Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

သူရဦးေရႊမန္း ဦးေဆာင္တဲ့ ေကာ္မတီက ဥပေဒ ၁၄၂ ခုကုိ ျပင္ဆင္ဖုိ ့ အၾကံျပဳခ်က္ ထုတ္ျပန္


သို႔
နာယက၊ ျပည္ေထာင္စုလႊတ္ေတာ္
ဥကၠ႒၊ ျပည္သူ႔လႊတ္ေတာ္
ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္

အေၾကာင္းအရာ။ သုံးသပ္အႀကံျပဳခ်က္မ်ားတင္ျပျခင္း

၁။ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ကာလအတြင္း ၂၀၁၆ ခုနွစ္၊ေဖေဖာ္ဝါရီလ ၄ ရက္ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္၊ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သုံးသပ္ေရး ေကာ္မရွင္ကို စတင္ဖြဲ႕စည္းခဲ့ၿပီးေနာက္ ထိုေကာ္မရွင္ကို ျပည္သူ႔လႊတ္ေတာ္မွ ၂၀၁၆ ခုနွစ္၊ မတ္လ ၁ ရက္ေန႔တြင္ ႐ုပ္သိမ္းကာ ျပည္ေထာင္စုလႊတ္ေတာ္၊ ဥပေဒ ေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သုံးသပ္ေရးေကာ္မရွင္ကို ၂၀၁၆ ခုနွစ္၊ မတ္လ ၁ ရက္ေန႔တြင္ ဆက္လက္ဖြဲ႔စည္းခဲ႔ပါသည္။

၂။ ေကာ္မရွင္သည္ ဤကာလအတြင္း နိုင္ငံေတာ္ႏွင့္ နိုင္ငံသားအက်ိဳးစီးပြား အတြက္ ဘာသာရပ္အသီးသီးႏွင့္ အစိုးရအဖြဲ႕အသစ္လက္ထက္တြင္ မျဖစ္မေန ႀကဳံေတြ႕ေျဖရွင္း ေဆာင္ရြက္ရမည့္ အဓိကကိစၥရပ္မ်ားကို ေလ့လာဆန္းစစ္သုံးသပ္၊ ေဆြးေႏြးၫွိႏႈိင္းၿပီး ျပည္သူ႕လႊတ္ေတာ္ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဥကၠ႒တို႔အား ရွင္းလင္းတင္ျပခဲ့ၿပီးေနာက္ ထိုအဖြဲ႕မ်ား၏ ျပန္လည္ေဆြးေႏြးခ်က္မ်ားအေပၚ ျပန္လည္စိစစ္ ျဖည့္စြက္ေဆာင္ရြက္ၿပီး ေကာ္မရွင္၏ ေနာက္ဆုံးသုံးသပ္အႀကံျပဳခ်က္မ်ားကို လိုအပ္သလို ဆက္လက္ေဆာင္ရြက္နိုင္ပါရန္ က႑အလိုက္ သုံးသပ္အႀကံျပဳခ်က္မ်ားႏွင့္အတူ ပူးတြဲေပးပို႔တင္ျပအပ္ပါသည္-
(က) တည္ဆဲဥပေဒမ်ားအနက္မွ ျပင္ဆင္ရန္၊ ပယ္ဖ်က္ရန္၊ ရုပ္သိမ္းရန္၊ အသစ္ ျပန္လည္ေရးဆြဲရန္ လိုအပ္ေၾကာင္း စိစစ္ေတြ႕ရွိရသည့္ ဥပေဒ ၁၄၂ ခု ေတြ႕ရွိရၿပီးျဖစ္ကာ ဆက္လက္ ေလ့လာေဆာင္ရြက္သြားရန္ လိုအပ္မည္ျဖစ္ပါသည္။ တည္ဆဲဥပေဒသာရွိၿပီး၊ နည္းဥပေဒမရွိျခင္း၊ နည္းဥပေဒရွိၿပီး အမိန္႔ေၾကာ္ျငာစာမ်ား မထုတ္ျပန္နိုင္ေသးျခင္း၊ ထုတ္ျပန္ၿပီးေသာ အမိန္႔ေၾကာ္ျငာစာမ်ားမွာလည္း မူလဥပေဒႏွင့္ ကိုက္ညီမႈမရွိျခင္း၊ လက္ေတြ႕လုပ္ေဆာင္၍မရျခင္း စေသာ ကိစၥရပ္မ်ား အေပၚ သုံးသပ္ခ်က္၊ ပူးတြဲ(က)
(ခ) ၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးနွစ္ ဘတ္ဂ်က္ဥပေဒ၊ စီမံကိန္းဥပေဒမ်ားကို ၂၀၁၆ ခုနွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔တြင္ က်င္းပျပဳလုပ္ေသာ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ျပ႒ာန္းခဲ့ၿပီးျဖစ္ေသာ္လည္း အခ်ိန္လု၍ အခ်ိန္မီ ၿပီးစီးေအာင္ ေဆာင္ရြက္ခဲ့ရေသာေၾကာင့္ ျပည္သူ့ဘ႑ာေငြမ်ား စနစ္တက် ထိေရာက္မွန္ကန္စြာ အသုံးျပဳနိုင္ရန္ လက္ရွိ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္သည္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အစိုးရသစ္ႏွင့္ ေဆြးေႏြးညွိနွိုင္းၿပီး ေဆာင္ရြက္သင့္ေသာ လုပ္ငန္းမ်ား၊ စီမံကိန္းမ်ားကို စိစစ္နိုင္ရန္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အစိုးရဖြဲ႔စည္းၿပီးေနာက္ ေဆာလ်င္စြာ ျပန္လည္ စိစစ္ သုံးသပ္ရန္အတြက္ အစိုးရႏွင့္လႊတ္ေတာ္မွ ေဆာင္ရြက္ရန္ တင္ျပခ်က္၊ ပူးတြဲ(ခ)
(ဂ) ပထမအႀကိမ္၊ လႊတ္ေတာ္ကာလအတြင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္ေသာ ၂၀၁၆ ခုနွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒႏွင့္စပ္လ်ဥ္း၍ ေကာ္မရွင္ အဖြဲ႕ဝင္ မ်ားသည္ ဘ႑ာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ေလးႀကိမ္တိုင္ ေတြ႕ဆုံေဆြးေႏြး ေလ့လာဆန္းစစ္ ညွိႏႈိင္း အေျဖရွာ သုံးသပ္ခဲ့ၿပီး ထိုေတြ႕ရွိသုံးသပ္ အႀကံျပဳခ်က္အတိုင္း ျပင္ဆင္ရန္ လိုေသာ အခြန္ဥပေဒကို ျပည္ေထာင္စုအစိုးရအဖြဲ႔ႏွင့္ ျပည္ေထာင္စု လႊတ္ေတာ္က ျပန္လည္ျပင္ဆင္ျခင္းႏွင့္ လိုက္နာေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို အခြန္ထမ္းျပည္သူႏွင့္ အခြန္ဦးစီးဌာနတို႔မွနည္းလမ္းတက် ေဆာင္ရြက္ျခင္းျဖင့္ နိုင္ငံေတာ္ႏွင့္ ျပည္သူမ်ားအတြက္ မ်ားစြာ အက်ိဳးျဖစ္ထြန္းမည္ ျဖစ္သည္။ ထိုသို႔အခြန္ထမ္းျပည္သူမ်ားႏွင့္ အခြန္ဦးစီးဌာနမွ ဝန္ထမ္းမ်ားအေနျဖင့္ တိက်စြာ လိုက္နာေဆာင္ရြက္ နိုင္ေရးအတြက္ စံျပဳထားေသာ လုပ္ထုံးလုပ္နည္းမ်ား (Standard Operation Procedure ) မ်ား ထုတ္ျပန္နိုင္ေရးကိစၥ၊ ပူးတြဲ(ဂ)
(ဃ) အစိုးရအဖြဲ႕အသစ္လက္ထက္တြင္ မလႊဲမေသြႀကဳံေတြ႕ေဆာင္ရြက္ရမည့္ တင္ဒါေခၚယူျခင္း ႀကီးၾကပ္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားအတြက္ ထုတ္ျပန္ထားၿပီးျဖစ္ေသာ ဥပေဒ၊ နည္းဥပေဒ၊ အမိန္႔ေၾကာ္ျငာစာ၊ ၫႊန္ၾကားခ်က္မ်ားအတိုင္း တိက်စြာလိုက္နာေဆာင္ရြက္နိုင္ေရးႏွင့္ ထိုသို႔ေဆာင္ရြက္နိုင္ေရး ႀကီးၾကပ္ေဆာင္ရြက္ေပးေရးကိစၥမ်ားအေပၚသုံးသပ္ခ်က္၊ ပူးတြဲ(ဃ)
(င) ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြား ျမႇင့္တင္ေရးဥပေဒ ထုတ္ျပန္ၿပီးေသာ္လည္း သက္ဆိုင္ရာဌာနမ်ားမွ နည္းဥပေဒ၊ အမိန္႔ေၾကာ္ျငာစာမ်ား ထုတ္ျပန္နိုင္ျခင္း မရွိေသးျခင္း တို႔ေၾကာင့္ ေတာင္သူလယ္သမားမ်ားအတြက္ ဥပေဒပါအတိုင္း သင့္တင့္မွ်တ လုံေလာက္ေသာ ၂၀၁၆ ခုနွစ္၊ မိုးရာသီစိုက္ပ်ိဳးစရိတ္ အခ်ိန္မီ ထုတ္ေခ်းနိုင္ေရးႏွင့္ လိုအပ္ေသာ နည္းပညာပံ့ပိုးေပးေရး၊ ထြက္ရွိေသာ သီးနွံမ်ားကို ေစ်းကြက္ႏွင့္ သင့္တင့္မ်ွတေသာ ေစ်းႏႈန္းမရရွိနိုင္ျခင္း၊ သိမ္းဆည္းခံ လယ္ယာေျမမ်ားႏွင့္ ပတ္သက္၍ လည္း ယခုတိုင္ၿပီးျပတ္မႈမရွိဘဲ ၾကန္႔ၾကာေနသျဖင့္ သက္ဆိုင္ရာ ျပည္ေထာင္စုအစိုးရအဖြဲ႔ ဌာနဆိုင္ရာမ်ားမွ အေလးဂရုျပဳ၍ ေဆာင္ရြက္ေပးပါက အဆင္ေျပနိုင္ေၾကာင္း သုံးသပ္ခ်က္မ်ား၊ ပူးတြဲ(င)
(စ) ရုံးဌာနအသီးသီးရွိ အခ်ိဳ႕ေသာရုံးအသုံးစရိတ္မ်ားမွာ အမွန္ကုန္က်ေငြမ်ား ကို ခြင့္ျပဳေပးထားျခင္း မရွိသည့္အတြက္ လုပ္ငန္းျဖစ္ေျမာက္ အဆင္ေျပေစရန္ဝန္ထမ္းမ်ားမွ မေလ်ာ္မကန္ေသာနည္းျဖင့္ ေဆာင္ရြက္လ်က္ရွိမႈ မ်ားေၾကာင့္ ဝန္ထမ္းမ်ား၏ ဂုဏ္သိကၡာက်ဆင္းျခင္း၊ ျပည္သူမ်ား၏ ယုံျကည္မႈက်ဆင္း ေလ်ာ့နည္းလာျခင္းမ်ား ျဖစ္ေပၚေနပါသည္။ သို႔ျဖစ္၍ အမွန္တကယ္ ကုန္က်ေငြမ်ားကို စိစစ္ၿပီးခြင့္ျပဳထုတ္ေပးနိုင္ေရး သုံးသပ္၍ လိုအပ္သလို ေဆာင္ရြက္သြားရန္ ကိစၥမ်ား။ ပူးတြဲ(စ)

၃။ အထက္အပိုဒ္ ၂ အပိုဒ္ခြဲ(က)(ခ)(ဂ)(ဃ)(င)(စ) ပါ ကိစၥရပ္မ်ားမွာ မျဖစ္မေန ေဆာင္ရြက္သင့္ေသာကိစၥရပ္မ်ားျဖစ္၍ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အစိုးရအဖြဲ႔အသစ္ စတင္တာဝန္ယူရေသာအခ်ိန္မွပင္ ထိေရာက္လ်င္ျမန္စြာ ေဆာင္ရြက္နိုင္မွသာ ျပည္သူမ်ား၏ ေမွ်ာ္လင့္ထားေသာအေျပာင္းအလဲႏွင့္ နိုင္ငံေတာ္ႏွင့္ နိုင္ငံသားမ်ား အက်ိဳးစီးပြားရရွိလာနိုင္မည္ ျဖစ္ပါသည္။

၄။ သို႔ရာတြင္ ေဆာင္ရြက္ရမည့္လုပ္ငန္းမ်ားအားလုံးမွာ အခ်ိန္တိုအတြင္း ၿပီးေျမာက္ေအာင္ ေဆာင္ရြက္နိုင္ေသာကိစၥမ်ားရွိသလို အခ်ိန္ယူ ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားလည္း ရွိသည့္အတြက္ ဦးစားေပးအစီအစဥ္မ်ား ခ်မွတ္၍ စနစ္တက် ထိေရာက္စြာ ေဆာင္ရြက္သြားရန္ လိုအပ္ေၾကာင္းသုံးသပ္တင္ျပပါသည္။
ပူးတြဲပါ- ေကာ္မရွင္၏သုံးသပ္ခ်က္(၆)ေစာင္

သူရဦးေရႊမန္း
ဥကၠ႒
မိတၱဴကို
ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး
ေဒၚေအာင္ဆန္းစုၾကည္
႐ုံးလက္ခံ

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann






...........................................................................


သို့
နာယက၊ ပြည်ထောင်စုလွှတ်တော်
ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်

အကြောင်းအရာ။ သုံးသပ်အကြံပြုချက်များတင်ပြခြင်း

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကာလအတွင်း ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ထိုကော်မရှင်ကို ပြည်သူ့လွှတ်တော်မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ရုပ်သိမ်းကာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဆက်လက်ဖွဲ့စည်းခဲ့ပါသည်။

၂။ ကော်မရှင်သည် ဤကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား အတွက် ဘာသာရပ်အသီးသီးနှင့် အစိုးရအဖွဲ့အသစ်လက်ထက်တွင် မဖြစ်မနေ ကြုံတွေ့ဖြေရှင်း ဆောင်ရွက်ရမည့် အဓိကကိစ္စရပ်များကို လေ့လာဆန်းစစ်သုံးသပ်၊ ဆွေးနွေးညှိနှိုင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတို့အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ထိုအဖွဲ့များ၏ ပြန်လည်ဆွေးနွေးချက်များအပေါ် ပြန်လည်စိစစ် ဖြည့်စွက်ဆောင်ရွက်ပြီး ကော်မရှင်၏ နောက်ဆုံးသုံးသပ်အကြံပြုချက်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါရန် ကဏ္ဍအလိုက် သုံးသပ်အကြံပြုချက်များနှင့်အတူ ပူးတွဲပေးပို့တင်ပြအပ်ပါသည်-
(က) တည်ဆဲဥပဒေများအနက်မှ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ရုပ်သိမ်းရန်၊ အသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည့် ဥပဒေ ၁၄၂ ခု တွေ့ရှိရပြီးဖြစ်ကာ ဆက်လက် လေ့လာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ တည်ဆဲဥပဒေသာရှိပြီး၊ နည်းဥပဒေမရှိခြင်း၊ နည်းဥပဒေရှိပြီး အမိန့်ကြော်ငြာစာများ မထုတ်ပြန်နိုင်သေးခြင်း၊ ထုတ်ပြန်ပြီးသော အမိန့်ကြော်ငြာစာများမှာလည်း မူလဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ လက်တွေ့လုပ်ဆောင်၍မရခြင်း စသော ကိစ္စရပ်များ အပေါ် သုံးသပ်ချက်၊ ပူးတွဲ(က)
(ခ) ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း အချိန်လု၍ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ခဲ့ရသောကြောင့် ပြည်သူ့ဘဏ္ဍာငွေများ စနစ်တကျ ထိရောက်မှန်ကန်စွာ အသုံးပြုနိုင်ရန် လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်သင့်သော လုပ်ငန်းများ၊ စီမံကိန်းများကို စိစစ်နိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့စည်းပြီးနောက် ဆောလျင်စွာ ပြန်လည် စိစစ် သုံးသပ်ရန်အတွက် အစိုးရနှင့်လွှတ်တော်မှ ဆောင်ရွက်ရန် တင်ပြချက်၊ ပူးတွဲ(ခ)
(ဂ) ပထမအကြိမ်၊ လွှတ်တော်ကာလအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် များသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေး လေ့လာဆန်းစစ် ညှိနှိုင်း အဖြေရှာ သုံးသပ်ခဲ့ပြီး ထိုတွေ့ရှိသုံးသပ် အကြံပြုချက်အတိုင်း ပြင်ဆင်ရန် လိုသော အခွန်ဥပဒေကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော်က ပြန်လည်ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို အခွန်ထမ်းပြည်သူနှင့် အခွန်ဦးစီးဌာနတို့မှနည်းလမ်းတကျ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။ ထိုသို့အခွန်ထမ်းပြည်သူများနှင့် အခွန်ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် စံပြုထားသော လုပ်ထုံးလုပ်နည်းများ (Standard Operation Procedure ) များ ထုတ်ပြန်နိုင်ရေးကိစ္စ၊ ပူးတွဲ(ဂ)
(ဃ) အစိုးရအဖွဲ့အသစ်လက်ထက်တွင် မလွှဲမသွေကြုံတွေ့ဆောင်ရွက်ရမည့် တင်ဒါခေါ်ယူခြင်း ကြီးကြပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ထုတ်ပြန်ထားပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ထိုသို့ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရေးကိစ္စများအပေါ်သုံးသပ်ချက်၊ ပူးတွဲ(ဃ)
(င) တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ ထုတ်ပြန်ပြီးသော်လည်း သက်ဆိုင်ရာဌာနများမှ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ခြင်း မရှိသေးခြင်း တို့ကြောင့် တောင်သူလယ်သမားများအတွက် ဥပဒေပါအတိုင်း သင့်တင့်မျှတ လုံလောက်သော ၂၀၁၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် အချိန်မီ ထုတ်ချေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာပံ့ပိုးပေးရေး၊ ထွက်ရှိသော သီးနှံများကို စျေးကွက်နှင့် သင့်တင့်မျှတသော စျေးနှုန်းမရရှိနိုင်ခြင်း၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ လည်း ယခုတိုင်ပြီးပြတ်မှုမရှိဘဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဌာနဆိုင်ရာများမှ အလေးဂရုပြု၍ ဆောင်ရွက်ပေးပါက အဆင်ပြေနိုင်ကြောင်း သုံးသပ်ချက်များ၊ ပူးတွဲ(င)
(စ) ရုံးဌာနအသီးသီးရှိ အချို့သောရုံးအသုံးစရိတ်များမှာ အမှန်ကုန်ကျငွေများ ကို ခွင့်ပြုပေးထားခြင်း မရှိသည့်အတွက် လုပ်ငန်းဖြစ်မြောက် အဆင်ပြေစေရန်ဝန်ထမ်းများမှ မလျော်မကန်သောနည်းဖြင့် ဆောင်ရွက်လျက်ရှိမှု များကြောင့် ဝန်ထမ်းများ၏ ဂုဏ်သိက္ခာကျဆင်းခြင်း၊ ပြည်သူများ၏ ယုံကြည်မှုကျဆင်း လျော့နည်းလာခြင်းများ ဖြစ်ပေါ်နေပါသည်။ သို့ဖြစ်၍ အမှန်တကယ် ကုန်ကျငွေများကို စိစစ်ပြီးခွင့်ပြုထုတ်ပေးနိုင်ရေး သုံးသပ်၍ လိုအပ်သလို ဆောင်ရွက်သွားရန် ကိစ္စများ။ ပူးတွဲ(စ)

၃။ အထက်အပိုဒ် ၂ အပိုဒ်ခွဲ(က)(ခ)(ဂ)(ဃ)(င)(စ) ပါ ကိစ္စရပ်များမှာ မဖြစ်မနေ ဆောင်ရွက်သင့်သောကိစ္စရပ်များဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့အသစ် စတင်တာဝန်ယူရသောအချိန်မှပင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှသာ ပြည်သူများ၏ မျှော်လင့်ထားသောအပြောင်းအလဲနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားရရှိလာနိုင်မည် ဖြစ်ပါသည်။

၄။ သို့ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများအားလုံးမှာ အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်သောကိစ္စများရှိသလို အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ရှိသည့်အတွက် ဦးစားပေးအစီအစဉ်များ ချမှတ်၍ စနစ်တကျ ထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းသုံးသပ်တင်ပြပါသည်။
ပူးတွဲပါ- ကော်မရှင်၏သုံးသပ်ချက်(၆)စောင်

သူရဦးရွှေမန်း
ဥက္ကဋ္ဌ
မိတ္တူကို
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဒေါ်အောင်ဆန်းစုကြည်
ရုံးလက်ခံ

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann








No comments:

Post a Comment