CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, March 19, 2016
အိမ္အကူအားဒဏ္ရာ ရရွိေအာင္ ညႇဥ္းပန္းႏွိပ္စက္ ဒဏ္ရာရရွိေအာင္ အႀကိမ္ႀကိမ္႐ိုက္ခဲ့သူကုိ အေရးယူ
မႏၲေလးၿမိဳ႕သစ္ (၁)ရပ္ကြက္ တ-၂/၉ဝတြင္ တန္႔ယန္းၿမိဳ႕နယ္ မွ အိမ္အကူမိန္းကေလးအား အိမ္ရွင္ လင္မယားက ေန႔စဥ္ညႇဥ္းပန္း ႏိွက္စက္ေနေၾကာင္း ယခုလ ၁၆ ရက္ Facebook လူမႈကြန္ရက္ တြင္ပါရွိေသာ သတင္းႏွင့္ပတ္သက္ ၍ ျဖစ္ရပ္မွန္ သိရွိႏိုင္ရန္ ယခုလ ၁၆ ရက္ မြန္းလြဲ ၁ နာရီခြဲက ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္(၁၁) နယ္ေျမရဲစခန္းမွဴးရဲအုပ္ဝင္းဗိုလ္ ႏွင့္အဖြဲ႕၊ ၿမိဳ႕သစ္(၁)ရပ္ကြက္ အကြက္မွဴးဦးမ်ဳိးထြန္း၊ ဦးေမာင္ ျမင့္ႏွင့္ ရပ္ကြက္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအဖြဲ႕ဝင္ ေဒၚဝါဝါ ျမင့္တို႔သည္ လူမႈကြန္ရက္သတင္းပါ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၆၃လမ္း သဇင္လမ္းႏွင့္ ငုျပာလမ္းၾကား တ-၂/၉ဝ ေနအိမ္သို႔ သြားေရာက္ စုံစမ္းရာ အိမ္ရွင္စိုင္းဝင္းေအာင္ (၃၂ႏွစ္) ဇနီးမၾကည္ၾကည္လင္း (၃၅ႏွစ္)တို႔ႏွင့္အတူ အိမ္အကူ မေအးနန္း(၁၄ႏွစ္) လြဳိင္ေမာ္-မန္း ပန္းေက်းရြာ တန္႔ယန္းၿမိဳ႕နယ္၏ မ်က္ႏွာတြင္ ကုတ္ျခစ္ဒဏ္ရာ၊ ယာနားေနာက္၊ ဝဲလက္ေမာင္း ညိဳမည္းဒဏ္ရာမ်ား ေတြ႕ရွိခဲ့သည္။
မေအးနန္းအား ၿမိဳ႕သစ္(၁) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးသို႔ ေခၚယူ စစ္ေမးရာ မေအးနန္းသည္ လြန္ ခဲ့သည့္ ႏွစ္ႏွစ္ေက်ာ္က အိမ္ရွင္မၾကည္ၾကည္လင္း၏အစ္မ မေအး ေအးခိုင္၏ ဆက္သြယ္ေပးမႈျဖင့္ စိုင္းဝင္းေအာင္ႏွင့္ မၾကည္ၾကည္ လင္းတို႔၏ေနအိမ္တြင္ အိမ္အကူအျဖစ္ လုပ္ကိုင္လ်က္ရွိေၾကာင္း၊ မၾကည္ၾကည္လင္းက ၄င္းေျပာဆို ခိုင္းထားသည့္ အလုပ္ကိစၥမ်ားအား ေန႔စဥ္ျပန္ေမးေလ့ရွိၿပီး မွားယြင္းျပဳ လုပ္ေျပာမိပါက ပါးလိမ္ဆြဲျခင္း၊ လက္သည္းျဖင့္ကုတ္ျခစ္ျခင္း၊တုတ္ ျဖင့္႐ိုက္ျခင္း၊ နားေနာက္အား ထမင္းစားတူျဖင့္ ထိုးျခင္းမ်ားျပဳ လုပ္ေလ့ရွိၿပီး ပတ္ဝန္းက်င္အား အဆက္အသြယ္မျပဳလုပ္ရန္ ေျပာ ဆိုေလ့ရွိေၾကာင္း၊ ယခုလ ၁၄ ရက္ နံနက္ ၉ နာရီခြဲက ခိုင္းသည့္ အလုပ္အား မွားယြင္းေျပာမိသျဖင့္ တံျမက္စည္းၾကမ္းဝါး႐ိုးတံျဖင့္ ဝဲ လက္ေမာင္းအား အႀကိမ္ႀကိမ္ ႐ိုက္ခဲ့ေၾကာင္း သိရသည္။ မေအးနန္းအား ေဆးစာျဖင့္ မႏၲေလး ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ကုသခဲ့ သည္။
အိမ္အကူ မေအးနန္းအား ဒဏ္ရာမ်ားရရွိေအာင္ ညႇဥ္းပန္း ႏွိက္စက္ၿပီး ပတ္ဝန္းက်င္ႏွင့္ ဆက္သြယ္ျခင္းမျပဳရန္ တားဆီး ကန္႔ကြက္သူ မၾကည္ၾကည္လင္း အား ေဒၚဝါဝါျမင့္က တရားလိုျပဳ လုပ္တိုင္တန္းသျဖင့္ အမွတ္(၁၁) နယ္ေျမရဲစခန္းက(ပ) ၁၃၁/၂ဝ၁၆ ျပစ္မႈပုဒ္မ ၃၄၁/၃၂၃ အရအမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။
ေမာင္ျပည္သူ(မႏၲေလး)
The Union Daily
http://uniondaily.net
..............
မန္တလေးမြို့သစ် (၁)ရပ်ကွက် တ-၂/၉ဝတွင် တန့်ယန်းမြို့နယ် မှ အိမ်အကူမိန်းကလေးအား အိမ်ရှင် လင်မယားက နေ့စဉ်ညှဉ်းပန်း နှိက်စက်နေကြောင်း ယခုလ ၁၆ ရက် Facebook လူမှုကွန်ရက် တွင်ပါရှိသော သတင်းနှင့်ပတ်သက် ၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် ယခုလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) နယ်မြေရဲစခန်းမှူးရဲအုပ်ဝင်းဗိုလ် နှင့်အဖွဲ့၊ မြို့သစ်(၁)ရပ်ကွက် အကွက်မှူးဦးမျိုးထွန်း၊ ဦးမောင် မြင့်နှင့် ရပ်ကွက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ဝါဝါ မြင့်တို့သည် လူမှုကွန်ရက်သတင်းပါ ချမ်းမြသာစည်မြို့နယ် ၆၃လမ်း သဇင်လမ်းနှင့် ငုပြာလမ်းကြား တ-၂/၉ဝ နေအိမ်သို့ သွားရောက် စုံစမ်းရာ အိမ်ရှင်စိုင်းဝင်းအောင် (၃၂နှစ်) ဇနီးမကြည်ကြည်လင်း (၃၅နှစ်)တို့နှင့်အတူ အိမ်အကူ မအေးနန်း(၁၄နှစ်) လွိုင်မော်-မန်း ပန်းကျေးရွာ တန့်ယန်းမြို့နယ်၏ မျက်နှာတွင် ကုတ်ခြစ်ဒဏ်ရာ၊ ယာနားနောက်၊ ဝဲလက်မောင်း ညိုမည်းဒဏ်ရာများ တွေ့ရှိခဲ့သည်။
မအေးနန်းအား မြို့သစ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူ စစ်မေးရာ မအေးနန်းသည် လွန် ခဲ့သည့် နှစ်နှစ်ကျော်က အိမ်ရှင်မကြည်ကြည်လင်း၏အစ်မ မအေး အေးခိုင်၏ ဆက်သွယ်ပေးမှုဖြင့် စိုင်းဝင်းအောင်နှင့် မကြည်ကြည် လင်းတို့၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ မကြည်ကြည်လင်းက ၄င်းပြောဆို ခိုင်းထားသည့် အလုပ်ကိစ္စများအား နေ့စဉ်ပြန်မေးလေ့ရှိပြီး မှားယွင်းပြု လုပ်ပြောမိပါက ပါးလိမ်ဆွဲခြင်း၊ လက်သည်းဖြင့်ကုတ်ခြစ်ခြင်း၊တုတ် ဖြင့်ရိုက်ခြင်း၊ နားနောက်အား ထမင်းစားတူဖြင့် ထိုးခြင်းများပြု လုပ်လေ့ရှိပြီး ပတ်ဝန်းကျင်အား အဆက်အသွယ်မပြုလုပ်ရန် ပြော ဆိုလေ့ရှိကြောင်း၊ ယခုလ ၁၄ ရက် နံနက် ၉ နာရီခွဲက ခိုင်းသည့် အလုပ်အား မှားယွင်းပြောမိသဖြင့် တံမြက်စည်းကြမ်းဝါးရိုးတံဖြင့် ဝဲ လက်မောင်းအား အကြိမ်ကြိမ် ရိုက်ခဲ့ကြောင်း သိရသည်။ မအေးနန်းအား ဆေးစာဖြင့် မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ သည်။
အိမ်အကူ မအေးနန်းအား ဒဏ်ရာများရရှိအောင် ညှဉ်းပန်း နှိက်စက်ပြီး ပတ်ဝန်းကျင်နှင့် ဆက်သွယ်ခြင်းမပြုရန် တားဆီး ကန့်ကွက်သူ မကြည်ကြည်လင်း အား ဒေါ်ဝါဝါမြင့်က တရားလိုပြု လုပ်တိုင်တန်းသဖြင့် အမှတ်(၁၁) နယ်မြေရဲစခန်းက(ပ) ၁၃၁/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၄၁/၃၂၃ အရအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net
အိမ္အကူအားဒဏ္ရာ ရရွိေအာင္ ညႇဥ္းပန္းႏွိပ္စက္ ဒဏ္ရာရရွိေအာင္ အႀကိမ္ႀကိမ္႐ိုက္ခဲ့သူကုိ အေရးယူ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 19, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 19, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment