Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 15, 2016

MFOCN ကုမၸဏီမွ Cable ၾကိဳး ပိုက္လိုင္းသြယ္တန္းရာတြင္ စည္းမ်ဥ္းစည္းကမ္းႏွင့္မညီ၍ ေက်ာက္ျဖဴတြင္ တားျမစ္ခံရ


နိရဥၥရာ၊ မတ္လ ၁၆

ေက်ာက္ျဖဴျမိဳ႕တြင္ MFOCN (Myanmar Fiber Optic Communication Network Co.Ltd ) ကုမၸဏီမွ ဥပေဒ စည္းမ်ဥ္း စည္းကမ္းႏွင့္ အညီ ခြင့္ျပဳခ်က္ရယူျခင္းမရွိဘဲ Cable ၾကိဳးပိုက္လိုင္း သြယ္တန္း ေနသည္ဟု ဆိုကာ သက္ဆိုင္ရာအာဏာပိုင္ႏွင့္ ျမိဳ႕ခံမ်ားက သြယ္တန္းမႈကို ရပ္တန္ ႔ ထားရန္ တားျမစ္ထားေၾကာင္း သိရသည္။

MFOCN ကုမၸဏီမွ Cable ၾကိဳးပိုက္လိုင္းသြယ္တန္းေနမွဳကို ဥပေဒစည္းမ်ဥ္း စည္းကမ္းႏွင့္အညီ ခြင့္ျပဳခ်က္ ရယူျခင္းမရွိဘဲ ျပဳလုပ္ေနသည္ဟုဆိုကာ စည္ပင္သာယာေရးအဖြဲ႔ရံုးတြင္ သက္ရာဆိုင္ရာ အာဏာပိုင္မ်ား၊ စည္ပင္သာယာေရး ေကာ္မတီ၀င္မ်ား၊ ျမိဳ႕မိျမိဳ႕ဖမ်ားႏွင့္ ျမိဳ႕လူငယ္မ်ားမွ အစည္းအေ၀းျပဳလုပ္ျပီး တားျမစ္ လိုက္ျခင္းျဖစ္သည္။


MFOCN ကုမၸဏီမွ ဖုန္းလိုင္းအတြက္ စည္းမ်ဥ္းႏွင့္အညီ ခြင့္ျပဳခ်က္မယူဘဲ Cable ၾကိဳးပိုက္လိုင္းသြယ္တန္း ေနေသာေၾကာင့္ သက္ဆိုင္ရာႏွင့္ျမိဳ႕ခံေတြ အစည္းအေ၀းျပဳလုပ္ျပီး တားျမစ္ရျခင္းျဖစ္တယ္လို႔ ေက်ာက္ျဖဴျမိဳ႕ စည္ပင္ သာယာေရး ေကာ္မတီဥကၠဌ ဦးသန္းလြင္ ကေျပာသည္။

”ခြင့္ျပဳခ်က္လည္း မရွိဘူး။ အသိေပးတာလည္းမရွိဘူး။ ေျမာင္းေတြ ကတၱရာလမ္းေတြကိုျဖတ္ျပီး တူးထားတယ္။ လမ္းေတြ ပ်က္စီး သြားတဲ့ေနရာေတြရွိတယ္။ ဘယ္ကုမၸဏီကလဲေမးတာကိုေတာင္ သိပ္မေျဖခ်င္ဘူး။ လိုင္းဘယ္ေနရာက သြားမလဲဆိုတာသိဖို႔လိုတယ္။ သူတို႔သြားလုပ္ခ်င္တဲ့ေနရာက သြားလို႔မရဘူး။ စည္းကမ္းနဲ႔ အညီ လုပ္ဖို႔လိုပါတယ္“ ဟု ဦးသန္းလြင္ ကေျပာသည္။

MFOCN ကုမၸဏီမွ တယ္လီေနာႏွင့္ ေအာ္ရီဒူး ဖုန္းလိုင္းေတြကို တစ္ဆင့္ျပန္လည္ေရာင္းခ်ရန္ Cable ၾကိဳးပိုက္လိုင္း သြယ္တန္းေနျခင္းျဖစ္ေၾကာင္း ေက်ာက္ျဖဴေဒသခံေတြကဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး MFOCN ကုမၸဏီမွ တာ၀န္ရွိသူေတြကို ဆက္သြယ္ျမန္းရန္ၾကိဳးစားခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ပါ။

ရခိုင္ျပည္နယ္အတြင္း ဂြျမိဳ႕နယ္၊ သံတြဲျမိဳ႕ နယ္ႏွင့္ ေတာင္ကုတ္ျမိဳ႕နယ္ တို႕တြင္လည္း တယ္လီေနာႏွင့္ ေအာ္ရီဒူး ဖုန္းကုမၸဏီမ်ားမွ Cable ၾကိဳးမ်ားသြယ္တန္းရာႏွင္ ့ တာ၀ါတိုင္မ်ား တည္ေဆာက္ရာတြင္ ကုမၼဏီအမည္ကို အတိအက် ေျပာဆိုျခင္း မရွိဘဲ MPT ျမန္မာ့ ဆက္သြယ္ေရးလိုင္းလိုလို ေျပာဆိုကာ တည္ေဆာက္ခဲ့မႈမ်ား ရွိခ့ဲသည္ဟု ေဒသခံမ်ားက သတင္းေပးပို႕သည္။

သုိ႕အတြက္ ဥယာဥ္ေတာမ်ား၊ လယ္ေျမမ်ား၊ ဓနိေတာမ်ား၊ အုန္းခင္မ်ား ပ်က္စီးခဲ့ေသာ္လည္း ျဖတ္သန္းခအတြက္ ေလ်ာ္ေၾကးေငြမ်ား ေဒသခံမ်ား တစ္စံုတစ္ရာ ရရွိခဲ့ျခင္း မရွိေၾကာင္း သိရသည္။

ေက်ာ္၀င္း (ေက်ာက္ျဖဴ)
Arakan State
https://www.facebook.com/NarinjaraNews

...............................................


နိရဥ္စရာ၊ မတ်လ ၁၆

ကျောက်ဖြူမြို့တွင် MFOCN (Myanmar Fiber Optic Communication Network Co.Ltd ) ကုမ္ပဏီမှ ဥပဒေ စည်းမျဉ်း စည်းကမ်းနှင့် အညီ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ Cable ကြိုးပိုက်လိုင်း သွယ်တန်း နေသည်ဟု ဆိုကာ သက်ဆိုင်ရာအာဏာပိုင်နှင့် မြို့ခံများက သွယ်တန်းမှုကို ရပ်တန် ့ ထားရန် တားမြစ်ထားကြောင်း သိရသည်။

MFOCN ကုမ္ပဏီမှ Cable ကြိုးပိုက်လိုင်းသွယ်တန်းနေမှုကို ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ပြုလုပ်နေသည်ဟုဆိုကာ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် သက်ရာဆိုင်ရာ အာဏာပိုင်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် မြို့လူငယ်များမှ အစည်းအဝေးပြုလုပ်ပြီး တားမြစ် လိုက်ခြင်းဖြစ်သည်။



MFOCN ကုမ္ပဏီမှ ဖုန်းလိုင်းအတွက် စည်းမျဉ်းနှင့်အညီ ခွင့်ပြုချက်မယူဘဲ Cable ကြိုးပိုက်လိုင်းသွယ်တန်း နေသောကြောင့် သက်ဆိုင်ရာနှင့်မြို့ခံတွေ အစည်းအဝေးပြုလုပ်ပြီး တားမြစ်ရခြင်းဖြစ်တယ်လို့ ကျောက်ဖြူမြို့ စည်ပင် သာယာရေး ကော်မတီဥက္ကဌ ဦးသန်းလွင် ကပြောသည်။

”ခွင့်ပြုချက်လည်း မရှိဘူး။ အသိပေးတာလည်းမရှိဘူး။ မြောင်းတွေ ကတ္တရာလမ်းတွေကိုဖြတ်ပြီး တူးထားတယ်။ လမ်းတွေ ပျက်စီး သွားတဲ့နေရာတွေရှိတယ်။ ဘယ်ကုမ္ပဏီကလဲမေးတာကိုတောင် သိပ်မဖြေချင်ဘူး။ လိုင်းဘယ်နေရာက သွားမလဲဆိုတာသိဖို့လိုတယ်။ သူတို့သွားလုပ်ချင်တဲ့နေရာက သွားလို့မရဘူး။ စည်းကမ်းနဲ့ အညီ လုပ်ဖို့လိုပါတယ်“ ဟု ဦးသန်းလွင် ကပြောသည်။

MFOCN ကုမ္ပဏီမှ တယ်လီနောနှင့် အော်ရီဒူး ဖုန်းလိုင်းတွေကို တစ်ဆင့်ပြန်လည်ရောင်းချရန် Cable ကြိုးပိုက်လိုင်း သွယ်တန်းနေခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံတွေကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး MFOCN ကုမ္ပဏီမှ တာဝန်ရှိသူတွေကို ဆက်သွယ်မြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း ဂွမြို့နယ်၊ သံတွဲမြို့ နယ်နှင့် တောင်ကုတ်မြို့နယ် တို့တွင်လည်း တယ်လီနောနှင့် အော်ရီဒူး ဖုန်းကုမ္ပဏီများမှ Cable ကြိုးများသွယ်တန်းရာနှင် ့ တာဝါတိုင်များ တည်ဆောက်ရာတွင် ကုမ္မဏီအမည်ကို အတိအကျ ပြောဆိုခြင်း မရှိဘဲ MPT မြန်မာ့ ဆက်သွယ်ရေးလိုင်းလိုလို ပြောဆိုကာ တည်ဆောက်ခဲ့မှုများ ရှိခဲ့သည်ဟု ဒေသခံများက သတင်းပေးပို့သည်။

သို့အတွက် ဥယာဉ်တောများ၊ လယ်မြေများ၊ ဓနိတောများ၊ အုန်းခင်များ ပျက်စီးခဲ့သော်လည်း ဖြတ်သန်းခအတွက် လျော်ကြေးငွေများ ဒေသခံများ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment