Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 19, 2016

ပဲခူးတိုင္း နတၱလင္းတြင္ သက္ငယ္ မုဒိမ္းမႈတခု ျဖစ္ပြား


By ေကာင္းျမတ္မင္း | March 19, 2016 | Hits:76,006
နတၱလင္းၿမိဳ႕

ပဲခူးတိုင္း နတၱလင္းၿမိဳ႕ အထြက္ ဆိုင္းဘုတ္(ဓာတ္ပံု – http://www.lwintmgmg.com)

ပဲခူးတိုင္းအတြင္းမွ အသက္မျပည့္ေသးေသာ မိန္းကေလးငယ္ တဦး အဓမၼျပဳက်င့္ခံရမႈႏွင့္ ပတ္သက္ၿပီး နတၱလင္းၿမိဳ႕နယ္ တရား႐ုံး၌ ၾကားနာစစ္ေဆးေနမႈအေပၚ ေက်နပ္အားရမႈမရွိသည့္အတြက္ ခ႐ုိင္အဆင့္တရား႐ုံးတြင္ ေျပာင္းေရႊ႕စစ္ေဆးေပးရန္ တရားလို မိန္းကေလးငယ္ မိသားစုဘက္က တုိင္း တရား႐ုံးခ်ဳပ္သို႔ ေတာင္းဆုိထားေၾကာင္း သိရသည္။
KFC Myanmar

ျဖစ္စဥ္မွာ ပဲခူးတုိင္းအေနာက္ပုိင္း နတၱလင္းၿမိဳ႕နယ္ ကုလားတက္ထြန္းေက်းရြာအုပ္စု ကြမ္းၿခံကုန္းေက်းရြာမွ ၁၂ ႏွစ္အရြယ္ ၇ တန္း ေက်ာင္းသူကို အိမ္နီးခ်င္းျဖစ္သူ အသက္ ၃၂ ႏွစ္အရြယ္ အိမ္ေထာင္သည္ မိုးေက်ာ္ ဆုိသူက အဓမၼျပဳက်င့္ခဲ့သည္ဟု စြပ္စြဲ၍ ပုဒ္မ ၃၇၆ ျဖင့္ နတၱလင္းၿမိဳ႕နယ္တရား႐ုံး၌ အမႈၾကားနာ စစ္ေဆးေနမႈအေပၚ ေက်နပ္အားရမႈ မရွိသည့္အတြက္ ၂၀၁၅ ခုႏွစ္ ႏုိဝင္ဘာ လ က ပဲခူးတုိင္းတရား႐ုံးခ်ဳပ္ တရားသူႀကီးထံ အသနားခံစာ တင္ျပေတာင္းဆုိထားျခင္း ျဖစ္သည္ဟု မိန္ကေလးငယ္၏ ဖခင္ျဖစ္သူ ဦးေအာင္ေက်ာ္မုိး က ဧရာဝတီကို ေျပာျပသည္။

“က်ေနာ္သိရသေလာက္ အခုလုိ ကေလးသူငယ္ေတြအေပၚ အဓမၼျပဳက်င့္တဲ့အမႈေတြကုိ ခ႐ုိင္တရား႐ုံးေတြမွာပဲ စစ္ေဆးေလ့ရွိပါတယ္။ အခု က်ေနာ့္သမီးအမႈကုိ ၿမိဳ႕နယ္အဆင့္မွာပဲ စစ္ေနတယ္။ က်ေနာ္တုိ႔ စိတ္ထဲမွာ အဲဒီအေပၚမွာ ဘဝင္မက်ဘူး။ တျခား သက္ငယ္ မုဒိမ္းမႈေတြလုိပဲ ခ႐ုိင္တရား႐ုံးမွာပဲ စစ္ေဆးေပးေစခ်င္တယ္။ အမႈစစ္တာ ၅ လ ေက်ာ္ေနၿပီ အခုခ်ိန္ထိ အမႈက ႐ုံးခ်ိန္း ၈ ခ်ိန္း ရွိေနၿပီ။ တုိင္း တရား႐ုံးခ်ဳပ္ တရားသူႀကီးကုိလည္း ခ႐ုိင္အဆင့္မွာ စစ္ေပးဖုိ႔ အသနားခံစာ တင္ထားတာ ၃ လေက်ာ္ပါၿပီ။ ဘာမွမထူးေသးဘူး”ဟုလည္း ဦးေအာင္ေက်ာ္မုိးက ေျပာဆိုသည္။

ထိုအသက္ ၁၂ ႏွစ္အရြယ္ ၇ တန္းေက်ာင္းသူ မိန္းကေလးငယ္တြင္ ကိုယ္ဝန္ ၆ လ ရွိမွသာ မိဘမ်ားက အေၾကာင္းစုံသိရွိခဲ့ၿပီး နတၱလင္းၿမိဳ႕ ရဲစခန္းတြင္ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၂၉ ရက္က ပုဒ္မ ၃၇၆ ျဖင့္မိခင္ျဖစ္သူ ေဒၚခင္ေဆြဝင္းက အမႈဖြင့္တုိင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သမီးေလး ေျခေတြလက္ေတြေယာင္ေနေတာ့ ေဆးခန္းသြားျပမွ ကုိယ္ဝန္ ၆ လရွိမွန္း သိရတယ္။ ေဆးခန္းကေန အိမ္ျပန္ေခၚလာၿပီး ေခ်ာ့ေမးမွ ေျပာျပတယ္။ ျပန္ေျပာရင္သတ္ပစ္မယ္ဆုိၿပီး ကေလးကုိ ၿခိမ္းေျခာက္ထားလို႔ မေျပာရဲဘူး။  အဓမၼက်င့္တာက တႀကိမ္ တည္း မဟုတ္ဘူး။ မိဘေတြ လစ္ၿပီဆုိတာနဲ႔ ေခၚၿပီးထပ္က်င့္တယ္။ ႏွစ္ႀကိမ္ေတာင္ ေခၚၿပီးထပ္က်င့္တယ္လို႔ ေျပာတယ္”ဟု မိခင္ျဖစ္ သူ ေဒၚခင္ေဆြဝင္းက ေျပာသည္။

အဓမၼျပဳက်င့္သည္ဟု စြပ္စြဲခံရသူ ကြမ္းၿခံကုန္းရြာေန ကုိမုိးေက်ာ္၏ မိသားစုဝင္မ်ားအား ေတြ႕ဆုံေမးျမန္းရန္ သြားေရာက္ခဲ့ေသာ္ လည္း ၎၏ မိသားစုဝင္မ်ားသည္ လြန္ခဲ့သည့္တပတ္ခန္႔က အဆုိပါရြာမွ မိသားစုလုိက္ ေျပာင္းေရႊ႕သြားေၾကာင္း သိရသည္။

အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား အဓမၼျပဳက်င့္ခံရမႈႏွင့္ ပတ္သက္၍ ခ႐ုိင္တ႐ုံးမ်ားတြင္သာ စစ္ေဆးေလ့ရွိေၾကာင္း၊ ထိုကဲ့သုိ႔ အမႈမ်ားအား သက္ဆုိင္ရာ တရား႐ုံးကုိသာ ေလွ်ာက္ထားရမည္ ျဖစ္သည္ဟု ဥပေဒအရ အတိအက် ျပဌာန္းရန္ လုိအပ္ေၾကာင္း၊ ထိုအမႈႏွင့္ လုိက္ဖက္မည့္ ျပစ္ဒဏ္မ်ိဳး ခ်မွတ္သင့္ေၾကာင္း ျမန္မာႏုိင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ား အသင္းႀကီး ဗဟုိေကာ္ မတီ အဖြဲ႔ဝင္ တြဲဖက္ျပန္ၾကားေရးမႉး တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ထြန္းက ေျပာသည္။

“ဒါမ်ိဳးသက္ငယ္မုဒိန္းမႈေတြဆုိ ခ႐ုိင္တရား႐ုံးမွာသာ စစ္ေဆးေလ့ ရွိပါတယ္။ သုိ႔ေသာ္ က်ဴးလြန္တဲ့ ျပစ္မႈနဲ႔အညီ ျပစ္ဒဏ္ခ်မွတ္ေပး တဲ့ တရား႐ုံးေတြမွာ အမႈစစ္ေဆး ၾကားနာသင့္တယ္။ တရားဥပေဒမွာ ဘယ္အမႈက ဘယ္ကုိတင္ရမယ္ဆုိတာ ျပဌာန္းထားတာ မရွိေပမယ့္၊ ေပးႏုိင္တဲ့ ျပစ္ဒဏ္ေပၚမွာ မူတည္ၿပီး အမႈကုိ တင္သင့္ပါတယ္။ ၿမိဳ႕နယ္အဆင့္မွာဆုိ ၇ ႏွစ္အထိ ျပစ္ဒဏ္ေပးႏုိင္ပါတယ္။ ဒီအမႈမ်ိဳးက ေနာင္ကုိ ဆက္တုိက္ဆက္တုိက္ ႀကဳံေတြ႕လာမယ့္ အမႈမ်ိဳးျဖစ္ေနတယ္။ အဲဒါကုိ တိက်ခုိင္မာတဲ့ နည္းဥပေဒအျဖစ္ ျပဌာန္း ေပးဖုိ႔ လုိေနပါၿပီ”ဟုလည္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ထြန္းက ေျပာဆိုသည္။
Irrawaddy
..........................
ပဲခူးတိုင်း နတ္တလင်းတွင် သက်ငယ် မုဒိမ်းမှုတခု ဖြစ်ပွား
By ကောင်းမြတ်မင်း | March 19, 2016 | Hits:76,006
နတ္တလင်းမြို့

ပဲခူးတိုင်း နတ္တလင်းမြို့ အထွက် ဆိုင်းဘုတ်(ဓာတ်ပုံ – http://www.lwintmgmg.com)

ပဲခူးတိုင်းအတွင်းမှ အသက်မပြည့်သေးသော မိန်းကလေးငယ် တဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး နတ္တလင်းမြို့နယ် တရားရုံး၌ ကြားနာစစ်ဆေးနေမှုအပေါ် ကျေနပ်အားရမှုမရှိသည့်အတွက် ခရိုင်အဆင့်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးပေးရန် တရားလို မိန်းကလေးငယ် မိသားစုဘက်က တိုင်း တရားရုံးချုပ်သို့ တောင်းဆိုထားကြောင်း သိရသည်။
KFC Myanmar

ဖြစ်စဉ်မှာ ပဲခူးတိုင်းအနောက်ပိုင်း နတ္တလင်းမြို့နယ် ကုလားတက်ထွန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာမှ ၁၂ နှစ်အရွယ် ရ တန်း ကျောင်းသူကို အိမ်နီးချင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် အိမ်ထောင်သည် မိုးကျော် ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲ၍ ပုဒ်မ ၃၇၆ ဖြင့် နတ္တလင်းမြို့နယ်တရားရုံး၌ အမှုကြားနာ စစ်ဆေးနေမှုအပေါ် ကျေနပ်အားရမှု မရှိသည့်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ က ပဲခူးတိုင်းတရားရုံးချုပ် တရားသူကြီးထံ အသနားခံစာ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်ဟု မိန်ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်မိုး က ဧရာဝတီကို ပြောပြသည်။

“ကျနော်သိရသလောက် အခုလို ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်တဲ့အမှုတွေကို ခရိုင်တရားရုံးတွေမှာပဲ စစ်ဆေးလေ့ရှိပါတယ်။ အခု ကျနော့်သမီးအမှုကို မြို့နယ်အဆင့်မှာပဲ စစ်နေတယ်။ ကျနော်တို့ စိတ်ထဲမှာ အဲဒီအပေါ်မှာ ဘဝင်မကျဘူး။ တခြား သက်ငယ် မုဒိမ်းမှုတွေလိုပဲ ခရိုင်တရားရုံးမှာပဲ စစ်ဆေးပေးစေချင်တယ်။ အမှုစစ်တာ ၅ လ ကျော်နေပြီ အခုချိန်ထိ အမှုက ရုံးချိန်း ၈ ချိန်း ရှိနေပြီ။ တိုင်း တရားရုံးချုပ် တရားသူကြီးကိုလည်း ခရိုင်အဆင့်မှာ စစ်ပေးဖို့ အသနားခံစာ တင်ထားတာ ၃ လကျော်ပါပြီ။ ဘာမှမထူးသေးဘူး”ဟုလည်း ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ထိုအသက် ၁၂ နှစ်အရွယ် ရ တန်းကျောင်းသူ မိန်းကလေးငယ်တွင် ကိုယ်ဝန် ၆ လ ရှိမှသာ မိဘများက အကြောင်းစုံသိရှိခဲ့ပြီး နတ္တလင်းမြို့ ရဲစခန်းတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က ပုဒ်မ ၃၇၆ ဖြင့်မိခင်ဖြစ်သူ ဒေါ်ခင်ဆွေဝင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သမီးလေး ခြေတွေလက်တွေယောင်နေတော့ ဆေးခန်းသွားပြမှ ကိုယ်ဝန် ၆ လရှိမှန်း သိရတယ်။ ဆေးခန်းကနေ အိမ်ပြန်ခေါ်လာပြီး ချော့မေးမှ ပြောပြတယ်။ ပြန်ပြောရင်သတ်ပစ်မယ်ဆိုပြီး ကလေးကို ခြိမ်းခြောက်ထားလို့ မပြောရဲဘူး။  အဓမ္မကျင့်တာက တကြိမ် တည်း မဟုတ်ဘူး။ မိဘတွေ လစ်ပြီဆိုတာနဲ့ ခေါ်ပြီးထပ်ကျင့်တယ်။ နှစ်ကြိမ်တောင် ခေါ်ပြီးထပ်ကျင့်တယ်လို့ ပြောတယ်”ဟု မိခင်ဖြစ် သူ ဒေါ်ခင်ဆွေဝင်းက ပြောသည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ကွမ်းခြံကုန်းရွာနေ ကိုမိုးကျော်၏ မိသားစုဝင်များအား တွေ့ဆုံမေးမြန်းရန် သွားရောက်ခဲ့သော် လည်း ၎င်း၏ မိသားစုဝင်များသည် လွန်ခဲ့သည့်တပတ်ခန့်က အဆိုပါရွာမှ မိသားစုလိုက် ပြောင်းရွှေ့သွားကြောင်း သိရသည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ခရိုင်တရုံးများတွင်သာ စစ်ဆေးလေ့ရှိကြောင်း၊ ထိုကဲ့သို့ အမှုများအား သက်ဆိုင်ရာ တရားရုံးကိုသာ လျှောက်ထားရမည် ဖြစ်သည်ဟု ဥပဒေအရ အတိအကျ ပြဌာန်းရန် လိုအပ်ကြောင်း၊ ထိုအမှုနှင့် လိုက်ဖက်မည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းကြီး ဗဟိုကော် မတီ အဖွဲ့ဝင် တွဲဖက်ပြန်ကြားရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ပြောသည်။

“ဒါမျိုးသက်ငယ်မုဒိန်းမှုတွေဆို ခရိုင်တရားရုံးမှာသာ စစ်ဆေးလေ့ ရှိပါတယ်။ သို့သော် ကျူးလွန်တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ချမှတ်ပေး တဲ့ တရားရုံးတွေမှာ အမှုစစ်ဆေး ကြားနာသင့်တယ်။ တရားဥပဒေမှာ ဘယ်အမှုက ဘယ်ကိုတင်ရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပေမယ့်၊ ပေးနိုင်တဲ့ ပြစ်ဒဏ်ပေါ်မှာ မူတည်ပြီး အမှုကို တင်သင့်ပါတယ်။ မြို့နယ်အဆင့်မှာဆို ရ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်။ ဒီအမှုမျိုးက နောင်ကို ဆက်တိုက်ဆက်တိုက် ကြုံတွေ့လာမယ့် အမှုမျိုးဖြစ်နေတယ်။ အဲဒါကို တိကျခိုင်မာတဲ့ နည်းဥပဒေအဖြစ် ပြဌာန်း ပေးဖို့ လိုနေပါပြီ”ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ပြောဆိုသည်။
Irrawaddy

No comments:

Post a Comment