Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ေဆးလိပ္ေသာက္သူမ်ား ျဖစ္ေလ့ရွိသည့္ ဘားဂါး (Buerger) ေရာဂါ


ဘားဂါး (Buerger) ေရာဂါ ဆိုတာဘာလဲ?

ဘားဂါးဆိုတာဟာ ေၿခေထာက္နဲ႔ လက္ေတြမွာ ရွိတဲ့ ေသးငယ္ေသာ သို႔မဟုတ္ အလယ္ အလတ္ ရွိေသာ ေသြး လႊတ္ေၾကာ နဲ႔ ေသြးၿပန္ေၾကာေတြ ေယာင္ ရမ္းၿခင္း ႏွင့္ ပိတ္ဆို႔ၿခင္းတို႔ ခဏခဏ ၿဖစ္ေပၚေနၿခင္းကို ဆိုလိုပါတယ္ ။ ဒါဟာ ေဆးလိပ္ေသာက္ သံုးၿခင္းနဲ႔ အလြန္အမင္း သက္ဆိုင္လ်က္ ရွိပါတယ္ ။ ေဆးလိပ္ ေသာက္သံုး သူမ်ား အပါအ၀င္ ေဆးလိပ္မေသာက္ေပမယ့္ လည္း ေဆးရြက္ၾကီးစားသံုးသူေတြ Tobacco နဲ႔ပါတ္သတ္တဲ့ ထုတ္ကုန္မွန္သမွ် သံုးစြဲသူေတြမွာ ၿဖစ္ေစႏိုင္ပါတယ္ ။

အၿဖစ္မ်ားေစတဲ့ အခ်က္ေတြ ။

စီးကရက္ေသာက္သံုးၿခင္းဟာ ဘားဂါးကို အၿဖစ္မ်ားေစတဲ့ အဓိက အခ်က္ပါ ။ ေဆးလိပ္ အရမ္းေသာက္ သူေတြ ဥပမာ တစ္ေန႔ကို တစ္ဗူး ႏွုန္း ေသာက္ သံုးသူေတြဟာ ဘားဂါးၿဖစ္ ေစဖို႔ အခြင့္အလမ္းမ်ားသူေတြ ၿဖစ္ပါတယ္ ။ ေဆးရြက္ၾကီး ငံုတဲ့လူေတြ ကြမ္းစားရင္ ေဆးရြက္ၾကီးထည့္စားသူေတြ လည္း ဘားဂါးေရာဂါ ၿဖစ္ပြားေစႏိုင္ပါတယ္ ။ လက္နဲ႔လိပ္တဲ့ ေဆးေပါ့လိပ္ (ဖက္ၾကမ္း) ကိုေသာက္သံုးေတြက ၿဖစ္ပြားႏိုင္ေၿခ ပိုမ်ားပါတယ္ ။ Tobacco မွာပါ၀င္တဲ့ ဓါတုပစၥည္းေတြက သင့္ေသြးေၾကာနံရံေတြကို ထိခိုက္ေစပါတယ္ ။ သူတို႔ကို ေရာင္ရမ္းလာေစပါတယ္ ။ ဘားဂါးၿဖစ္ပြားမႈႏွုန္း ဟာ ေဆးလိပ္ေသာက္ မႈမ်ားတဲ့ Middle East နဲ႔ East မွာ ပိုမ်ားပါတယ္ ။ သင္ဟာ ေဆးလိပ္ေသာက္သံုးသူ တစ္ေယာက္ မဟုတ္ခဲ့ဘူး ဆိုရင္ေတာင္မွ သင့္မွာ ဘားဂါး ၿဖစ္ေနၿပီ ဆိုရင္ေတာ့ ေဆးလိပ္ေသာက္ သူမ်ားနဲ႔ ေ၀းေ၀းေန သင့္ပါတယ္ ။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ရဲ႔ ေဆးလိပ္ေငြ႔ကလည္း သင့္ကို ထိခိုက္ေစ ပါတယ္ ။

ဘားဂါးရဲ႔ ေရာဂါ လကၡဏာေတြ ။

၁ ။ ေၿခေထာက္မွာ နာက်င္လာၿခင္းနဲ႔ အားနည္းလာၿခင္း လက္မ်ားနာက်င္လာၿခင္း လက္ေမာင္းမ်ား နာက်င္လာ ၿခင္းနဲ႔အားနည္းလာၿခင္း ။
၂ ။ သင့္ရဲ႔ လက္ေတြ ေၿခေထာက္ေတြ ေရာင္ရမ္းလာၿခင္း ။
၃ ။ လက္ေခ်ာင္းေလးေတြနဲ႔ ေၿခမ ၊ ေၿခေခ်ာင္းေလးေတြဟာ ၿဖဴေဖ်ာ့လာၿပီး အထူးသၿဖင့္ ေအးတဲ့အခါမွာ ပိုသိသာပါတယ္ ။ ဒါကို Raynaud's phenomenon လို႔ေခၚပါတယ္။

ဘားဂါးကေန ဘာေတြ ဆက္ၿဖစ္လာႏိုင္သလဲ ။

ဘားဂါးေရာဂါက ပိုဆိုးလာၿပီဆိုရင္ သင့္ရဲ႔ လက္ေတြ ေၿခေထာက္ေတြ ကို ေသြးပို႔မႈႏွုန္းေသြး စီးဆင္းမ ႈႏွုန္း နည္းလာပါတယ္ ။ ဒါဟာ ေသြးေတြက လက္ေခ်ာင္းေလးေတြ ေၿခေခ်ာင္းေလး ေတြစီ စီးဆင္းရာမွာ ပိတ္ဆို႔တဲ့ အတားအဆီးေတြ (Blood clots) ရွိေနတဲ့အ တြက္ေၾကာင့္ပါ ။ ဒါေၾကာင့္ ေသြးေတြက ေအာက္ဆီဂ်င္နဲ႔ အာဟာ ရေတြကို တစ္ရွုးေတြဆီကို မပို႔ေပးႏိုင္ေတာ့ ပါဘူး ။ ဒါေၾကာင့္ ေၿခဖ်ားလက္ဖ်ားေလးေတြမွာ ရွိတဲ့ တစ္ရွုးေလးေတြ ေသဆံုးသြားပါတယ္ ။ ဒါကို gangrene လို႔ေခၚပါတယ္ ။ ဂမ္ဂရင္း ရဲ႔ လကၡဏာေတြကေတာ့ အေရၿပား ဟာ အမဲေ၇ာင္ အၿပာေရာင္ေၿပာင္းသြားၿခင္း ၿဖစ္တဲ့ ေၿခေခ်ာင္းလက္ေခ်ာင္းမွာ အာရံုခံစားမႈ မရွိေတာ့ၿခင္း ၿဖစ္တဲ့ ေနရာမွာ အနံ႔ နံလာၿခင္း စသည္တို႔ ၿဖစ္ပါတယ္ ။ဂမ္ဂရင္း ၿဖစ္ၿပီဆိုရင္ေတာ့ ၿဖစ္တဲ့ ေၿခေခ်ာင္းလက္ေခ်ာင္းကို ၿဖတ္ထုတ္ပစ္ဖို႔ လိုအပ္ပါတယ္ ။

ကုသမႈနဲ႔ ေဆး၀ါးေတြ ။

ဘာကုသမႈမွ ဘားဂါးကို မကုႏိုင္ပါဘူး ။ သင့္ရဲ႔ ဆရာ၀န္ကလည္း သင္ၿဖစ္ေနတဲ့ ခံစားမႈေတြ လကၡဏာေတြကို ေလ်ာ့နည္းသြားေအာင္ ကုသမႈ အမ်ိဳးမ်ိဳးနဲ႔ ခ်ဥ္းကပ္ယံုပဲ ရွိပါလိမ့္မယ္ ။ အဲဒါေတြကေတာ့

၁ ။ သင္ေဆးလိပ္ၿဖတ္ဖို႔ အကူအညီေပးႏိုင္ တဲ့ ေဆး ၀ါးေတြ ႏွစ္သိမ့္ေဆြးေႏြးေပးၿခင္း။ သင့္ရဲ႔ ေသြးေၾကာေတြ ေရာင္ရမ္းမႈ သက္သာေအာင္ ေဆးေပးၿခင္း ။
၂ ။ သင့္ရဲ႔ ေသြးလည္ပတ္မႈေကာင္းေအာင္ ခဲေနတဲ့ေသြးေတြ ၿပန္က်ဲ သြားေအာင္ ေဆးေပးၿခင္း (ဥပမာ Cilostazol )
၃ ။ ၿဖစ္ပြားတဲ့ ေနရာက အာရံုေၾကာေတြကို ၿဖတ္ေတာက္ပစ္ၿခင္း (ဒါကေတာ့ နာတာကို သက္သာေစဖို႔ပါ )
၄ ။ ေၿခေထာက္ လက္ ၿဖတ္ထုတ္ပစ္ၿခင္း (အကယ္၍ ပိုး၀င္ေနတယ္ ပုပ္ေနၿပီဆိုရင္ လုပ္ေဆာင္ရမွာ ၿဖစ္ပါတယ္ )

ဘယ္လိုကာကြယ္မလဲ ။

သင္ဟာ ဘားဂါးၿဖစ္ေနၿပီ လို႔ သိတာနဲ႔ တၿပိဳင္နက္ ေဆးလိပ္ေသာက္သံုးတာကို ခ်က္ခ်င္း ၿဖတ္ပစ္ရမွာ ၿဖစ္ပါတယ္ ။ ထူးဆန္းတာတစ္ခ်က္က ေတာ့ သင္ေဆး လိပ္ၿဖတ္လိုက္တာနဲ႔ တၿပိဳင္နက္ သင့္ရဲ႔ ေၿခ လက္ေတြ ေသြးေၾကာေတြေရာင္ ရမ္း ေနတာေတြ ခ်က္ခ်င္းသက္ သာ သြားၿခင္း ၿဖစ္ပါတယ္ ။ ေဆးလိပ္ အခ်ိန္မွီၿဖတ္ပစ္တဲ့ လူအမ်ားစုဟာ ေၿခလက္ေတြ ၿဖတ္ပစ္စရာ မလိုအပ္ေတာ့ ပါဘူး ။ ဆက္ေသာက္ေနမယ္ဆိုရင္ေတာ့ သင္ရဲ႔ ဘားဂါးကို ပိုဆိုးေစၿပီး သင့္ရဲ႔ ေၿခလက္ေတြ ဖယ္ရွားပစ္ခံရမွာ ၿဖစ္ပါတယ္ ။

ေဆးလိပ္ၿဖတ္ဖို႔ဟာ ခက္ခဲလွပါတယ္။ သင္ဟာ ေဆးလိပ္ေသာက္သံုးသူ အမ်ားစုထဲက တစ္ေယာက္ဆိုရင္ သူတို႔လိုပဲ အတိတ္တုန္းက ေဆးလိပ္ၿဖတ္ဖို႔ ၾကိဳးစားခဲ့ဖူးမွာပါ ။ဒါေပမယ့္ ေအာင္ၿမင္ခဲ့မွာမဟုတ္ပါဘူး ။ ဆရာ၀န္နဲ႔ တိုင္ပင္ၿပီး သင့္ ၿပႆနာကို ေၿပာၿပပါ ။ သင့္ဒုကၡကို ကူညီေပးႏိုင္မယ့္ ေဆး၀ါးေတြ ရွိပါတယ္ ။ ပီေက၀ါးၿခင္းနဲ႔ စိတ္အာရံုေၿပာင္းၿခင္း ။ ေနာက္တစ္ခုကေတာ့ နီကိုတင္း အစား ထိုး ထုတ္ကုန္ေတြကို သံုးစြဲၿခင္းပဲ ၿဖစ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ နီကိုတင္းကလည္း ဘားဂါးကို ပိုဆိုးေစတဲ့အရာၿဖစ္တဲ့အတြက္ပါ ။ ေနာက္တစ္ နည္းကေတာ့ ေဆးလိပ္ၿဖတ္ ပရိုဂရမ္ကို အသံုးၿပဳၿခင္းပဲ ၿဖစ္ပါတယ္ ။ ဒါကေတာ့ ေဆးရံု ေဆးခန္းမွာ ရက္အနည္းငယ္သြားေနၿပီး ကုသမႈ ခံယူၿခင္းပဲ ၿဖစ္ပါတယ္ ။ အဲဒီအခ်ိန္ေတြမွာ သင္ဟာ လူမႈေရး လုပ္ငန္းေတြမွာ ပါ၀င္ေဆာင္ ရြက္ၿခင္း ကုသိုလ္ေရး ေတြ လုပ္ေဆာင္ၿခင္းအားၿဖင့္ သင့္ကို Tobacco free world ထဲကိုေခၚေဆာင္သြား မွာ ၿဖစ္ပါတယ္ ။

အိမ္မွာေနရင္းနဲ႔ ဘာေတြ လုပ္ေဆာင္မလဲ ။

သင့္မွာ ဘားဂါး ရွိေနၿပီဆိုရင္ သင့္ေၿခေခ်ာင္းေတြလက္ေခ်ာင္းေတြကို ဂရုစိုက္ပါ ။ သင့္ရဲ႔ အေရၿပားေပၚက ၿခစ္ရာ ရွရာေတြကို သတိထားပါ သင္ဟာ အာရံုခံစားမႈ ရွိေနေသးလား မရွိေတာ့ဘူးလား ဆိုတာ စမ္းစစ္ပါ ။ ေၿခလက္ေတြ ေအးေနၿခင္း ဟာ သင္ဟာ ပိုးမႊားအလြယ္တကူ ၀င္ေ၇ာက္ကူးစက္ခံႏုိင္ရတဲ့ အေၿခအေနၿဖစ္ ပါတယ္ ။

စာေရးသူ....သက္တန္႔ခ်ိဳ (၁၁း၁၀ ည ၆.၁၁.၀၉)

ရွယ္ေပးျခင္းျဖင့္ ဘားဂါး (Buerger) ေရာဂါ မျဖစ္ပြားေအာင္ ကူညီေပးပါ။ ေက်းဇူးတင္ပါသည္။
................
ဆေးလိပ်သောက်သူများ ဖြစ်လေ့ရှိသည့် ဘားဂါး (Buerger) ရောဂါ

ဘားဂါး (Buerger) ရောဂါ ဆိုတာဘာလဲ?

ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ် အလတ် ရှိသော သွေး လွှတ်ကြော နဲ့ သွေးပြန်ကြောတွေ ယောင် ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါတယ် ။ ဒါဟာ ဆေးလိပ်သောက် သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများ အပါအဝင် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ Tobacco နဲ့ပါတ်သတ်တဲ့ ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။

အဖြစ်များစေတဲ့ အချက်တွေ ။

စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ် အရမ်းသောက် သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူး နှုန်း သောက် သုံးသူတွေဟာ ဘားဂါးဖြစ် စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင် ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ် ။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာပါ၀င်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ် ။ သူတို့ကို ရောင်ရမ်းလာစေပါတယ် ။ ဘားဂါးဖြစ်ပွားမှုနှုန်း ဟာ ဆေးလိပ်သောက် မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက် သူများနဲ့ ဝေးဝေးနေ သင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေ ပါတယ် ။

ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ ။

၁ ။ ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း လက်များနာကျင်လာခြင်း လက်မောင်းများ နာကျင်လာ ခြင်းနဲ့အားနည်းလာခြင်း ။
၂ ။ သင့်ရဲ့ လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း ။
၃ ။ လက်ချောင်းလေးတွေနဲ့ ခြေမ ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာပြီး အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယ် ။ ဒါကို Raynaud's phenomenon လို့ခေါ်ပါတယ်။

ဘားဂါးကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ။

ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် သင့်ရဲ့ လက်တွေ ခြေထောက်တွေ ကို သွေးပို့မှုနှုန်းသွေး စီးဆင်းမ ှုနှုန်း နည်းလာပါတယ် ။ ဒါဟာ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေး တွေစီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ (Blood clots) ရှိနေတဲ့အ တွက်ကြောင့်ပါ ။ ဒါကြောင့် သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာ ရတွေကို တစ်ရှုးတွေဆီကို မပို့ပေးနိုင်တော့ ပါဘူး ။ ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှုးလေးတွေ သေဆုံးသွားပါတယ် ။ ဒါကို gangrene လို့ခေါ်ပါတယ် ။ ဂမ်ဂရင်း ရဲ့ လက္ခဏာတွေကတော့ အရေပြား ဟာ အမဲရောင် အပြာရောင်ပြောင်းသွားခြင်း ဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ် ။ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ် ။

ကုသမှုနဲ့ ဆေးဝါးတွေ ။

ဘာကုသမှုမှ ဘားဂါးကို မကုနိုင်ပါဘူး ။ သင့်ရဲ့ ဆရာဝန်ကလည်း သင်ဖြစ်နေတဲ့ ခံစားမှုတွေ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှု အမျိုးမျိုးနဲ့ ချဉ်းကပ်ယုံပဲ ရှိပါလိမ့်မယ် ။ အဲဒါတွေကတော့

၁ ။ သင်ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးနိုင် တဲ့ ဆေး ၀ါးတွေ နှစ်သိမ့်ဆွေးနွေးပေးခြင်း။ သင့်ရဲ့ သွေးကြောတွေ ရောင်ရမ်းမှု သက်သာအောင် ဆေးပေးခြင်း ။
၂ ။ သင့်ရဲ့ သွေးလည်ပတ်မှုကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲ သွားအောင် ဆေးပေးခြင်း (ဥပမာ Cilostazol )
၃ ။ ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း (ဒါကတော့ နာတာကို သက်သာစေဖို့ပါ )
၄ ။ ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း (အကယ်၍ ပိုးဝင်နေတယ် ပုပ်နေပြီဆိုရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် )

ဘယ်လိုကာကွယ်မလဲ ။

သင်ဟာ ဘားဂါးဖြစ်နေပြီ လို့ သိတာနဲ့ တပြိုင်နက် ဆေးလိပ်သောက်သုံးတာကို ချက်ချင်း ဖြတ်ပစ်ရမှာ ဖြစ်ပါတယ် ။ ထူးဆန်းတာတစ်ချက်က တော့ သင်ဆေး လိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက် သင့်ရဲ့ ခြေ လက်တွေ သွေးကြောတွေရောင် ရမ်း နေတာတွေ ချက်ချင်းသက် သာ သွားခြင်း ဖြစ်ပါတယ် ။ ဆေးလိပ် အချိန်မှီဖြတ်ပစ်တဲ့ လူအများစုဟာ ခြေလက်တွေ ဖြတ်ပစ်စရာ မလိုအပ်တော့ ပါဘူး ။ ဆက်သောက်နေမယ်ဆိုရင်တော့ သင်ရဲ့ ဘားဂါးကို ပိုဆိုးစေပြီး သင့်ရဲ့ ခြေလက်တွေ ဖယ်ရှားပစ်ခံရမှာ ဖြစ်ပါတယ် ။

ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲလှပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ အများစုထဲက တစ်ယောက်ဆိုရင် သူတို့လိုပဲ အတိတ်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးမှာပါ ။ဒါပေမယ့် အောင်မြင်ခဲ့မှာမဟုတ်ပါဘူး ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့် ပြဿနာကို ပြောပြပါ ။ သင့်ဒုက္ခကို ကူညီပေးနိုင်မယ့် ဆေးဝါးတွေ ရှိပါတယ် ။ ပီကေဝါးခြင်းနဲ့ စိတ်အာရုံပြောင်းခြင်း ။ နောက်တစ်ခုကတော့ နီကိုတင်း အစား ထိုး ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နီကိုတင်းကလည်း ဘားဂါးကို ပိုဆိုးစေတဲ့အရာဖြစ်တဲ့အတွက်ပါ ။ နောက်တစ် နည်းကတော့ ဆေးလိပ်ဖြတ် ပရိုဂရမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။ ဒါကတော့ ဆေးရုံ ဆေးခန်းမှာ ရက်အနည်းငယ်သွားနေပြီး ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ် ။ အဲဒီအချိန်တွေမှာ သင်ဟာ လူမှုရေး လုပ်ငန်းတွေမှာ ပါ၀င်ဆောင် ရွက်ခြင်း ကုသိုလ်ရေး တွေ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို Tobacco free world ထဲကိုခေါ်ဆောင်သွား မှာ ဖြစ်ပါတယ် ။

အိမ်မှာနေရင်းနဲ့ ဘာတွေ လုပ်ဆောင်မလဲ ။

သင့်မှာ ဘားဂါး ရှိနေပြီဆိုရင် သင့်ခြေချောင်းတွေလက်ချောင်းတွေကို ဂရုစိုက်ပါ ။ သင့်ရဲ့ အရေပြားပေါ်က ခြစ်ရာ ရှရာတွေကို သတိထားပါ သင်ဟာ အာရုံခံစားမှု ရှိနေသေးလား မရှိတော့ဘူးလား ဆိုတာ စမ်းစစ်ပါ ။ ခြေလက်တွေ အေးနေခြင်း ဟာ သင်ဟာ ပိုးမွှားအလွယ်တကူ ၀င်ရောက်ကူးစက်ခံနိုင်ရတဲ့ အခြေအနေဖြစ် ပါတယ် ။

စာရေးသူ....သက်တန့်ချို (၁၁း၁၀ ည ၆.၁၁.၀၉)

ရှယ်ပေးခြင်းဖြင့် ဘားဂါး (Buerger) ရောဂါ မဖြစ်ပွားအောင် ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

No comments:

Post a Comment