Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 9, 2016

သၾကၤန္ကုိ မႏၱေလးျပန္ၿပီး မိသားစုနဲ႕ျဖတ္သန္းျဖစ္မယ္လို႕ ဆုိတဲ့ ရတနာဗို




"ဒီႏွစ္သၾကၤန္ကတာ့ မႏၱေလးကအိမ္ကိုျပန္မယ္။ ၿပီးရင္အိမ္မွာပဲ မိသားစုနဲ႕ေနျဖစ္မယ္။ အႏုပညာအလုပ္မလုပ္ခင္ကေတာ့ သၾကၤန္ကုိလည္တာတို႕မ႑ပ္ထိုင္တာတို႕ရွိခဲ့ဖူးတယ္။ အခုေနာက္ပိုင္းမွာ အိမ္မွာပဲ ကုန္ဆံုးျဖစ္တာမ်ားပါတယ္။ အိမ္မွာ တီဗီၾကည့္တယ္။ စာဖတ္တယ္။ တရားထုိင္တယ္။ ဘာသာေရးေလးလဲ ပိုလုပ္ျဖစ္တယ္။ ဒီေလာက္ပါပဲ။ ေပ်ာ္လဲေပ်ာ္တယ္။ ႏွစ္တုိင္းအိမ္ကုိပဲျပန္ေနၾကဆိုေတာ့ေလ။ သၾကၤန္နဲ႕ပတ္သက္ၿပီးေထြေထြထူးထူးအမွတ္တရေတာ့မရွိပါဘူး။"လို႕ ေျပာျပသြားပါတယ္။
လက္ရွိမွာ ရုိက္ကူးျဖစ္ေနတဲ့ ဇာတ္ကားနဲ႕ပတ္သက္ၿပီးေတာ့လဲ သူမက "အေရွ႕မွာ ကိုေျပတီ၊ ယုသႏၱာတင္တို႕နဲ႕ ကြီးဆိုတဲ့ကားေလးကို ရုိက္ထားတယ္။ အဲ့ဒီထဲမွာ ညီမနဲ႕ယုသႏၱာတင္က ကိုေျပတီကိုလိုက္ၾကတဲ့ပံုစံမ်ိဳးေလးပါ။ သၾကၤန္အၿပီးမွာေတာ့ ကားရုိက္ျပန္၀င္ပါမယ္။ သၾကၤန္အၿပီး ငါးလပိုင္းမွာေတာ့ ကားၾကီးတစ္ကားရုိက္ဖို႕စီစဥ္ထားပါတယ္"လို႕ဆုိပါတယ္။
ပရိသတ္အတြက္ သူမရဲ႕ ႏွစ္သစ္ဆုေတာင္းစကားအေနနဲ႕ကေတာ့ "၂၀၁၆ သၾကၤန္မွာ ပရိသတ္ၾကီးအားလံုး အစစအရာရာအဆင္ေျပေခ်ာေမြ႕ၿပီး လုပ္ငန္းကုိင္ငန္းေတြအဆင္ေျပပါေစ။ သၾကၤန္မွာလဲ ေဘးအႏၱရာယ္ကင္းရွင္းစြာေပ်ာ္ၾကပါ"တဲ့။

http://www.trend.com.mm/2016/04/08/yollywood-9282

...................................................



ခင်ဆွေသက်
 2016-04-08 

လက်ရှိမှာ ပြေတီဦး၊ ယုသန္တာတင်တို့နဲ့အတူ ကွီးဆိုတဲ့ ဗီဒီယို ကားကို ရိုက်ကူးထားပြီး သင်္ကြန်ကိုတော့ မွေးရပ်မြေ မန္တလေးကိုပြန်ပြီး မိသားစုနဲ့အတူအချိန်ကုန်ဖြစ်မယ်လို့သိရပါတယ်။ သင်္ကြန်အပြီးမှာ ဗီဒီယိုတွေ ဆက်လက်ရိုက်ကူးသွားဖို့ရှိပြီး မေလထဲမှာတော့ ကားကြီးတစ်ကားရိုက်ဖို့ရှိတယ်လို့ပြောပြလာတဲ့ ရတနာဗိုရဲ့ အနုပညာအကြောင်းတချို့နဲ့သင်္ကြန်ဖြတ်သန်းမှု့ကိုအခုလိုမေးမြန်းဖြစ်တဲ့အခါ

"ဒီနှစ်သင်္ကြန်ကတာ့ မန္တလေးကအိမ်ကိုပြန်မယ်။ ပြီးရင်အိမ်မှာပဲ မိသားစုနဲ့နေဖြစ်မယ်။ အနုပညာအလုပ်မလုပ်ခင်ကတော့ သင်္ကြန်ကိုလည်တာတို့မဏ္ဍပ်ထိုင်တာတို့ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာ အိမ်မှာပဲ ကုန်ဆုံးဖြစ်တာများပါတယ်။ အိမ်မှာ တီဗီကြည့်တယ်။ စာဖတ်တယ်။ တရားထိုင်တယ်။ ဘာသာရေးလေးလဲ ပိုလုပ်ဖြစ်တယ်။ ဒီလောက်ပါပဲ။ ပျော်လဲပျော်တယ်။ နှစ်တိုင်းအိမ်ကိုပဲပြန်နေကြဆိုတော့လေ။ သင်္ကြန်နဲ့ပတ်သက်ပြီးထွေထွေထူးထူးအမှတ်တရတော့မရှိပါဘူး။"လို့ ပြောပြသွားပါတယ်။
လက်ရှိမှာ ရိုက်ကူးဖြစ်နေတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လဲ သူမက "အရှေ့မှာ ကိုပြေတီ၊ ယုသန္တာတင်တို့နဲ့ ကွီးဆိုတဲ့ကားလေးကို ရိုက်ထားတယ်။ အဲ့ဒီထဲမှာ ညီမနဲ့ယုသန္တာတင်က ကိုပြေတီကိုလိုက်ကြတဲ့ပုံစံမျိုးလေးပါ။ သင်္ကြန်အပြီးမှာတော့ ကားရိုက်ပြန်ဝင်ပါမယ်။ သင်္ကြန်အပြီး ငါးလပိုင်းမှာတော့ ကားကြီးတစ်ကားရိုက်ဖို့စီစဉ်ထားပါတယ်"လို့ဆိုပါတယ်။
ပရိသတ်အတွက် သူမရဲ့ နှစ်သစ်ဆုတောင်းစကားအနေနဲ့ကတော့ "၂၀၁၆ သင်္ကြန်မှာ ပရိသတ်ကြီးအားလုံး အစစအရာရာအဆင်ပြေချောမွေ့ပြီး လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပါစေ။ သင်္ကြန်မှာလဲ ဘေးအန္တရာယ်ကင်းရှင်းစွာပျော်ကြပါ"တဲ့။


http://www.trend.com.mm/2016/04/08/yollywood-9282

No comments:

Post a Comment