Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

ေၾကာ္ျငာပိတ္လုိ႔ရတဲ့ လုပ္ေဆာင္ခ်က္ကုိ Opera browser ထဲမွာ တစ္ပါတည္း ထည့္သြင္းေပးလိုက္ၿပီ

Web browser ေတြထဲမွာ အေစာဆုံး browser တစ္ခုျဖစ္တဲ့ နာမည္ေက်ာ္ Opera ဟာ desktop သုံး browser ဗားရွင္းအသစ္ကို ယမန္ေန႔က စတင္မိတ္ဆက္လုိက္ပါတယ္။

ဒီ update ရဲ့ ထူးျခားခ်က္ေတာ့ ေၾကာ္ျငာပိတ္ adblocker ကို browser ထဲမွာတင္ built-in ထည့္သြင္းေပးထားတာ ျဖစ္ျပီး၊ နာမည္ၾကီး browser ေတြထဲမွာ adblocker ကို တပါတည္းထည့္သြင္းေပးတဲ့ ပထမဆုံး browser အျဖစ္ မွတ္တမ္း ၀င္သြားခဲ့ပါတယ္။

Adblocker ကို browser ထဲမွာ built-in ထည့္သြင္းေပးလုိက္တဲ့ အက်ိဳးေက်းဇူးအေနနဲ႔ တျခား third party ျပင္ပ Adblocker ေတြကို ထည့္သုံးေနရတဲ့ browser ေတြထက္ Opera က ျမန္ႏွဳန္းသိသိသာသာ ျမန္လာမွာ ျဖစ္တယ္လို႔ Opera က ဆုိပါတယ္။

Adblock ကို ထပ္မံထည့္သြင္းထားရတဲ့ Chrome နဲ႔ ယွဥ္ၾကည့္တဲ့အခါ built-in adblocker ပါတဲ့ Opera က ၀က္ဘ္စာမ်က္ႏွာေတြကို ဖြင့္ရာမွာ၊ ၄၅ ရာခိုင္ႏွုန္းပုိမုိျမန္ဆန္ေနတာကို ေတြ႔ရွိခဲ့ရျပီး၊ Firefox ထက္ ၂၁ ရာခိုင္ႏွဳန္း ပုိမုိျမန္ဆန္လာတာကိုေတြ႔ရွိခဲ့ရပါတယ္။

Opera ဟာ ဘေရာက္ဆာသမိုင္းတစ္ေလွ်ာက္မွာ ထူးျခားတဲ့ေရွ႔ေျပးတီထြင္မွဳေတြကို အျမဲတမ္း စတင္မိတ္ဆက္ေပးတဲ့ အစဥ္အလာရွိျပီး၊ တျခား ဘေရာက္ဆာေတြက Opera ရဲ့ ၀န္ေဆာင္မွဳေတြကို အျမဲ လုိက္လံအတုခုိးခဲ့ရပါတယ္။

ေနာ္ေ၀အေျခစိုက္ကုမၸဏီဟာ ကြန္ျပဴတာ၀က္ဘ္ဘေရာက္ဆာ Opera ကို ၁၉၉၅ ခုႏွစ္မွာ၊ ပထမဦးဆုံး စတင္မိတ္ဆက္ခဲ့ျပီး၊ ေအာင္ျမင္မွဳအစဥ္အလာၾကီးမားတဲ့ဘေရာက္ဆာတစ္ခုျဖစ္ပါတယ္။


Credit - digitaltimes.com.mm
သစ္ထူးလြင္
........................
 ကြော်ငြာပိတ်လို့ရတဲ့ လုပ်ဆောင်ချက်ကို Opera browser ထဲမှာ တစ်ပါတည်း ထည့်သွင်းပေးလိုက်ပြီ

Web browser တွေထဲမှာ အစောဆုံး browser တစ်ခုဖြစ်တဲ့ နာမည်ကျော် Opera ဟာ desktop သုံး browser ဗားရှင်းအသစ်ကို ယမန်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီ update ရဲ့ ထူးခြားချက်တော့ ကြော်ငြာပိတ် adblocker ကို browser ထဲမှာတင် built-in ထည့်သွင်းပေးထားတာ ဖြစ်ပြီး၊ နာမည်ကြီး browser တွေထဲမှာ adblocker ကို တပါတည်းထည့်သွင်းပေးတဲ့ ပထမဆုံး browser အဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါတယ်။

Adblocker ကို browser ထဲမှာ built-in ထည့်သွင်းပေးလိုက်တဲ့ အကျိုးကျေးဇူးအနေနဲ့ တခြား third party ပြင်ပ Adblocker တွေကို ထည့်သုံးနေရတဲ့ browser တွေထက် Opera က မြန်နှုန်းသိသိသာသာ မြန်လာမှာ ဖြစ်တယ်လို့ Opera က ဆိုပါတယ်။

Adblock ကို ထပ်မံထည့်သွင်းထားရတဲ့ Chrome နဲ့ ယှဉ်ကြည့်တဲ့အခါ built-in adblocker ပါတဲ့ Opera က ၀က်ဘ်စာမျက်နှာတွေကို ဖွင့်ရာမှာ၊ ၄၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်နေတာကို တွေ့ရှိခဲ့ရပြီး၊ Firefox ထက် ၂၁ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာတာကိုတွေ့ရှိခဲ့ရပါတယ်။

Opera ဟာ ဘရောက်ဆာသမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ရှေ့ပြေးတီထွင်မှုတွေကို အမြဲတမ်း စတင်မိတ်ဆက်ပေးတဲ့ အစဉ်အလာရှိပြီး၊ တခြား ဘရောက်ဆာတွေက Opera ရဲ့ ၀န်ဆောင်မှုတွေကို အမြဲ လိုက်လံအတုခိုးခဲ့ရပါတယ်။

နော်ဝေအခြေစိုက်ကုမ္ပဏီဟာ ကွန်ပြူတာဝက်ဘ်ဘရောက်ဆာ Opera ကို ၁၉၉၅ ခုနှစ်မှာ၊ ပထမဦးဆုံး စတင်မိတ်ဆက်ခဲ့ပြီး၊ အောင်မြင်မှုအစဉ်အလာကြီးမားတဲ့ဘရောက်ဆာတစ်ခုဖြစ်ပါတယ်။


Credit - digitaltimes.com.mm
သစ်ထူးလွင်

No comments:

Post a Comment