Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 28, 2016

မစုစုေႏြးကို ပုဒ္မ ၁၈ နဲ႔ ဖမ္းဆီးၿပီး အင္းစိန္ေထာင္ကိုပို႔


ျမန္မာႏုိင္ငံ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ မစုစုေႏြးကို တရားမဝင္စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ လႈိင္သာယာၿမိဳ႕နယ္ရဲစခန္းက ဒီေန႔ ဖမ္းဆီးေခၚေဆာင္သြားပါတယ္။

 လႈိင္သာယာၿမိဳ႕နယ္ တရားရံုးမွာ ပုဒ္မ ၁၈ နဲ႔ တရားစြဲဆိုခဲ့ရာမွာ မစုစုေႏြးက အာမ,ခံ မယူတဲ့အတြက္ ဒီေန႔ညေနပိုင္းမွာ အင္းစိန္အက်ဥ္းေထာင္ကို ပို႔လိုက္တယ္လို႔ ခင္ပြန္းျဖစ္သူ ကိုမာကီးက ေျပာပါတယ္။

 မစုစုေႏြးဟာ ၿပီးခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္ ႏိုဝင္ဘာလက လႈိင္သာယာၿမိဳ႕နယ္ ၆-ရပ္ကြက္မွာ "လူ႔အခြင့္အေရးေဟာေျပာပြဲ" ဆိုင္းပုဒ္တပ္ၿပီး ေဟာေျပာပြဲျပဳလုပ္ခဲ့တဲ့အတြက္ ပုဒ္မ ၁၈ နဲ႔ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။

 ဒါ့အျပင္ မစုစုေႏြးဟာ ၂ဝ၁၅ ခုႏွစ္ ေမလက မႏၱေလးတုိင္း ျပင္ဦးလြင္ၿမိဳ႕နယ္ ထံုးဘုိေက်းရြာမွာ ေျမသိမ္းခံ ေတာင္သူ ၅ ဦး အရိုက္ခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး တရားခံ ေဖာ္ထုတ္ေပးဖို႔ ဆႏၵျပေတာင္းဆုိခဲ့တဲ့ အမႈအတြက္ တရားရင္ဆိုင္ေနရဆဲ ျဖစ္တယ္လုိ႔ သိရပါတယ္။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

.....................................................


မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ မစုစုနွေးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ လှိုင်သာယာမြို့နယ်ရဲစခန်းက ဒီနေ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

 လှိုင်သာယာမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ရာမှာ မစုစုနွေးက အာမ,ခံ မယူတဲ့အတွက် ဒီနေ့ညနေပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ခင်ပွန်းဖြစ်သူ ကိုမာကီးက ပြောပါတယ်။

 မစုစုနွေးဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလက လှိုင်သာယာမြို့နယ် ၆-ရပ်ကွက်မှာ "လူ့အခွင့်အရေးဟောပြောပွဲ" ဆိုင်းပုဒ်တပ်ပြီး ဟောပြောပွဲပြုလုပ်ခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

 ဒါ့အပြင် မစုစုနွေးဟာ ၂ဝ၁၅ ခုနှစ် မေလက မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ မြေသိမ်းခံ တောင်သူ ၅ ဦး အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံ ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အမှုအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

No comments:

Post a Comment