည့်လှည့်လည် စောင့်ကြပ်မှု ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ် ရန်ကုန်သင်္ကြန် ၌ တစ်မူထူးခြားစွာ ပြောင်းလဲသွား သည်မှာ ယခင်နှစ်များကကဲ့သို့ တိုင်း ဒေသကြီးအစိုးရမဏ္ဍပ်၊ မြို့တော်ဝန် မဏ္ဍပ်တို့ကို သီးခြားတည်ဆောက် သွားမည်မဟုတ်ဘဲ ရန်ကုန်မြို့ ဗဟို မဏ္ဍပ်အဖြစ်သာ မြို့တော်ခန်းမရှေ့ ၌ တည်ဆောက်ကာ မည်သူမဆို လွတ်လပ်စွာ ရေဆော့ ကစားနိုင်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါမဏ္ဍပ် ၌ ရိုးရာတိုင်းရင်းသားယဉ်ကျေးမှု အကပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment