Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ႏိုင္ငံေတာ္သမၼတ ဂတိသစၥာ ျပဳပဲြ အပါအဝင္.. ဝန္ႀကီးမ်ားႏွင့္ ေ႐ွ႕ေနခ်ဳပ္ စာရင္းစစ္ခ်ဳပ္မ်ားအား ျပည္ေထာင္စု လႊတ္ေတာ္တြင္ ေရြးခ်ယ္ တင္ေျမႇာက္မည့္ ေန႔ရက္မ်ား

ႏိုင္ငံေတာ္သမၼတ တာ၀န္ႏွင့္ အစိုးရတာ၀န္မ်ား လႊဲေျပာင္းမႈကို မတ္လ ၁၀ ရက္မွ မတ္လ ၃၁ ရက္ေန႕အထိ အစီအစဥ္မ်ားအတိုင္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ျပည္သူ႕လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တြင္ ဒုတိယသမၼတ အမည္စာရင္း အဆိုျပဳလႊာကို မတ္လ ၁၀ ရက္တြင္ တင္သြင္းမည္ျဖစ္ၿပီး မတ္လ ၁၁ ရက္တြင္ အဆိုျပဳလႊာကို စိစစ္ေရးအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာမ်ားက အရည္အခ်င္း ကိုက္ညီမႈရွိမရွိ စစ္ေဆးမည္ျဖစ္သည္။

မတ္လ ၁၁ ရက္ (သို႕မဟုတ္) မတ္လ ၁၄ ရက္ တစ္ရက္ရက္တြင္ ဒုသမၼတ ေရြးခ်ယ္မည္ျဖစ္ၿပီး မတ္လ ၁၅ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္သို႕ သမၼတေလာင္း သံုးဦးစာရင္း တင္သြင္းမည္ျဖစ္ကာ စိစစ္ေရးအဖြဲ႕က ျပန္လည္စိစစ္မည္ ျဖစ္သည္။

မတ္လ ၁၇ - ၁၈ တစ္ရက္ရက္တြင္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ လွ်ိဳ႕၀ွက္မဲေပးစနစ္ျဖင့္ သမၼတ၊ ဒုသမၼတ(၁)ႏွင့္ ဒုသမၼတ(၂)တို႕ကို ေရြးခ်ယ္မည္ျဖစ္သည္။ မတ္လ ၂၁ ရက္တြင္ ဖြဲ႕စည္းမည့္ ၀န္ႀကီးဌာနမ်ားကို သမၼတက အဆိုျပဳစာရင္း တင္သြင္းရမည္ျဖစ္ၿပီး မတ္လ ၂၂ ရက္တြင္ ေဆြးေႏြးအတည္ျပဳမည္ ျဖစ္သည္။

မတ္ ၂၃ ရက္တြင္ အစိုးရသစ္ႏွင့္ အစိုးရေဟာင္းတို႕ေတြ႕ဆုံၾကမည္ျဖစ္ၿပီး မတ္လ ၂၄ ရက္တြင္ ခန္႕အပ္မည့္ ၀န္ႀကီးစာရင္းကို လႊတ္ေတာ္တြင္ တင္သြင္းျဖန္႕ေ၀မည္ ျဖစ္ၿပီး မတ္လ ၂၅ ရက္တြင္ ေဆြးေႏြး အတည္ျပဳမည္ျဖစ္သည္။

ယင္းေနာက္ မတ္လ ၂၈ ရက္ ၂၉ ရက္တို႕တြင္ သမၼတ ၊ ဒုတိယသမၼတတို႕ ကတိသစၥာ ျပဳၾကမည္ျဖစ္ၿပီး ၀န္ႀကီးမ်ား၊ ေရွ႕ေနခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္မ်ားပါ ကတိသစၥာျပဳမည္ျဖစ္ကည မတ္လ ၃၀ ရက္တြင္ သမၼတတာ၀န္ႏွင့္ အစိုးရဌာန တာ၀န္မ်ား လႊဲေျပာင္းပြဲ ျပဳလုပ္မည္ျဖစ္သည္။ မတ္လ ၃၁ ရက္တြင္ ေရြးခ်ယ္တင္ေျမာက္ခံရသည့္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စု လႊတ္ေတာ္တြင္ မိန္႕ခြန္းေျပာၾကားမည္ ျဖစ္ေၾကာင္း သိရသည္။

https://www.facebook.com/News.TheLadies/posts/534473803394260

သတင္း - ေဇာ္မင္းထြန္း
The Ladies News
...................
နိုင်ငံတော်သမ္မတ ဂတိသစ္စာ ပြုပွဲ အပါအဝင်..
ဝန်ကြီးများနှင့် ရှေ့နေချုပ် စာရင်းစစ်ချုပ်များအား
 ပြည်ထောင်စု လွှတ်တော်တွင် ရွေးချယ် တင်မြှောက်မည့် နေ့ရက်များ..။

နိုင်ငံတော်သမ္မတ တာဝန်နှင့် အစိုးရတာဝန်များ လွှဲပြောင်းမှုကို မတ်လ ၁၀ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ အစီအစဉ်များအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတ အမည်စာရင်း အဆိုပြုလွှာကို မတ်လ ၁၀ ရက်တွင် တင်သွင်းမည်ဖြစ်ပြီး မတ်လ ၁၁ ရက်တွင် အဆိုပြုလွှာကို စိစစ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက အရည်အချင်း ကိုက်ညီမှုရှိမရှိ စစ်ဆေးမည်ဖြစ်သည်။

မတ်လ ၁၁ ရက် (သို့မဟုတ်) မတ်လ ၁၄ ရက် တစ်ရက်ရက်တွင် ဒုသမ္မတ ရွေးချယ်မည်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတလောင်း သုံးဦးစာရင်း တင်သွင်းမည်ဖြစ်ကာ စိစစ်ရေးအဖွဲ့က ပြန်လည်စိစစ်မည် ဖြစ်သည်။

မတ်လ ၁၇ - ၁၈ တစ်ရက်ရက်တွင် ပြည်ထောင်စု လွှတ်တော်တွင် လျှို့ဝှက်မဲပေးစနစ်ဖြင့် သမ္မတ၊ ဒုသမ္မတ(၁)နှင့် ဒုသမ္မတ(၂)တို့ကို ရွေးချယ်မည်ဖြစ်သည်။ မတ်လ ၂၁ ရက်တွင် ဖွဲ့စည်းမည့် ၀န်ကြီးဌာနများကို သမ္မတက အဆိုပြုစာရင်း တင်သွင်းရမည်ဖြစ်ပြီး မတ်လ ၂၂ ရက်တွင် ဆွေးနွေးအတည်ပြုမည် ဖြစ်သည်။

မတ် ၂၃ ရက်တွင် အစိုးရသစ်နှင့် အစိုးရဟောင်းတို့တွေ့ဆုံကြမည်ဖြစ်ပြီး မတ်လ ၂၄ ရက်တွင် ခန့်အပ်မည့် ၀န်ကြီးစာရင်းကို လွှတ်တော်တွင် တင်သွင်းဖြန့်ဝေမည် ဖြစ်ပြီး မတ်လ ၂၅ ရက်တွင် ဆွေးနွေး အတည်ပြုမည်ဖြစ်သည်။

ယင်းနောက် မတ်လ ၂၈ ရက် ၂၉ ရက်တို့တွင် သမ္မတ ၊ ဒုတိယသမ္မတတို့ ကတိသစ္စာ ပြုကြမည်ဖြစ်ပြီး ၀န်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်များပါ ကတိသစ္စာပြုမည်ဖြစ်ကည မတ်လ ၃၀ ရက်တွင် သမ္မတတာဝန်နှင့် အစိုးရဌာန တာဝန်များ လွှဲပြောင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ မတ်လ ၃၁ ရက်တွင် ရွေးချယ်တင်မြောက်ခံရသည့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/News.TheLadies/posts/534473803394260

သတင်း - ဇော်မင်းထွန်း
The Ladies News


No comments:

Post a Comment