Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

၈၈ မ်ိဳးဆက္ ျငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူအဖြဲအစည္းမွ မမီးမီး (ေခၚ) မသင္းသင္းေအးကို ပုဒ္မ(၁၈) ျဖင့္ဖမ္းဆီး

၈၈ မ်ိဳးဆက္ ျငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူအဖြဲအစည္းမွ မမီးမီး (ေခၚ) မသင္းသင္းေအးကို လြန္ခဲ့သည့္
တႏွစ္က ေက်ာင္းသားသပိတ္ ေလးရက္ တြင္ အားေပးကူညီခဲ့သျဖင့္ ပုဒ္မ ၁၈ အမွဴ နွစ္မွဴ တပ္ျပီး
မဂၤလာေတာင္ညြန္ စခန္းမွ အင္းစိန္ေထာင္ သို့ပို့ေဆာင္လိုက္ပါတယ္။
မမီးမီး အေနျဖင့္ ပုဒ္မ ၁၈ ကို ရင္ဆိုင္မည္ မဟုတ္သျဖင့္ တရားရံုးႏွင့္ ပူးေပါင္းေဆာင္ရြက္စရာ အေႀကာင္းမရွိ အာမခံ မယူ ဟုဆိုေသာေႀကာင့္ အင္းစိန္ေထာင္သို့ပို့လိုက္ပါတယ္။

ဘယ္ေထာင္ေရာက္ေရာက္ စားဝတ္ေနေရး အခက္အခဲမ်ားၾကားမွ ေထာင္ဝင္စာ ပံုမွန္ပို႔ကာ တေလွ်ာက္လံုး ပံ့ပိုးေပးေနသည့္ ခင္ပြန္းသည္ ကိုလွမိုးမွာ အင္းစိန္ေထာင္သို့ အေရာက္ လိုက္ပါပို့ေဆာင္ခဲ့ပါတယ္။
မမီးမီးဟာ က်ီးေပါင္းနဲ႔ ေလးဘက္နာ ေရာဂါရွိသူျဖစ္ပါတယ္။မမီးမီးက ကိုလွမိုး ေထာင္၀င္စာ လာေတြ႕တိုင္း ဘုရား တရား စာအုပ္မ်ား မွာေလ့ရွိပါတယ္။
မမီးမီးသည္ ၁၉၈၈ ခုႏွစ္ ဒီမိုကေရစီ အေရးအခင္းတြင္ ပါဝင္လႈပ္ရွားခဲ့ေသာေၾကာင့္ အာဏာပိုင္မ်ားက ဖမ္းဆီးကာ ေထာင္ဒဏ္ ၃ လ ပထမအႀကိမ္ က်ခဲ့ဖူးပါတယ္။၁၉၉၆ ခုႏွစ္ မမီးမီး ဒုတိယအႀကိမ္ ဖမ္းဆီးေထာင္ခ်ျခင္းကုိ ခံခဲ့ရၿပီး သာယာဝတီေထာင္တြင္ ၇ ႏွစ္ခန္႔ ေနခဲ့ရပါတယ္။
၂၀၀၇ ခုႏွစ္ ၾသဂုတ္လတြင္ ေလာင္စာဆီေစ်းႏွင့္ ကုန္ေစ်းႏႈန္း က်ဆင္းေရးအတြက္ ကိုမင္းကိုႏိုင္ အပါအဝင္ တျခားေသာ ၈၈ မ်ဳိးဆက္ ေက်ာင္းသားေခါင္းေဆာင္မ်ားႏွင့္အတူ လမ္းေလွ်ာက္ ဆႏၵျပခဲ့သျဖင့္ အာဏာပုိင္မ်ားက မမီးမီးကို လိုက္လံဖမ္းဆီးခဲ့ရာ အင္းစိန္ေထာင္၌ တႏွစ္ေက်ာ္ၾကာ ထိန္းသိမ္းခဲ့ၿပီးေနာက္ ၂၀၀၈ ခုႏွစ္ႏုိဝင္ဘာလ တြင္ တရား မဝင္ အဖြဲ႔ ဖြဲ႔စည္းမႈ၊ ႏိုင္ငံေတာ္ တည္ၿငိမ္ေရးကို ပ်က္ျပားေစမႈ၊ အီလက္ထရြန္းနစ္ ပုဒ္မတို႔ အပါအဝင္ ပုဒ္မအနည္းဆံုး ၅ ခုျဖင့္ ေထာင္ဒဏ္ ၆၅ ႏွစ္ ခ်မွတ္ကာ ပုသိမ္ေထာင္သို႔ ေျပာင္းေရႊ႕ခံခဲ့ရပါတယ္။
မမီးမီးက စိတ္ဓာတ္အရေတာ့ ေတာ္ေတာ္ေလး ႀကံ့ခိုင္ပါတယ္၊ က်န္းမာေရးကေတာ့ သိပ္မေကာင္းလွပါဘူး။

Zaw Wann Maung



............

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲအစည်းမှ မမီးမီး (ခေါ်) မသင်းသင်းအေးကို လွန်ခဲ့သည့် တနှစ်က ကျောင်းသားသပိတ် လေးရက် တွင် အားပေးကူညီခဲ့သဖြင့် ပုဒ်မ ၁၈ အမှူ နှစ်မှူ တပ်ပြီး မင်္ဂလာတောင်ညွန် စခန်းမှ အင်းစိန်ထောင် သို့ပို့ဆောင်လိုက်ပါတယ်။
မမီးမီး အနေဖြင့် ပုဒ်မ ၁၈ ကို ရင်ဆိုင်မည် မဟုတ်သဖြင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်စရာ အကြောင်းမရှိ အာမခံ မယူ ဟုဆိုသောကြောင့် အင်းစိန်ထောင်သို့ပို့လိုက်ပါတယ်။
ဘယ်ထောင်ရောက်ရောက် စားဝတ်နေရေး အခက်အခဲများကြားမှ ထောင်ဝင်စာ ပုံမှန်ပို့ကာ တလျှောက်လုံး ပံ့ပိုးပေးနေသည့် ခင်ပွန်းသည် ကိုလှမိုးမှာ အင်းစိန်ထောင်သို့ အရောက် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
မမီးမီးဟာ ကျီးပေါင်းနဲ့ လေးဘက်နာ ရောဂါရှိသူဖြစ်ပါတယ်။မမီးမီးက ကိုလှမိုး ထောင်ဝင်စာ လာတွေ့တိုင်း ဘုရား တရား စာအုပ်များ မှာလေ့ရှိပါတယ်။
မမီးမီးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၃ လ ပထမအကြိမ် ကျခဲ့ဖူးပါတယ်။၁၉၉၆ ခုနှစ် မမီးမီး ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ရ နှစ်ခန့် နေခဲ့ရပါတယ်။
၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီစျေးနှင့် ကုန်စျေးနှုန်း ကျဆင်းရေးအတွက် ကိုမင်းကိုနိုင် အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် အာဏာပိုင်များက မမီးမီးကို လိုက်လံဖမ်းဆီးခဲ့ရာ အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်နိုဝင်ဘာလ တွင် တရား မဝင် အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရွန်းနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မအနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။
မမီးမီးက စိတ်ဓာတ်အရတော့ တော်တော်လေး ကြံ့ခိုင်ပါတယ်၊ ကျန်းမာရေးကတော့ သိပ်မကောင်းလှပါဘူး။

Zaw Wann Maung

No comments:

Post a Comment