Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 7, 2016

နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း ပြောင်းလဲမှုများကို ဒေါ်အောင်ဆန်းစုကြည် စတင်

ရန်ကုန်၊ ဧပြီ ရ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း အပြောင်းအလဲများ စတင်ပြုလုပ်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် အစိုးရသစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ပြီးနောက် ပြည်ပတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အတွင်းဝန်တစ်ဦးနှင့် သံအမတ်ကြီးတစ်ဦးကို ပြည်တွင်းသို့ ပြန်လည်ခေါ်ယူထားကြောင်း ၎င်းကဆိုသည်။
“တစ်ယောက်ကတော့ UN က အမြဲတမ်းအတွင်းဝန် ဦးကျော်တင်ကို ပြန်ခေါ်တယ်။ နောက်တစ်ယောက်ကတော့ သြစတြေးလျသံအမတ်ကြီး ဦးမင်းသိန်းကိုလည်း ပြန်ခေါ်ထားတယ်၊ ရုံးတွင်းညွှန်ကြားချက်တွေပေါ့နော်”ဟု ၎င်းကဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းအတွင်းဝန် ဦးကျော်တင်ကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားသော်လည်း သြစတြေးလျနိုင်ငံ သံအမတ်ကြီး ဦးမင်းသိန်းကိုမူ မည်သည့်အတွက်ကြောင့် ခေါ်ယူခြင်းကိုမူ မသိရှိသေးကြောင်း ၎င်းကရှင်းပြသည်။
“ဒါကတော့ ဒီလူတွေကို ပြန်ခေါ်တယ်ဆိုတာကိုပဲ စာထွက်တာပါ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျွန်တော်တို့လည်းမသိပါဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက်ရှိသည်။
ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများသည် ဥပဒေချိုးဖောက်ပါက မည်သည့် အကျိုးဆက်များရရှိမည်ကို သိရှိထားပြီး မိမိကိုယ်ကို ထိန်းကျောင်းမည်ဆိုပါက ဝန်ထမ်းများ၏ အလုပ်လုံခြုံမှု ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၆ ရက်နေ့ ဌာနတွင်း ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

Credit: The Voice Weekly
....
ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတြင္း ေျပာင္းလဲမႈမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ စတင္

ရန္ကုန္၊ ဧၿပီ ၇
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢဳိလ္အျဖစ္ ခန္႔အပ္ျခင္းခံရသူ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ယူထားေသာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတြင္း အေျပာင္းအလဲမ်ား စတင္ျပဳလုပ္လ်က္ရွိေၾကာင္း ယင္းဝန္ႀကီးဌာန၏ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိန္ဦးက ေျပာၾကားသည္။
ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ အစိုးရသစ္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခန္႔အပ္ၿပီးေနာက္ ျပည္ပတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္း အတြင္းဝန္တစ္ဦးႏွင့္ သံအမတ္ႀကီးတစ္ဦးကို ျပည္တြင္းသို႔ ျပန္လည္ေခၚယူထားေၾကာင္း ၎ကဆိုသည္။
“တစ္ေယာက္ကေတာ့ UN က အၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္တင္ကို ျပန္ေခၚတယ္။ ေနာက္တစ္ေယာက္ကေတာ့ ၾသစေၾတးလ်သံအမတ္ႀကီး ဦးမင္းသိန္းကိုလည္း ျပန္ေခၚထားတယ္၊ ႐ုံးတြင္းညႊန္ၾကားခ်က္ေတြေပါ့ေနာ္”ဟု ၎ကဆိုသည္။
ကုလသမဂၢဆိုင္ရာ ျမန္မာႏိုင္ငံကိုယ္စားျပဳ အၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္တင္ကိုမူ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ခန္႔အပ္ထားေသာ္လည္း ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီး ဦးမင္းသိန္းကိုမူ မည္သည့္အတြက္ေၾကာင့္ ေခၚယူျခင္းကိုမူ မသိရွိေသးေၾကာင္း ၎ကရွင္းျပသည္။
“ဒါကေတာ့ ဒီလူေတြကို ျပန္ေခၚတယ္ဆိုတာကိုပဲ စာထြက္တာပါ။ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ကေတာ့ ကြၽန္ေတာ္တို႔လည္းမသိပါဘူး” ဟု ၎ကဆိုသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ဦးေဆာင္ေသာ အစိုးရအဖြဲ႕တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ သမၼတ႐ုံးဝန္ႀကီးဌာနတို႔၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္က တာဝန္ယူလ်က္ရွိသည္။
ထို႔အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတြင္းရွိ ဝန္ထမ္းမ်ားသည္ ဥပေဒခ်ဳိးေဖာက္ပါက မည္သည့္ အက်ဳိးဆက္မ်ားရရွိမည္ကို သိရွိထားၿပီး မိမိကိုယ္ကို ထိန္းေက်ာင္းမည္ဆိုပါက ဝန္ထမ္းမ်ား၏ အလုပ္လုံၿခံဳမႈ ရရွိမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးေဒၚေအာင္ဆန္းစုၾကည္က ဧၿပီလ ၆ ရက္ေန႔ ဌာနတြင္း ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ေျပာၾကားထားသည္။

Credit: The Voice Weekly

No comments:

Post a Comment