Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

၈၈ ၿငိမ္း/ပြင့္အဖဲြ႔မွ မနီလာသိန္းက ရဲစခန္းမွဴးကို ျပန္လည္တရားစဲြ

၈၈ မ်ဳိးဆက္အဖြဲ႔က မနီလာသိန္း ကို မတ္လ ၇ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးမွာ ရံုးထုတ္စဥ္။ Photo: Aung Thain Kha/RFA
တရားမ၀င္ စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ မနီလာသိန္း က သူ႔ကို တရားခံေျပး အျဖစ္ ေၾကညာခဲ့တဲ့ မရမ္းကုန္းၿမိဳ႔နယ္ ရဲစခန္းမွဴး ရဲအုပ္ ဦးသန္း၀င္း ကို ဂုဏ္သိကၡာညွဳိးႏြမ္းေစမႈနဲ႔ အေရးယူေပးဖို႔ မရမ္းကုန္းၿမိဳ ႔နယ္ တရားရံုးထံ ဒီေန႔ ေလွ်ာက္ထားတာကို တရားသူႀကီးက လက္ခံလိုက္ပါတယ္။

ရဲအုပ္ ဦးသန္း၀င္းဟာ အိမ္လိပ္စာမွားယြင္းၿပီး ရွာေဖြစစ္ေဆးခဲ့ၿပီးေနာက္ မေတြ႔ရွိတဲ့အတြက္ တရားခံေျပး အျဖစ္ ေၾကညာလိုက္တာဟာ ဂုဏ္သိကၡာကို ထိခိုက္ညွဳိးႏြမ္းေစတယ္လို႔ ယူဆတာေၾကာင့္ အေရးယူေပး ဖို႔ ေလွ်ာက္ထားတာျဖစ္တယ္လို႔ မနီလာသိန္း က ေျပာပါတယ္။

မနီလာသိန္းရဲ့ ေလွ်ာက္ထားမႈနဲ႔ ပတ္သက္ၿပီး လာမယ့္ ေရွ႕အပတ္ရံုးခ်ိန္းမွာ ရဲအုပ္ဦးသန္း၀င္းကို ဘယ္လိုပုဒ္မနဲ႔ တရားစဲြဆုိမယ္ဆုိတာကို အတိအက်သိရွိရမွာျဖစ္ပါတယ္။

မနီလာသိန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလက ရန္ကုန္ၿမိဳ႔ သမိုင္းလမ္းဆံုမွာ လက္ပံတန္းေက်ာင္းသားသပိတ္ စစ္ေၾကာင္းကို ေထာက္ခံဆႏၵျပခဲ့တာေၾကာင့္ ပုဒ္မ ၁၈ နဲ႔ အမႈဖြင့္ခံရတာျဖစ္ၿပီး အာမခံမယူတဲ့အတြက္ အင္းစိန္အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတာျဖစ္ပါတယ္။

မနီလာသိန္းနဲ႔အတူ ဗကသေက်ာင္းသား ကိုလင္းထက္ႏုိင္(ခ) ဂ်ိမ္းစ္ နဲ႔ မၿဖိဳးၿဖိဳးေအာင္တုိ႔လည္း မရမ္းကုန္းၿမိဳ႔နယ္ တရားရံုးမွာ ပုဒ္မ ၁၈ နဲ႔ အမႈရင္ဆုိင္ေနရတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................
 ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်း ကို မတ်လ ရ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Aung Thain Kha/RFA
တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မနီလာသိန်း က သူ့ကို တရားခံပြေး အဖြစ် ကြေညာခဲ့တဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ် ဦးသန်းဝင်း ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ မရမ်းကုန်းမြို ့နယ် တရားရုံးထံ ဒီနေ့ လျှောက်ထားတာကို တရားသူကြီးက လက်ခံလိုက်ပါတယ်။

ရဲအုပ် ဦးသန်းဝင်းဟာ အိမ်လိပ်စာမှားယွင်းပြီး ရှာဖွေစစ်ဆေးခဲ့ပြီးနောက် မတွေ့ရှိတဲ့အတွက် တရားခံပြေး အဖြစ် ကြေညာလိုက်တာဟာ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတယ်လို့ ယူဆတာကြောင့် အရေးယူပေး ဖို့ လျှောက်ထားတာဖြစ်တယ်လို့ မနီလာသိန်း က ပြောပါတယ်။

မနီလာသိန်းရဲ့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး လာမယ့် ရှေ့အပတ်ရုံးချိန်းမှာ ရဲအုပ်ဦးသန်းဝင်းကို ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာကို အတိအကျသိရှိရမှာဖြစ်ပါတယ်။

မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတာဖြစ်ပြီး အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

မနီလာသိန်းနဲ့အတူ ဗကသကျောင်းသား ကိုလင်းထက်နိုင်(ခ) ဂျိမ်းစ် နဲ့ မဖြိုးဖြိုးအောင်တို့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment