Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ကြတ္ခိုင္ၿမိဳ႕နယ္မွာ စစ္ေျပးဒုကၡသည္ ပိုမ်ားလာ

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္စရမ္းနဲ႔ လြယ္ကန္ေက်းရြာေတြမွာ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ မီးေလာင္ပ်က္ဆီးေနေသာ ေနအိမ္အခ်ိဳ႕ကို မတ္လ ၁၃ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kan Thar/ RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ ့ရက္ပိုင္းက အစိုးရတပ္ တပ္မ ၃၃ နဲ႔ ပေလာင္ တအာင္းတပ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့အတြက္ ေဒသခံ တစ္ေထာင္နီးပါး ထြက္ေျပးေနၾကရပါတယ္။

မေန႔က ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္စရမ္းနဲ႔ လြယ္ကန္ေက်းရြာေတြမွာ ဒုကၡေရာက္ေနသူ ေတြကုိ သြားေရာက္ေခၚေဆာင္လာခဲ့တဲ႔ နမ့္ဖတ္ကာ ရန္ေအာင္ျမင္ေက်ာင္းတိုက္ ဆရာေတာ္ ဦးေထရ၀ံသ က ေတြ႔ျမင္ခဲ့ရတာေတြကို အခုလိုမိန္႔ပါတယ္။

"ဦးဇင္းတို႔သြားၾကည့္တဲ့အခါက်ေတာ့ ကိုယ့္ရဲ႕ဌာေနထဲမွာရွိေနတဲ့ ဒကာ၊ ဒကာမ ေတြရဲ႕ပစၥည္းေတြ ေတာ္ေတာ္ေလးရင္နာစရာေကာင္းပါတယ္၊ စပါးရိႈ႕တဲ့ေနရာရယ္၊ အိမ္ေတြပ်က္ဆီးတာရယ္၊ သူတို႔ရဲ႕အိမ္ထဲကပစၥည္းေတြေရာ၊ သိုေလွာင္ထားတဲ့ ပစၥည္းေတြေရာ၊ ပ်က္ဆီး တာေတြ ေတြ႔ခဲ့တယ္၊ လမ္းပန္းသြားရတာလည္း ခက္ခဲတယ္၊ အိမ္ေတြ၊ ေက်ာင္းေတြပ်က္ဆီးတာေတြ႔ခဲ့တယ္၊ အခုဘာမွမရွိေတာ့ဘူး၊ အကုန္ျပာပံု ျဖစ္ကုန္ၿပီ"

နမ့္ဖတ္ကာမွာလည္း အရင္ရွိၿပီးသား ဒုကၡသည္ေတြနဲ႔ေပါင္းရင္ စုစုေပါင္း ဒုကၡသည္ ၇၀၀ ၀န္းက်င္ရွိေနၿပီျဖစ္ပါတယ္။

ႏွစ္ဖက္တိုက္ပြဲေတြအတြင္း လြယ္ကန္ေက်းရြာက ေနအိမ္ ၁၁ လံုးမီးရိႈ႕ခံရသလို ၅ ႏွစ္ အရြယ္ ကေလးငယ္တစ္ဦးလည္း ေပ်ာက္ဆံုးေနတယ္လို႔ သိရပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ မန္ဆိန္ေက်းရြာမွာလည္း ေနအိမ္ ၃ လံုးမီးရႈိ႕ခံခဲ့ရပါတယ္။ ေဒသခံေတြကေတာ့ အစိုးရတပ္က မီးရိႈ႕တာၿဖစ္ၿပီး ေငါ့ငါးေက်းရြာက ေဒသခံ ၄ ေယာက္ကိုလည္း ေခၚေဆာင္သြားတယ္လို႔ ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

..........................................


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်စရမ်းနဲ့ လွယ်ကန်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မီးလောင်ပျက်ဆီးနေသော နေအိမ်အချို့ကို မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ ့ရက်ပိုင်းက အစိုးရတပ် တပ်မ ၃၃ နဲ့ ပလောင် တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေကြရပါတယ်။

မနေ့က ကွတ်ခိုင်မြို့နယ် လွယ်စရမ်းနဲ့ လွယ်ကန်ကျေးရွာတွေမှာ ဒုက္ခရောက်နေသူ တွေကို သွားရောက်ခေါ်ဆောင်လာခဲ့တဲ့ နမ့်ဖတ်ကာ ရန်အောင်မြင်ကျောင်းတိုက် ဆရာတော် ဦးထေရဝံသ က တွေ့မြင်ခဲ့ရတာတွေကို အခုလိုမိန့်ပါတယ်။

"ဦးဇင်းတို့သွားကြည့်တဲ့အခါကျတော့ ကိုယ့်ရဲ့ဌာနေထဲမှာရှိနေတဲ့ ဒကာ၊ ဒကာမ တွေရဲ့ပစ္စည်းတွေ တော်တော်လေးရင်နာစရာကောင်းပါတယ်၊ စပါးရှို့တဲ့နေရာရယ်၊ အိမ်တွေပျက်ဆီးတာရယ်၊ သူတို့ရဲ့အိမ်ထဲကပစ္စည်းတွေရော၊ သိုလှောင်ထားတဲ့ ပစ္စည်းတွေရော၊ ပျက်ဆီး တာတွေ တွေ့ခဲ့တယ်၊ လမ်းပန်းသွားရတာလည်း ခက်ခဲတယ်၊ အိမ်တွေ၊ ကျောင်းတွေပျက်ဆီးတာတွေ့ခဲ့တယ်၊ အခုဘာမှမရှိတော့ဘူး၊ အကုန်ပြာပုံ ဖြစ်ကုန်ပြီ"

နမ့်ဖတ်ကာမှာလည်း အရင်ရှိပြီးသား ဒုက္ခသည်တွေနဲ့ပေါင်းရင် စုစုပေါင်း ဒုက္ခသည် ရ၀၀ ၀န်းကျင်ရှိနေပြီဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း လွယ်ကန်ကျေးရွာက နေအိမ် ၁၁ လုံးမီးရှို့ခံရသလို ၅ နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ် မန်ဆိန်ကျေးရွာမှာလည်း နေအိမ် ၃ လုံးမီးရှို့ခံခဲ့ရပါတယ်။ ဒေသခံတွေကတော့ အစိုးရတပ်က မီးရှို့တာဖြစ်ပြီး ငေါ့ငါးကျေးရွာက ဒေသခံ ၄ ယောက်ကိုလည်း ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment