Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 31, 2016

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြေးမုံ သတင်းစာ တောင်းဆို

ဧရာဝတီ

အစိုုးရသစ်ဖွဲ့စည်းပေါ်ထွက်လာသည့်အခါ ပြည်သူတိုု့ ပျော်ရွှင်အားရ ကြိုဆိုု ကြသည်။ တစ်ပြိုင်နက်တည်းမှာ ဒီမိုုကရေစီ ခရီးကြမ်း၏ လမ်းခုုလတ်တွင် ကျန်ခဲ့ကြသူတိုု့ကိုု လွမ်းကြ တမ်းတကြရင်း မျက်ရည်စိုု့ကြရသည်။ သူတိုု့တတွေ ဒီမိုုကရေစီ အဖူးအညှောက်လေးများ၏ တစွန်းတစမျှကိုုပင် မခံစားလိုုက်ကြရ မမြင်တွေ့လိုုက်ကြရ။

ဤသိုု့ ကျဆုုံးခဲ့ကြသော အာဏာရှင်ဆန့်ကျင်ရေး ဒီမိုုကရေစီသမားများအတွက် မိသားစုုများနှင့်အတူ ပြည်သူတိုု့ စိတ်ထိခိုုက်ကြရသည်။ အချို့က ဒီမိုုကရေစီရမှ အမ ျှဝေပါဟုု အံကြိတ်တင်းခံရင်း အသက်ကိုု စွန့်သွားခဲ့ကြသည်။ ယခုုလိုု အစိုုးရသစ်ပေါ်ပေါက်လာတော့ သည်လိုုကျဆုုံးသူတိုု့အတွက် အမျှဝေသူတိုု့ ဝေကြပြီ။

ဒီမိုုကရေစီအရသာလေးကိုု အမြည်းလေးမျှ မခံစားလိုုက်ရသော အာဏာရှင် စနစ်ကိုု ဆန့်ကျင်ရင်း ဒီမိုုကရေစီတော်လှန်ရေးအတွင်းမှာ ကျဆုုံးကျန်ရစ်ခဲ့ကြသူ အများအပြားရှိခဲ့သလိုု ယနေ့ထက်တိုုင် အကျဉ်းထောင်နံရံများကြားမှာ အစားခက်၊ အနေခက်နှင့် ဒုုက္ခမျိုးစုံ ခံစားနေဆဲဖြစ်သည့် အာဏာရှင် ဆန့်ကျင်ရေး ဒီမိုုကရေစီသမားများကလည်း အမြောက်အမြား ရှိနေသေးသည်။

အမှန်တော့ သည်နေ့လိုု မင်္ဂလာရှိသည့် မြန်မာ့နိုုင်ငံရေး အပြောင်းအလဲကြီးနှင့် ကြုံကြိုက်နေရချိန်က နိုုင်ငံရေးအကျဉ်းသားဆိုုတာ မရှိသင့်တော့သည့် အချိန်။ ပြည်သူတိုု့ကလည်း မိမိတိုု့ ပြည်သူ့အစိုုးရပေါ်ပေါက်သည်နှင့် နိုုင်ငံရေး အကျဉ်းသားအားလုုံး လွတ်မြောက်တော့မည်ဟုု မေ ျှာ်လင့်နေကြတာဖြစ်သည်။ နိုုင်ငံတော်သမ္မတ၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာသည့် အသံကိုု နားစွင့်နေကြသည်။

သူတိုု့ခမျာ အစိုုးရသစ်တက်လာလိုု့ ဒီမိုုကရေစီလမ်းစပေါ်ပြီဆိုုပြီး ပျော်ရွှင် ကြိုဆိုုနေကြရာမှာ မပါဝင်နိုုင်ကြသူများ ဖြစ်သည်။

အထူးသဖြင့်တော့ ပညာရေးဥပဒေကိုု ဆန့်ကျင်ဆန္ဒပြကြရင်း အမှုပေါင်း များစွာနှင့် စွဲချက်တင် တရားစွဲဆိုုခြင်း ခံနေကြရသော ငယ်ရွယ်နုုပျိုသည့် ကျောင်းသားလူငယ်လေးများ၏ အမှုများကိုု အမြန်ဆုုံးရှင်းလင်းပြီး လွတ်မြောက်ခွင့် ပေးဖိုု့ကောင်းလှပြီ။ ကျောင်းသား ကျောင်းသူငယ်တိုု့၏ ပညာရေး လိုုလားချက် တောင်းဆိုုမှုများကိုု ရာဇဝတ်မှုကြီးများသဖွယ် စွပ်စွဲပြစ်တင်စရာ အကြောင်း မရှိလှဟုု ယူဆပါသည်။

ဒီမိုုကရေစီတံခါးများကိုု ဖွင့်လှစ်လာနိုုင်ပြီဖြစ်သော ယခုုလိုု မင်္ဂလာရှိလှသည့် အခါသမယမှာ ယုုံကြည်ချက်အမျိုးမျိုးတိုု့ကြောင့် ထောင်သွင်းအကျဉ်းချခြင်း ခံနေကြရသည့် နိုုင်ငံရေးအကျဉ်းသားတိုု့ မိမိတိုု့၏ မိသားစုုများနှင့် အမြန်ဆုုံး ပြန်လည် ပေါင်းစည်းနိုုင်ကြပါစေဟုု ဆုုမွန်ခြွေလိုုက်ရပါကြောင်း။

(ကြေးမုံသတင်းစာပါ အစိုုးရသစ်နှင့် နိုုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြသည်။)
The Irrawaddy (Burmese Version)





ဧရာဝတီ

အစိုးရသစ်ဖွဲ့စည်းပေါ်ထွက်လာသည့်အခါ ပြည်သူတို့ ပျော်ရွှင်အားရ ကြိုဆို ကြသည်။ တစ်ပြိုင်နက်တည်းမှာ ဒီမိုကရေစီ ခရီးကြမ်း၏ လမ်းခုလတ်တွင် ကျန်ခဲ့ကြသူတို့ကို လွမ်းကြ တမ်းတကြရင်း မျက်ရည်စို့ကြရသည်။ သူတို့တတွေ ဒီမိုကရေစီ အဖူးအညှောက်လေးများ၏ တစွန်းတစမျှကိုပင် မခံစားလိုက်ကြရ မမြင်တွေ့လိုက်ကြရ။

ဤသို့ ကျဆုံးခဲ့ကြသော အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသမားများအတွက် မိသားစုများနှင့်အတူ ပြည်သူတို့ စိတ်ထိခိုက်ကြရသည်။ အချို့က ဒီမိုကရေစီရမှ အမျှဝေပါဟု အံကြိတ်တင်းခံရင်း အသက်ကို စွန့်သွားခဲ့ကြသည်။ ယခုလို အစိုးရသစ်ပေါ်ပေါက်လာတော့ သည်လိုကျဆုံးသူတို့အတွက် အမျှဝေသူတို့ ဝေကြပြီ။

ဒီမိုကရေစီအရသာလေးကို အမြည်းလေးမျှ မခံစားလိုက်ရသော အာဏာရှင် စနစ်ကို ဆန့်ကျင်ရင်း ဒီမိုကရေစီတော်လှန်ရေးအတွင်းမှာ ကျဆုံးကျန်ရစ်ခဲ့ကြသူ အများအပြားရှိခဲ့သလို ယနေ့ထက်တိုင် အကျဉ်းထောင်နံရံများကြားမှာ အစားခက်၊ အနေခက်နှင့် ဒုက္ခမျိုးစုံ ခံစားနေဆဲဖြစ်သည့် အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီသမားများကလည်း အမြောက်အမြား ရှိနေသေးသည်။

အမှန်တော့ သည်နေ့လို မင်္ဂလာရှိသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးနှင့် ကြုံကြိုက်နေရချိန်က နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်တော့သည့် အချိန်။ ပြည်သူတို့ကလည်း မိမိတို့ ပြည်သူ့အစိုးရပေါ်ပေါက်သည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်တော့မည်ဟု မျှော်လင့်နေကြတာဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာသည့် အသံကို နားစွင့်နေကြသည်။

သူတို့ခမျာ အစိုးရသစ်တက်လာလို့ ဒီမိုကရေစီလမ်းစပေါ်ပြီဆိုပြီး ပျော်ရွှင် ကြိုဆိုနေကြရာမှာ မပါဝင်နိုင်ကြသူများ ဖြစ်သည်။

အထူးသဖြင့်တော့ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြကြရင်း အမှုပေါင်း များစွာနှင့် စွဲချက်တင် တရားစွဲဆိုခြင်း ခံနေကြရသော ငယ်ရွယ်နုပျိုသည့် ကျောင်းသားလူငယ်လေးများ၏ အမှုများကို အမြန်ဆုံးရှင်းလင်းပြီး လွတ်မြောက်ခွင့် ပေးဖို့ကောင်းလှပြီ။ ကျောင်းသား ကျောင်းသူငယ်တို့၏ ပညာရေး လိုလားချက် တောင်းဆိုမှုများကို ရာဇဝတ်မှုကြီးများသဖွယ် စွပ်စွဲပြစ်တင်စရာ အကြောင်း မရှိလှဟု ယူဆပါသည်။

ဒီမိုကရေစီတံခါးများကို ဖွင့်လှစ်လာနိုင်ပြီဖြစ်သော ယခုလို မင်္ဂလာရှိလှသည့် အခါသမယမှာ ယုံကြည်ချက်အမျိုးမျိုးတို့ကြောင့် ထောင်သွင်းအကျဉ်းချခြင်း ခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားတို့ မိမိတို့၏ မိသားစုများနှင့် အမြန်ဆုံး ပြန်လည် ပေါင်းစည်းနိုင်ကြပါစေဟု ဆုမွန်ခြွေလိုက်ရပါကြောင်း။

(ကြေးမုံသတင်းစာပါ အစိုးရသစ်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြသည်။)
......................

No comments:

Post a Comment