Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

ျမန္မာအမ်ိဳးသမီးတစ္ဦး ၆လအရြယ္ကေလးကိုေရာင္းစား


မေန႔မတ္လ ၃၀ရက္ေန႔ နံနက္ ၉နာရီေလာက္တြင္ ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ေစ်းထဲတြင္ ျမန္မာအမ်ိဳးသမီးႀကီးတစ္ဦး ေဒၚျမသက္ အသက္ ၅၉ႏွစ္ဆိုသူက ၆လအရြယ္ကေလးမေလးကိုခ်ည္ၿပီး ကေလးကိုေစ်းထဲမွာ ဘတ္ေငြ ၃၀၀၀၀ နဲ႔ ထိုင္းေစ်းသည္ေတြဆီမွာ လိုက္ေရာင္းေပးေနပါတယ္။

 ၎ကေလးဟာ သူမေျမးမေလးပဲ သူမသား၏သမီးအစစ္ပဲလို႔ေျပာပါတယ္ ထိုင္းႏိုင္ငံမွာေမြးထားေၾကာင္း ေမြးစာရင္းလည္းရွိတယ္၊ ကေလးဘ၀တိုးတက္ေကာင္းမြန္ေစခ်င္လို႔ဆိုၿပီးေျပာပါတယ္။

 ထိုင္းေစ်းသည္အမ်ိဳးသမီးတစ္ဦးက ၀ယ္မည့္အသြင္ေဆာင္ၿပီး ၁၀၀၀၀ နဲ႔ေရာင္းမလားလို႔ေစ်းစစ္ၾကည့္တဲ့အခါ မရပါဘူး ၃၀၀၀၀ မွရမယ္ ေစ်းေလွ်ာ့လို႔မရဘူးေျပာပါတယ္။ ဒီတစ္ေယာက္မက ေရာင္းစားဖို႔ ၂ေယာက္ ၃ေယာက္က်န္ရွိေသးတယ္လို႔လည္းေျပာပါတယ္။

 ဒီလိုေစ်းကိုင္ၿပီးေရာင္းခ်ျခင္းကို သံုးသပ္ရမယ္ဆိုရင္ ကေလးဘ၀၏ေကာင္းစားေရးအတြက္မဟုတ္ပဲ ကေလးလူကုန္ကူးမ်ားျဖစ္ေလမလားလို႔ပတ္၀န္းက်င္လူေတြကထင္ျမင္ယူဆၾကသည့္အတြက္ ရဲစခန္းသို႔တိုင္ၾကားလိုက္ပါတယ္။

 ကေလးနဲ႔မိခင္ေစာင့္ေရွာက္ေရးအဖြဲ႔လည္းလာေရာက္စစ္ေဆးေမးျမန္းခဲ့ပါတယ္ ေဒၚျမသက္၏ေျဖၾကားခ်က္ကေတာ့ ေျဖၾကားခ်က္တစ္ခါနဲ႔တခါလြဲမွားတာရွိၿပီး သူမေျမး ၂ေယာက္ရွိတယ္ေျပာလိုက္ ၃ေယာက္ရွိတယ္ေျပာလိုက္နဲ႔ မသကၤာမႈေတြ ပိုျဖစ္ေစတဲ့အတြက္ ရေနာင္းၿမိဳ႕တဘက္ကမ္း ျမန္မာဘက္ျခမ္း ေကာ့ေသာင္းၿမိဳ႕ရွိ ျမန္မာတာ၀န္ရွိထံ ဆက္သြယ္အေၾကာင္းၾကား လိုက္ပါတယ္။

 ျမန္မာဘက္ကလည္းဤတစ္ရက္ႏွစ္ရက္အတြင္းမွာ ေကာ့ေသာင္းၿမိဳ႕ေစ်းရံုမွာ ကေလးေပ်ာက္ဆံုးေနတယ္လို႔ ေျပာပါတယ္။ ၎ေပ်ာက္ဆံုးသြားေသာကေလးနဲ႔ ဤေဒၚျမသက္ေရာင္းစားေနေသာကလးက တစ္ဦးတည္းဟုတ္မဟုတ္စစ္ေဆးရန္ ေဒၚျမသက္ကိုထိုင္းဘက္ျခမ္းရေႏွာင္းၿမိဳ႕မွာခ်ဳပ္ေႏွာင္ထားၿပီး ျမန္မာဘက္ျခမ္းကတာ၀န္ရွိေတြ လာေရာက္ေခၚေဆာင္သြားဖို႔ ေစာင့္ဆိုင္းေနပါတယ္။ ျမန္မာဘက္ျခမ္းကိုပဲလြဲအပ္ေပးမွာျဖစ္ၿပီး ျမန္မာႏိုင္ငံကဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Thai News Agency
MTF Channel
https://www.facebook.com/mtftv

........................................


မနေ့မတ်လ ၃၀ရက်နေ့ နံနက် ၉နာရီလောက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့စျေးထဲတွင် မြန်မာအမျိုးသမီးကြီးတစ်ဦး ဒေါ်မြသက် အသက် ၅၉နှစ်ဆိုသူက ၆လအရွယ်ကလေးမလေးကိုချည်ပြီး ကလေးကိုစျေးထဲမှာ ဘတ်ငွေ ၃၀၀၀၀ နဲ့ ထိုင်းစျေးသည်တွေဆီမှာ လိုက်ရောင်းပေးနေပါတယ်။

 ၎င်းကလေးဟာ သူမမြေးမလေးပဲ သူမသား၏သမီးအစစ်ပဲလို့ပြောပါတယ် ထိုင်းနိုင်ငံမှာမွေးထားကြောင်း မွေးစာရင်းလည်းရှိတယ်၊ ကလေးဘဝတိုးတက်ကောင်းမွန်စေချင်လို့ဆိုပြီးပြောပါတယ်။

 ထိုင်းစျေးသည်အမျိုးသမီးတစ်ဦးက ၀ယ်မည့်အသွင်ဆောင်ပြီး ၁၀၀၀၀ နဲ့ရောင်းမလားလို့စျေးစစ်ကြည့်တဲ့အခါ မရပါဘူး ၃၀၀၀၀ မှရမယ် စျေးလျှော့လို့မရဘူးပြောပါတယ်။ ဒီတစ်ယောက်မက ရောင်းစားဖို့ ၂ယောက် ၃ယောက်ကျန်ရှိသေးတယ်လို့လည်းပြောပါတယ်။

 ဒီလိုစျေးကိုင်ပြီးရောင်းချခြင်းကို သုံးသပ်ရမယ်ဆိုရင် ကလေးဘဝ၏ကောင်းစားရေးအတွက်မဟုတ်ပဲ ကလေးလူကုန်ကူးများဖြစ်လေမလားလို့ပတ်ဝန်းကျင်လူတွေကထင်မြင်ယူဆကြသည့်အတွက် ရဲစခန်းသို့တိုင်ကြားလိုက်ပါတယ်။

 ကလေးနဲ့မိခင်စောင့်ရှောက်ရေးအဖွဲ့လည်းလာရောက်စစ်ဆေးမေးမြန်းခဲ့ပါတယ် ဒေါ်မြသက်၏ဖြေကြားချက်ကတော့ ဖြေကြားချက်တစ်ခါနဲ့တခါလွဲမှားတာရှိပြီး သူမမြေး ၂ယောက်ရှိတယ်ပြောလိုက် ၃ယောက်ရှိတယ်ပြောလိုက်နဲ့ မသင်္ကာမှုတွေ ပိုဖြစ်စေတဲ့အတွက် ရနောင်းမြို့တဘက်ကမ်း မြန်မာဘက်ခြမ်း ကော့သောင်းမြို့ရှိ မြန်မာတာဝန်ရှိထံ ဆက်သွယ်အကြောင်းကြား လိုက်ပါတယ်။

 မြန်မာဘက်ကလည်းဤတစ်ရက်နှစ်ရက်အတွင်းမှာ ကော့သောင်းမြို့စျေးရုံမှာ ကလေးပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ၎င်းပျောက်ဆုံးသွားသောကလေးနဲ့ ဤဒေါ်မြသက်ရောင်းစားနေသောကလးက တစ်ဦးတည်းဟုတ်မဟုတ်စစ်ဆေးရန် ဒေါ်မြသက်ကိုထိုင်းဘက်ခြမ်းရနှောင်းမြို့မှာချုပ်နှောင်ထားပြီး မြန်မာဘက်ခြမ်းကတာဝန်ရှိတွေ လာရောက်ခေါ်ဆောင်သွားဖို့ စောင့်ဆိုင်းနေပါတယ်။ မြန်မာဘက်ခြမ်းကိုပဲလွဲအပ်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံကဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Thai News Agency
MTF Channel
https://www.facebook.com/mtftv

No comments:

Post a Comment