သတင္း ျပည္တြင္း
ေအာင္ကိုဦး
မႏၱေလး၊ မတ္၂၄ ။ ။ မႏၱေလးတိုင္းေဒသၾကီး ၀န္ၾကီးခ်ဳပ္အျဖစ္ သတင္းမ်ားထြက္ေပၚေနသည္႔ ေဒါက္တာေဇာ္ျမင့္ေမာင္ က ျမန္မာျပည္အႏွံ႔ မီေလာင္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနမႈႏွင့္ ပတ္သက္၍ စဥ္းစားရမည့္ အခ်က္တစ္ခ်က္ျဖစ္ေနသည္ဟု မတ္ ၂၄ ရက္၊နံနက္ ၁၀ နာရီက က်င္းပခဲ႔သည့္ မႏၱေလးတိုင္းေဒသၾကီးလႊတ္ေတာ္အျပီး မီဒီယာေတြ႔ဆုံပြဲတြင္ေျပာသည္။
“မီးေတြခဏခဏေလာင္ေနရတာကလည္း စဥ္းစားရမယ္႔အခ်က္တစ္ခ်က္ပါ။ မႏၱေလး မဂၤလာေစ်းမီးေလာင္မႈနဲ႔ပတ္သက္ျပီး က်ြန္ေတာ္တို႔ ကိုယ္စားလွယ္ေတြ ေစ်းသူေစ်းသားေတြရဲ႕ ခံစားခ်က္ေတြကိုနားေထာင္ျပီျဖစ္ပါတယ္။ အဲဒီခံစားခ်က္ေတြကို နားေထာင္းျပီး မွေျဖရွင္း လို႔ရမွာပါ။ ေလာေလာဆယ္ေတာ႔ က်ြန္ေတာ္တို႔မွာဘာလုပ္ပိုင္ခြင့္မွမရွိေသးပါဘူး ဟု၎က ေျပာသည္။
ဆက္လက္၍ ေဒါက္တာေဇာ္ျမင့္ေမာင္က “ေလာေလာဆယ္ က်ြန္ေတာ္တို႔ အာဏာမရေသးပါဘူး။ မလႊဲေသးပါဘူး။ က်ြန္ေတာ္တို႔မွာ လုပ္ပိုင္ခြင့္ဘာမွမရွိေသးပါဘူး။ လႊတ္ေတာ္ကလည္း ကူးေျပာင္းေရးကာလကိုပဲ ေဆာင္ရြက္ေနတယ္။ တိုင္းေဒသၾကီးအစိုးရအဖြဲ႔က လည္းမဖြဲ႔ရေသးပါဘူး။ လႊတ္ေတာ္ကလည္း လႊတ္ေတာ္ပဲရွိေနေသးတာပါ။ ျဖစ္ေနတဲ႔ ေစ်းသူေစ်းသားေတြကို စာနာတာေပါ့။ စိန္ေခၚမႈေတြအမ်ားၾကီးပဲဗ်။ အဲဒီစိန္ေခၚမႈေတြထဲမွာ အခြင့္အလမ္းေတြလည္းအမ်ားၾကီး အေရးၾကီးတာက ျပည္သူေတြ က်ြန္ေတာ္တို႔ ေနာက္မွာရွိေနဖို႔ပဲ။ “ဟု၎က ေျပာသည္။
- See more at: http://mizzimaburmese.com/article/12731#sthash.GXyrgL57.dpuf
................................
မြန်မာနိုင်ငံအနှံ့ မီးလောင်မှု ဆက်တိုက်ဖြစ်ပေါ်နေမှုမှာ စဉ်းစားမည့်အချက်ဖြစ်သည်ဟု လွှတ်တော်အမတ်ပြော
သတင်း ပြည်တွင်း
အောင်ကိုဦး
မန္တလေး၊ မတ်၂၄ ။ ။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် သတင်းများထွက်ပေါ်နေသည့် ဒေါက်တာဇော်မြင့်မောင် က မြန်မာပြည်အနှံ့ မီလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ စဉ်းစားရမည့် အချက်တစ်ချက်ဖြစ်နေသည်ဟု မတ် ၂၄ ရက်၊နံနက် ၁၀ နာရီက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အပြီး မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။
“မီးတွေခဏခဏလောင်နေရတာကလည်း စဉ်းစားရမယ့်အချက်တစ်ချက်ပါ။ မန္တလေး မင်္ဂလာစျေးမီးလောင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်တွေ စျေးသူစျေးသားတွေရဲ့ ခံစားချက်တွေကိုနားထောင်ပြီဖြစ်ပါတယ်။ အဲဒီခံစားချက်တွေကို နားထောင်းပြီး မှဖြေရှင်း လို့ရမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့မှာဘာလုပ်ပိုင်ခွင့်မှမရှိသေးပါဘူး ဟု၎င်းက ပြောသည်။
ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က “လောလောဆယ် ကျွန်တော်တို့ အာဏာမရသေးပါဘူး။ မလွှဲသေးပါဘူး။ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ဘာမှမရှိသေးပါဘူး။ လွှတ်တော်ကလည်း ကူးပြောင်းရေးကာလကိုပဲ ဆောင်ရွက်နေတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လည်းမဖွဲ့ရသေးပါဘူး။ လွှတ်တော်ကလည်း လွှတ်တော်ပဲရှိနေသေးတာပါ။ ဖြစ်နေတဲ့ စျေးသူစျေးသားတွေကို စာနာတာပေါ့။ စိန်ခေါ်မှုတွေအများကြီးပဲဗျ။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အခွင့်အလမ်းတွေလည်းအများကြီး အရေးကြီးတာက ပြည်သူတွေ ကျွန်တော်တို့ နောက်မှာရှိနေဖို့ပဲ။ “ဟု၎င်းက ပြောသည်။
- See more at: http://mizzimaburmese.com/article/12731#sthash.GXyrgL57.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, March 24, 2016
ျမန္မာႏိုင္ငံအႏွံ႔ မီးေလာင္မႈ ဆက္တိုက္ျဖစ္ေပၚေနမႈမွာ စဥ္းစားမည့္အခ်က္ျဖစ္သည္ဟု လႊတ္ေတာ္အမတ္ေျပာ
ျမန္မာႏိုင္ငံအႏွံ႔ မီးေလာင္မႈ ဆက္တိုက္ျဖစ္ေပၚေနမႈမွာ စဥ္းစားမည့္အခ်က္ျဖစ္သည္ဟု လႊတ္ေတာ္အမတ္ေျပာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 24, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 24, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment