Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 9, 2016

ရခိုင္ႏို္င္က်ဥ္းေတြ လႊတ္ဖို႔ ဆႏၵေဖာ္ထုတ္

ဧၿပီလ ၉ရက္ေန႕က ေက်ာက္ျဖဴၿမိဳ႕တြင္ ျပဳလုပ္ေသာ ရခိုင္ ႏိုင္ငံေရး အက်ဥ္းသားမ်ား လြတ္ေျမာက္ေရး ဆႏၵျပပြဲ။ ဓါတ္ပံု (Facebook/Tun Kyi)
ရခိုင္ျပည္နယ္ အတြင္းမွာ ဖမ္းဆီခံထားရတဲ့ တိုင္းရင္းသား လက္နက္ကုိင္အဖဲြနဲ႔ ပတ္သက္သူေတြ သံသယနဲ႕  ဖမ္းဆီးခံရသူေတြ ျပန္လြတ္ေပးေရး အပါအ၀င္ အခ်က္၅ခ်က္နဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴ ၿမိဳ႕ နယ္မွာ ဆႏၵ ထုတ္ေဖာ္ခဲ့ႀကပါတယ္။ မေအးမာက သတင္းေပးပို့ထားပါတယ္။

ဧျပီလ ၇ရက္ေန႔ ေနစဲြနဲ႕ ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕  လက္မွတ္နဲ႔ ပထမဆုံး ထုတ္ျပန္လိုက္တဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ရုံးရဲ႕  ေၾကညာခ်က္ အမွတ္ ၁/၂၀၁၆ မွာေတာ့ ႏုိင္ငံေရး အက်ဥ္းသားေတြ၊ တက္ႂကြ လႈပ္ရွားသူေတြ နဲ႔ ႏုိင္ငံေရးနဲ႔ ပတ္သက္ဆက္ႏြယ္ၿပီး၊ အမႈ ရင္ဆုိင္ ေနရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕  လြတ္ေျမာက္ေရးဟာ လက္ရွိ အစိုးရရဲ႕  ဦးစားေပး လုပ္ငန္းျဖစ္တယ္ လို႔ ေျပာလိုက္ျပီးတဲ့ ေနာက္မွာေတာ့ ဧျပီလ ၈ရက္ေန႕ ေက်ာင္းသားနဲ႕ တက္ႀကြလွဳပ္ရွားသူ တခ်ိဳ႕  ျပန္လည္ လြတ္ေျမာက္ လာတာျဖစ္ပါတယ္။

ဧျပီလ ၉ရက္ေ႕နမွာေတာ့ ရခိုင္ ျပည္နယ္ ေက်ာက္ျဖဴ ၿမိဳႏယ္အတြင္းမွာ ထိမ္းသိမ္းခံထားရတဲ့ ရခိုင္ႏိုင္ငံေရး အက်ဥ္းသားေတြ လြတ္ေျမာက္ဖို႕ အတြက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း ေက်ာက္ျဖဴျမိဳ႕ခံ လည္းျဖစ္ အမ္းျမိဳနယ္ အမ်ိဳးသား ဒီမိုကေရစီအဖဲြခ်ဳပ္ ဥကၠဌလည္းျဖစ္တဲ့ ဦးေဇာ္၀င္းျမင့္က အခုလိုေျပာပါတယ္။

“’ဒီေနရာမွာ ဒီေန႕ ေက်ာက္ျဖဴၿမိဳ႕ ဘုရားၾကီးေတာင္၀င္း ဆိုတာရွိတယ္။ အဲဒီမွာ စုရပ္ထားၿပီးေတာ့ ဆႏၵျပၾကတာ။ ဘုရားႀကီးေတာင္၀င္း ျမတန္ေဆာင္ ဆရာေတာ္က ဦးေဆာင္ၿပီးေတာ့လုပ္တယ္။ ေၾကြးေၾကာ္သံေတြကေတာ့ တိုင္းရင္းသား လက္နက္ကို္င္ အဖြဲ႕မ်ား အားလံုး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲတြင္ ပါ၀င္ႏိုင္ေရး။ တိုင္းရင္းသား ေဒသမ်ားတြင္ ထိုးစစ္ဆင္ေနမႈမ်ား ရပ္တန္႕ ေပးေရး။ သံသယျဖင့္ ဖမ္းဆီးခံရသူမ်ား လႊတ္ေပးေရး၊ ရခိုင္ျပည္နယ္အႏွံ႕ သံသယျဖင့္ ဖမ္းဆီးခံရသူမ်ားကို တရားဥပေဒႏွင့္အညီ ေဖာ္ေဆာင္ေပးေရး၊ ေနာက္ ငါးကေတာ့ သံသယျဖင့္ ဖမ္းဆီးျခင္းကို ရပ္တန္႕ေရး အဲဒီ ေၾကြးေၾကာ္သံေတြနဲ႕ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။ လူဦးေရက ႏွစ္ရာ ၀န္းက်င္ပါ။ ”

ေက်ာက္ျဖူျမိဳနယ္ ဆႏၵျပပဲြမွာေတာ့ အမ်ိဳးသားေရး လကၡဏာေဆာင္တဲ့ သေဘာေတြ မေတြ႕ ရေႀကာင္း ဆက္ေျပာျပပါတယ္။

“အမ်ိဳးသားေရးနဲ႕ မဆိုင္ေတာ့ဘူးေပါ့။ AA နဲ႕ ပက္သက္ၿပီး ၿငိမ္းခ်မ္းေရးကိုပဲ သူတို႕ လိုခ်င္တာပါ။ ဒီေနရာမွာ AA လို႕ မသံုးထားဘူး။ AA လို႕ တိုက္ရိုက္ မသံုးထားဘူး။ တိုင္းရင္းသားေတြ ၿငိမ္းခ်မ္းေရး ပါ၀င္မႈရယ္၊ တိုင္းရင္းသားေတြကို ထိုးစစ္ဆင္မႈ ကို ရပ္တန္႕ဖို႕ရယ္၊ သံသယနဲ႕ ဖမ္းဆီးတာေတြကို ရပ္တန္႕ဖို႕ရယ္။ အဲလိုပဲ သံသယနဲ႕ ေနာက္ထပ္ မဖမ္းဆီးဖို႕ရယ္ ဆိုတာေလးေတြပါပါတယ္။ ”

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရုံးရဲ႕ ေၾကညာခ်က္ အမွတ္ ၁/၂၀၁၆ ထြက္ျပီးတဲ့ ေနာက္တရက္ျဖစ္တဲ့ ဧျပီလ ၈ရက္ေန႕ မွာ လက္ပံတန္းမွာ ထိမ္းသိမ္းခံရတဲ့ ေက်ာင္းသားေတြကုိ ျပန္လည္လြတ္ေျမာက္လာခဲ့ ပါတယ္။ ႏိုင္ငံေရး အက်ဥ္းသားအားလံုး မလြတ္ေျမာက္ေသးေပမဲ့ အမူရုပ္သိမ္းဖို႕ က်န္ေသးတာေတြ ရွိေနတာေႀကာင့္ ႏွစ္သစ္ကူးရံုးပိတ္ရက္ ကုန္ဆံုးျပီး ရံုဖြင့္ခ်ိန္မွာ ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ေႀကာင္း ေနာက္ထပ္ထြက္လာတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ရုံးရဲ႕ ေၾကညာခ်က္ အမွတ္ ၂/၂၀၁၆မွာ ေရးသားထားတာပါ။

သက္ဆုိင္ရာ အက်ဥ္းေထာင္ အသီးသီးမွာ ျပစ္ဒဏ္က်ခံေနရတဲ့ ႏိုင္ငံေရး အက်ဥ္းသားမ်ားနဲ႕ ႏုိင္ငံေရး တက္ၾကြလွဳပ္ရွားသူေတြ လြတ္ျငိမ္းသက္သာခြင့္ ရရွိျပီး အျမန္ဆံုး လြတ္ေျမာက္ေရးအတြက္ လိုအပ္တဲ့စီစစ္မူမ်ားေဆာင္ရြက္ျပီး  ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ေႀကာင္းႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္မွတ္နဲ႔  ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ရုံးရဲ႕  ေၾကညာခ်က္ အမွတ္ ၂/၂၀၁၆မွာ ေရးသားထားပါတယ္ရွင္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..................................


ဧပြီလ ၉ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သော ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ။ ဓါတ်ပုံ (Facebook/Tun Kyi)
ရခိုင်ပြည်နယ် အတွင်းမှာ ဖမ်းဆီခံထားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲနဲ့ ပတ်သက်သူတွေ သံသယနဲ့  ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးရေး အပါအဝင် အချက်၅ချက်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နယ်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ရရက်နေ့ နေစွဲနဲ့ ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့  ကြေညာချက် အမှတ် ၁/၂၀၁၆ မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး၊ အမှု ရင်ဆိုင် နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့  လွတ်မြောက်ရေးဟာ လက်ရှိ အစိုးရရဲ့  ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပြီးတဲ့ နောက်မှာတော့ ဧပြီလ ၈ရက်နေ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူ တချို့  ပြန်လည် လွတ်မြောက် လာတာဖြစ်ပါတယ်။

ဧပြီလ ၉ရက်ေ့နမှာတော့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြိုနယ်အတွင်းမှာ ထိမ်းသိမ်းခံထားရတဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ကျောက်ဖြူမြို့ခံ လည်းဖြစ် အမ်းမြိုနယ် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌလည်းဖြစ်တဲ့ ဦးဇော်ဝင်းမြင့်က အခုလိုပြောပါတယ်။

“’ဒီနေရာမှာ ဒီနေ့ ကျောက်ဖြူမြို့ ဘုရားကြီးတောင်ဝင်း ဆိုတာရှိတယ်။ အဲဒီမှာ စုရပ်ထားပြီးတော့ ဆန္ဒပြကြတာ။ ဘုရားကြီးတောင်ဝင်း မြတန်ဆောင် ဆရာတော်က ဦးဆောင်ပြီးတော့လုပ်တယ်။ ကြွေးကြော်သံတွေကတော့ တိုင်းရင်းသား လက်နက်ကို်င် အဖွဲ့များ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါ၀င်နိုင်ရေး။ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့် ပေးရေး။ သံသယဖြင့် ဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ သံသယဖြင့် ဖမ်းဆီးခံရသူများကို တရားဥပဒေနှင့်အညီ ဖော်ဆောင်ပေးရေး၊ နောက် ငါးကတော့ သံသယဖြင့် ဖမ်းဆီးခြင်းကို ရပ်တန့်ရေး အဲဒီ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ လူဦးရေက နှစ်ရာ ၀န်းကျင်ပါ။ ”

ကျောက်ဖြူမြိုနယ် ဆန္ဒပြပွဲမှာတော့ အမျိုးသားရေး လက္ခဏာဆောင်တဲ့ သဘောတွေ မတွေ့ ရကြောင်း ဆက်ပြောပြပါတယ်။

“အမျိုးသားရေးနဲ့ မဆိုင်တော့ဘူးပေါ့။ AA နဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေးကိုပဲ သူတို့ လိုချင်တာပါ။ ဒီနေရာမှာ AA လို့ မသုံးထားဘူး။ AA လို့ တိုက်ရိုက် မသုံးထားဘူး။ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ပါ၀င်မှုရယ်၊ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်မှု ကို ရပ်တန့်ဖို့ရယ်၊ သံသယနဲ့ ဖမ်းဆီးတာတွေကို ရပ်တန့်ဖို့ရယ်။ အဲလိုပဲ သံသယနဲ့ နောက်ထပ် မဖမ်းဆီးဖို့ရယ် ဆိုတာလေးတွေပါပါတယ်။ ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁/၂၀၁၆ ထွက်ပြီးတဲ့ နောက်တရက်ဖြစ်တဲ့ ဧပြီလ ၈ရက်နေ့ မှာ လက်ပံတန်းမှာ ထိမ်းသိမ်းခံရတဲ့ ကျောင်းသားတွေကို ပြန်လည်လွတ်မြောက်လာခဲ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မြောက်သေးပေမဲ့ အမူရုပ်သိမ်းဖို့ ကျန်သေးတာတွေ ရှိနေတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီး ရုံဖွင့်ချိန်မှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နောက်ထပ်ထွက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားတာပါ။

သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လွတ်ငြိမ်းသက်သာခွင့် ရရှိပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် လိုအပ်တဲ့စီစစ်မူများဆောင်ရွက်ပြီး  ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့  ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment