Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် သမ္မတ အတည်ပြု

ဒေါ်အောင်ဆန်း စုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တင်မြှောက်ဖို့ ရည်ရွယ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော်က ဒီနေ့ လက်မှတ် ထိုးပြီး လွှတ်တော်ကို ပို့လိုက်ပြီလို့ သမ္မတရုံး ၀န်ကြီးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“သမ္မတလက်မှတ်ထိုးပြီးတာနဲ့ လွှတ်တော်ကို ပြန်ပို့ရတယ်ခင်ဗျ။ လွှတ်တော်ကနေ ဥပဒေ အမှတ် ဘယ်လောက်ဆိုပြီးတော့ ထုတ်ပြန်မှာ။”

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် လွှတ်တော်နှစ်ရပ် စလုံးက အတည်ပြု ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဟာ သမ္မတ လက်မှတ် ထိုးပြီးပြီမို့ ရက်ပိုင်း အတွင်း အသက်ဝင် လာဖို့ ရှိပါတယ်။

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဥပဒေ ထွက်လာပြီးရင် ကန့်ကွက်သူ ရှိပါက ဖွဲ့စည်းပုံခုံရုံးကို ပေးပို့ ရမယ်လို့ ပြောပါတယ်။

“ဥပဒေထွက်လာမှသာလျင် ဒီဥပဒေကို complain တက်ချင်ရင် အခြေခံ ဥပဒေခုံရုံး ရောက်မှာ၊ သမ္မတ လက်မှတ် ထိုးပြီးမှ ဒီဥပဒေသည် သူတို့ဘက်က အကြောင်းပြချက် တခုခုနဲ့ ပယ်ဖျက်သင့် တယ်တို့ ဘာတို့ ပြောလာခဲ့သည် ရှိသော် အဲ့ဒီတော့မှ အခြေခံ ဥပဒေ ခုံရုံးကို ရောက်လိမ့်မယ်၊ ဒီဥပဒေဟာ နည်းဥပဒေ မလိုတဲ့ ဥပဒေ တခု ဖြစ်တယ် လို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းရဲ့ အထွေထွေ အခန်းမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ သက်တမ်းဟာ သမ္မတရဲ့ ရာထူး သက်တမ်း အတိုင်းဖြစ်ပြီး ဒီ ဥပဒေဟာ အခု ဒုတိယ အကြိမ် လွွှှတ်တော် သက်တမ်း ကာလမှာ တာဝန် ထမ်းဆောင်တဲ့ သမ္မတ သက်တမ်းကာလ အတွက်ပဲ ဖြစ်ရမယ်လို့ ဖော်ပြ ထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/143447

................................................
ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ သမၼတ အတည္ျပဳ
ေဒၚေအာင္ဆန္း စုၾကည္ကို အတိုင္ပင္ခံ ပုဂိၢဳလ္ အျဖစ္ တင္ေျမႇာက္ဖို႔ ရည္ရြယ္တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ဆိုင္ရာ ဥပေဒကို သမၼတ ဦးထင္ေက်ာ္က ဒီေန႔ လက္မွတ္ ထိုးၿပီး လႊတ္ေတာ္ကို ပို႔လိုက္ၿပီလို႔ သမၼတရံုး ၀န္ႀကီးရဲ႕ ေျပာေရး ဆိုခြင့္ရွိသူ ဒုၫႊန္ခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

“သမၼတလက္မွတ္ထိုးၿပီးတာနဲ႔ လႊတ္ေတာ္ကို ျပန္ပို႔ရတယ္ခင္ဗ်။ လႊတ္ေတာ္ကေန ဥပေဒ အမွတ္ ဘယ္ေလာက္ဆိုၿပီးေတာ့ ထုတ္ျပန္မွာ။”

ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္ လႊတ္ေတာ္ႏွစ္ရပ္ စလံုးက အတည္ျပဳ ခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ဆိုင္ရာ ဥပေဒဟာ သမၼတ လက္မွတ္ ထိုးၿပီးၿပီမို႔ ရက္ပိုင္း အတြင္း အသက္၀င္ လာဖို႔ ရွိပါတယ္။

အမ်ိဳးသား လႊတ္ေတာ္ ဥပေဒၾကမ္း ေကာ္မတီ ဥကၠ႒ ဦးေဇာ္မင္းက ဥပေဒ ထြက္လာၿပီးရင္ ကန္႔ကြက္သူ ရွိပါက ဖြဲ႔စည္းပံုခံုရံုးကို ေပးပို႔ ရမယ္လို႔ ေျပာပါတယ္။

“ဥပေဒထြက္လာမွသာလ်င္ ဒီဥပေဒကို complain တက္ခ်င္ရင္ အေျခခံ ဥပေဒခံု႐ုံး ေရာက္မွာ၊ သမၼတ လက္မွတ္ ထိုးၿပီးမွ ဒီဥပေဒသည္ သူတို႔ဘက္က အေၾကာင္းျပခ်က္ တခုခုနဲ႔ ပယ္ဖ်က္သင့္ တယ္တို႔ ဘာတို႔ ေျပာလာခဲ့သည္ ရွိေသာ္ အဲ့ဒီေတာ့မွ အေျခခံ ဥပေဒ ခံုရံုးကို ေရာက္လိမ့္မယ္၊ ဒီဥပေဒဟာ နည္းဥပေဒ မလိုတဲ့ ဥပေဒ တခု ျဖစ္တယ္ လို႔လည္း ေျပာပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂိၢဳလ္ဆိုင္ရာ ဥပေဒၾကမ္းရဲ႕ အေထြေထြ အခန္းမွာ အတိုင္ပင္ခံ ပုဂိၢဳလ္ရဲ႕ သက္တမ္းဟာ သမၼတရဲ႕ ရာထူး သက္တမ္း အတိုင္းျဖစ္ၿပီး ဒီ ဥပေဒဟာ အခု ဒုတိယ အႀကိမ္ လႊႊတ္ေတာ္ သက္တမ္း ကာလမွာ တာ၀န္ ထမ္းေဆာင္တဲ့ သမၼတ သက္တမ္းကာလ အတြက္ပဲ ျဖစ္ရမယ္လို႔ ေဖာ္ျပ ထားပါတယ္။

by ဒီဗီြဘီ

Originally published at - http://burmese.dvb.no/archives/143447


No comments:

Post a Comment