Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 20, 2016




သီဟကိုကို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀


ရွေးချယ်ခံခဲ့ရပါတယ်။

ပါဝင်ခဲ့ပါတယ်။


ငပလီကမ်းခြေသို့


@@@


- - - - -

အမေရိကန်ခရီးသွားဝက်ဆိုဒ် TripAdvisor က ရွေးချယ်တဲ့
ကမ္ဘာ့အလှဆုံးကမ်းခြေတွေထဲမှာ ငပလီ ကမ်းခြေပါ၀င်

သီဟကိုကို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အမေရိကန်ခရီးသွားလုပ်ငန်းဆိုင်ရာဝက်ဆိုက်ဒ်ဖြစ်တဲ့ TripAdvisor က
ရွေးချယ်တဲ့ ကမ္ဘာ့အလှဆုံး ကမ်းခြေစာရင်းထဲမှာ ငပလီ
ကမ်းခြေပါ၀င်ခဲ့ပါတယ်။

TripAdvisor’s Top 10 Beaches in the world စာရင်းရဲ့
အဆင့် ၈ နေရာမှာ ငပလီကမ်းခြေပါ၀င်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံက Nacpan ကမ်းခြေက အဆင့် ၁၀ နေရာမှာ
ရွေးချယ်ခံခဲ့ရပါတယ်။

TripAdvisor ရဲ့ ရွေးချယ်တဲ့ အလှဆုံးကမ်းခြေစာရင်းမှာ
Turks and Caicos ကျွန်းစုမှ Grace Bay ၊ ဘရာဇီးမှ
Baia do Sancho ၊ ကျူးဘားမှ Playa Paraiso ၊ အရှေ့
အာဖရိက ရှိ Seychelles မှ Anse Lazio ၊ ဗင်နီးဇွဲလားမှ
Cayo de Agua ၊ ပူတိုရီကိုမှ Flamenco ၊ စပိန်မှ
Playa de Ses Illetes ၊ ဟွန်ဒူးရပ်မှ West Bay စတဲ့ ကမ်းခြေတွေ
ပါ၀င်ခဲ့ပါတယ်။

ငပလီကမ်းခြေဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့
နိုင်ငံခြားခရီးသွားတွေ ရွေးချယ်လည်ပတ်တဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး
ခရီးသွားတွေ သွားရောက်လည်ပတ်မှုများပြားတဲ့ ကမ်းခြေ ဖြစ်ပါတယ်။

ငပလီကမ်းခြေဟာ နိုင်ငံတကာခရီးသွားဝက်ဆိုက်ဒ်က ရွေးချယ်တဲ့
ကမ္ဘာ့အလှဆုံး ကမ်းခြေတွေ စာရင်းမှာ ပါ၀င်ခဲ့တဲ့အတွက်
ခရီးသွားတွေအကြားမှာ ပိုမို သိရှိလာနိုင်ပြီး
ငပလီကမ်းခြေသို့
လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ ပိုမိုမြင့်တက်လာဖို့
ခရီးသွားလုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။

ငပလီကမ်းခြေမှာ ကမ္ဘာကျော်ဟိုတယ်လုပ်ငန်းစုဖြစ်တဲ့ Hilton
ကလည်း Hilton Ngapali Resort ကိုဖွင့်လှစ်ထားပါတယ်။

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။




No comments:

Post a Comment