Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

စိတ္တန္ခိုးသိဒၶိႀကီးထြားေရးအတြက္ အပ်ိဳစင္ ၁၀၀၀ ႏွင့္ လိင္ဆက္ဆံရန္ အားထုတ္သည့္ ဂု႐ုဆရာအား ဖမ္းမိ

ကမၻာ့သတင္း
ေဒးလီးေမးလ္


ပါရီ၊ မတ္ ၅ ။            ။ ျမင့္မားသည့္ တန္ခိုးသိဒိၶမ်ား ရရွိေရးအတြက္ အပ်ိဳစင္တစ္ေထာင္ႏွင့္ လိင္ဆက္ဆံရရန္ အားထုတ္လုပ္ေဆာင္ခဲ့သူ ေယာဂဂု႐ုအား ျပင္သစ္ႏိုင္ငံ ပါရီျမိဳ႕တြင္ ဖမ္းမိသည္။

႐ုိေမးနီးယားႏိုင္ငံမွ ေယာဂဆရာျဖစ္သူ အသက္ ၆၄ ႏွစ္ရွိ ဂရီေဂါရီယန္းဘိုင္ဗိုလာ႐ုဆိုသူသည္ အသက္မျပည့္ေသးေသာ မိန္းကေလးႏွင့္ လိင္ဆက္ဆံမႈျဖင့္ ႐ုိေမးနီးယားႏိုင္ငံအတြင္း စစ္ေဆးခံရစဥ္ ၂၀၀၄ ခုႏွစ္က တိမ္းေရွာင္ထြက္ေျပးခဲ့ျခင္းျဖစ္သည္။ ၎အား ႐ိုေမးနီးယားႏိုင္ငံက ၂၀၁၃ ခုႏွစ္တြင္ အဆိုပါ ျပစ္မႈအတြက္ ေထာင္ဒဏ္ ေျခာက္ႏွစ္ ခ်မွတ္ထားျပီး ၎က ထြက္ေျပးတိမ္းေရွာင္ေနျခင္းျဖစ္ကာ ယခု ပါရီျမိိဳ႕တြင္ ဖမ္းမိထားျခင္းျဖစ္သည္။

ဘိုင္ဗိုလာ႐ု၏ ေယာဂေက်ာင္းမွာ အုပ္လိုက္လိင္ဆက္ဆံမႈအား အားေပးအားေျမွာက္ျပဳေၾကာင္း လူသိထင္ရွားျဖစ္လာခဲ့ျပီးေနာက္ လိင္အ႐ႈပ္အေထြးမ်ား ေပၚေပါက္ျဖစ္ပြားရာ ေက်ာင္းျဖစ္ေနျပီး ေယာဂေက်ာင္းတက္ေရာက္သည့္ အဖြဲ႔၀င္ေပါင္းလည္း ေထာင္ေပါင္းမ်ားစြာရွိသည့္ ေက်ာင္းတစ္ေက်ာင္းျဖစ္ခဲ့သည္။

အသက္ ၁၇ ႏွစ္တြင္ ေယာဂစတင္ က်င့္ၾကံလာသည့္ ဘိုင္ဗိုလာ႐ုသည္ အသက္ ၁၅ ႏွစ္အရြယ္ ကညာအပ်ိဳစင္မိန္းကေလးမ်ားႏွင့္ ေသြးသားႏွီးေႏွာျခင္းသည္ သွ်တၱရအလင္းေရာင္ကို ျဖာထြန္းေစသည္ဟု အေတြးအေခၚမ်ား ေဟာေျပာသူလည္းျဖစ္သည္။

၁၉၉၀ ခုႏွစ္မ်ားက စတင္ခဲ့သည့္ အလုံးစုံစိတ္၀ိညာဥ္တစ္သားတည္းက်ျခင္း လႈပ္ရွားမႈဆိုသည့္ ေယာဂအဖြဲ႔အစည္းကို တည္ေထာင္ခဲ့သူလည္းျဖစ္သည္။

လက္ရွိတြင္ ပါရီ၌ ၎အား ဖမ္းမိထားျပီး ႐ုိေမးနီးယားသို႔ တရားခံလႊဲေျပာင္းေပးမေပး တရားသူၾကီးမ်ားက ဆုံးျဖတ္ခ်က္ ခ်မည္ျဖစ္သည္။

အလုံးစုံစိတ္၀ိညာဥ္တစ္သားတည္းက်ျခင္း လႈပ္ရွားမႈသည္ သဘာ၀လြန္ဆန္းၾကယ္ထုံးတမ္းျပဳမူမႈမ်ားျဖင့္ ေယာဂ၀ိညာဥ္အတြက္ က်င့္ၾကံနည္းလမ္းစဥ္ျဖစ္သည္။ ယင္းလႈပ္ရွားမႈတြင္ ပါ၀င္၀တ္ျပဳသူမ်ားက ဆယ့္ႏွစ္လရာသီခြင္သီခ်င္းသံမ်ားျဖင့္ လက္ခ်င္းခ်ိတ္ ၀ိုင္းၾကီးဖြဲ႔ကာ စု႐ုံးၾကျခင္းမ်ားကို လုပ္ေဆာင္ၾကျခင္းျဖစ္သည္။

ေယာဂဂု႐ုၾကီး ဘိုင္ဗိုလာ႐ုအား ဆိြဒင္တြင္ ႏိုင္ငံတကာဖမ္း၀ရမ္းအရ ဦးစြာဖမ္းမိျခင္းျဖစ္သည္။ သို႔ေသာ္လည္း ဆိြဒင္က ၎ကုိ ေနာက္ပိုင္း ႏိုင္ငံေရးခိုလႈံခြင့္ေပးခဲ့သည္။

ေပါတူဂီတြင္ လက္ရွိ၌ ေျပာင္းေရႊ႕ေနထိုင္လ်က္ရွိသည့္ ဘိုင္ဗိုလာ႐ုႏွင့္ ေယာဂက်င့္စဥ္အရ အသက္ ၁၅ ႏွစ္အရြယ္တြင္ ေသြးသားဖလွယ္ခဲ့ရသူ အရာဘီလာမာကြက္စ္က ၎ၾကံဳေတြ႔ခဲ့ရပုံအား ယခုကဲ့သို႔ ျပန္ေျပာင္းေျပာသည္။

“အဲဒီအခ်ိန္တုန္းက ဘိုင္ဗိုလာ႐ုက ကၽြန္မာကို ေျပာပါတယ္။ ေယာဂလမ္းညႊန္သူအျဖစ္ သူနဲ႔ ေသြးသားဆက္ဆံပါ။ ဒါဆုိရင္ ကၽြန္မ စိတ္၀ိညာဥ္တန္ခို္း အဆင့္တက္လာလိမ့္မယ္လို႔ ေျပာတယ္။ သူ တိုက္ခန္းမွာဆိုရင္လည္း သူနဲ႔ လိင္ဆက္ဆံတဲ့ မိန္းကေလးေတြနဲ႔ မျပတ္တမ္း ရွိေနတတ္တယ္။”ဟု အရာဘီလာက ေျပာသည္။

“ဒီတိုက္ခန္းမွာ မိန္းကေလးေတြအေနနဲ႔ ရက္ပိုင္း ဒါမွမဟုတ္ သီတင္းပတ္အနည္းငယ္ ေနၾကရတယ္။ ဒီေနာက္မွာေတာ့ အျခားမိန္းကေလးသစ္ေတြ ေရာက္လာျပန္တာပါပဲ။ လိင္စိတ္ႏိုးၾကားေနဖို႔အတြက္ ဆက္ဆံဖက္တစ္ဦးတည္းနဲ႔ ၾကာရွည္ေသြးသားဖလွယ္ႏွီးေႏွာမႈက ေကာင္းမြန္တဲ့ ေနထိုင္မႈမဟုတ္ဘူးလို႔ သူက ေျပာဆိုတယ္။”ဟု အရာဘီလာက ဆိုသည္။

“သူက အိႏၵိယဒ႑ာရီသွ်တၱရက်မ္းေတြကို စိတ္၀င္စားတယ္။ ဒီအိႏိၵယ သွ်တၱရအလိုအရဆို စိတ္တန္ခိုးသိဒိၶ ျမင့္မားေရးေအာင္ အပ်ိဳစင္ ၁၀၀၀ နဲ႔ လိင္ဆက္ဆံေပးရမယ္လို႔ ဆိုတယ္။ ဘိုင္ဗိုလာ႐ုက သူနဲ႔ လိင္ဆက္ဆံခဲ့တဲ့ မိန္းကေလးတုိင္းက ဘယ္အသက္အရြယ္ဆိုတာ သိထားတယ္။ သူ႔ ေယာဂေက်ာင္းက ေက်ာင္းသူမိန္းကေလးတိုင္းရဲ႕ ဓာတ္ပုံေနာက္မွာ ေမြးသကၠရာဇ္ေတြကို ေရးမွတ္ထားပါတယ္။”ဟု ၎ကေျပာခဲ့သည္။

- See more at: http://mizzimaburmese.com/article/11979#sthash.KAxylr65.9NvbXh0h.dpuf
.....................
စိတ်တန်ခိုးသိဒ္ဓိကြီးထွားရေးအတွက် အပျိုစင် ၁၀၀၀ နှင့် လိင်ဆက်ဆံရန် အားထုတ်သည့် ဂုရုဆရာအား ဖမ်းမိ
ကမ္ဘာ့သတင်း
ဒေးလီးမေးလ်


ပါရီ၊ မတ် ၅ ။            ။ မြင့်မားသည့် တန်ခိုးသိဒ္ဓိများ ရရှိရေးအတွက် အပျိုစင်တစ်ထောင်နှင့် လိင်ဆက်ဆံရရန် အားထုတ်လုပ်ဆောင်ခဲ့သူ ယောဂဂုရုအား ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖမ်းမိသည်။

ရိုမေးနီးယားနိုင်ငံမှ ယောဂဆရာဖြစ်သူ အသက် ၆၄ နှစ်ရှိ ဂရီဂေါရီယန်းဘိုင်ဗိုလာရုဆိုသူသည် အသက်မပြည့်သေးသော မိန်းကလေးနှင့် လိင်ဆက်ဆံမှုဖြင့် ရိုမေးနီးယားနိုင်ငံအတွင်း စစ်ဆေးခံရစဉ် ၂၀၀၄ ခုနှစ်က တိမ်းရှောင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ရိုမေးနီးယားနိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပါ ပြစ်မှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားပြီး ၎င်းက ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကာ ယခု ပါရီမြိို့တွင် ဖမ်းမိထားခြင်းဖြစ်သည်။

ဘိုင်ဗိုလာရု၏ ယောဂကျောင်းမှာ အုပ်လိုက်လိင်ဆက်ဆံမှုအား အားပေးအားမြှောက်ပြုကြောင်း လူသိထင်ရှားဖြစ်လာခဲ့ပြီးနောက် လိင်အရှုပ်အထွေးများ ပေါ်ပေါက်ဖြစ်ပွားရာ ကျောင်းဖြစ်နေပြီး ယောဂကျောင်းတက်ရောက်သည့် အဖွဲ့ဝင်ပေါင်းလည်း ထောင်ပေါင်းများစွာရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ခဲ့သည်။

အသက် ၁၇ နှစ်တွင် ယောဂစတင် ကျင့်ကြံလာသည့် ဘိုင်ဗိုလာရုသည် အသက် ၁၅ နှစ်အရွယ် ကညာအပျိုစင်မိန်းကလေးများနှင့် သွေးသားနှီးနှောခြင်းသည် သျှတ္တရအလင်းရောင်ကို ဖြာထွန်းစေသည်ဟု အတွေးအခေါ်များ ဟောပြောသူလည်းဖြစ်သည်။

၁၉၉၀ ခုနှစ်များက စတင်ခဲ့သည့် အလုံးစုံစိတ်ဝိညာဉ်တစ်သားတည်းကျခြင်း လှုပ်ရှားမှုဆိုသည့် ယောဂအဖွဲ့အစည်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

လက်ရှိတွင် ပါရီ၌ ၎င်းအား ဖမ်းမိထားပြီး ရိုမေးနီးယားသို့ တရားခံလွှဲပြောင်းပေးမပေး တရားသူကြီးများက ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။

အလုံးစုံစိတ်ဝိညာဉ်တစ်သားတည်းကျခြင်း လှုပ်ရှားမှုသည် သဘာဝလွန်ဆန်းကြယ်ထုံးတမ်းပြုမူမှုများဖြင့် ယောဂဝိညာဉ်အတွက် ကျင့်ကြံနည်းလမ်းစဉ်ဖြစ်သည်။ ယင်းလှုပ်ရှားမှုတွင် ပါ၀င်ဝတ်ပြုသူများက ဆယ့်နှစ်လရာသီခွင်သီချင်းသံများဖြင့် လက်ချင်းချိတ် ၀ိုင်းကြီးဖွဲ့ကာ စုရုံးကြခြင်းများကို လုပ်ဆောင်ကြခြင်းဖြစ်သည်။

ယောဂဂုရုကြီး ဘိုင်ဗိုလာရုအား ဆွိဒင်တွင် နိုင်ငံတကာဖမ်းဝရမ်းအရ ဦးစွာဖမ်းမိခြင်းဖြစ်သည်။ သို့သော်လည်း ဆွိဒင်က ၎င်းကို နောက်ပိုင်း နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည်။

ပေါတူဂီတွင် လက်ရှိ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဘိုင်ဗိုလာရုနှင့် ယောဂကျင့်စဉ်အရ အသက် ၁၅ နှစ်အရွယ်တွင် သွေးသားဖလှယ်ခဲ့ရသူ အရာဘီလာမာကွက်စ်က ၎င်းကြုံတွေ့ခဲ့ရပုံအား ယခုကဲ့သို့ ပြန်ပြောင်းပြောသည်။

“အဲဒီအချိန်တုန်းက ဘိုင်ဗိုလာရုက ကျွန်မာကို ပြောပါတယ်။ ယောဂလမ်းညွှန်သူအဖြစ် သူနဲ့ သွေးသားဆက်ဆံပါ။ ဒါဆိုရင် ကျွန်မ စိတ်ဝိညာဉ်တန်ခို်း အဆင့်တက်လာလိမ့်မယ်လို့ ပြောတယ်။ သူ တိုက်ခန်းမှာဆိုရင်လည်း သူနဲ့ လိင်ဆက်ဆံတဲ့ မိန်းကလေးတွေနဲ့ မပြတ်တမ်း ရှိနေတတ်တယ်။”ဟု အရာဘီလာက ပြောသည်။

“ဒီတိုက်ခန်းမှာ မိန်းကလေးတွေအနေနဲ့ ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်အနည်းငယ် နေကြရတယ်။ ဒီနောက်မှာတော့ အခြားမိန်းကလေးသစ်တွေ ရောက်လာပြန်တာပါပဲ။ လိင်စိတ်နိုးကြားနေဖို့အတွက် ဆက်ဆံဖက်တစ်ဦးတည်းနဲ့ ကြာရှည်သွေးသားဖလှယ်နှီးနှောမှုက ကောင်းမွန်တဲ့ နေထိုင်မှုမဟုတ်ဘူးလို့ သူက ပြောဆိုတယ်။”ဟု အရာဘီလာက ဆိုသည်။

“သူက အိန္ဒိယဒဏ္ဍာရီသျှတ္တရကျမ်းတွေကို စိတ်ဝင်စားတယ်။ ဒီအိန္ဒိယ သျှတ္တရအလိုအရဆို စိတ်တန်ခိုးသိဒ္ဓိ မြင့်မားရေးအောင် အပျိုစင် ၁၀၀၀ နဲ့ လိင်ဆက်ဆံပေးရမယ်လို့ ဆိုတယ်။ ဘိုင်ဗိုလာရုက သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ မိန်းကလေးတိုင်းက ဘယ်အသက်အရွယ်ဆိုတာ သိထားတယ်။ သူ့ ယောဂကျောင်းက ကျောင်းသူမိန်းကလေးတိုင်းရဲ့ ဓာတ်ပုံနောက်မှာ မွေးသက္ကရာဇ်တွေကို ရေးမှတ်ထားပါတယ်။”ဟု ၎င်းကပြောခဲ့သည်။

- See more at: http://mizzimaburmese.com/article/11979#sthash.KAxylr65.9NvbXh0h.dpuf

No comments:

Post a Comment