Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 20, 2016




နိုင်နိုင်ဇော်
ရန်ကုန်၊ဖေဖော်ဝါရီ ၂၁






အများပြည်သူနဲ့အစိုးရရဲ့ ထည့်ဝင်ရင်းနှီးငွေတွေနဲ့ လည်ပတ်နေတဲ့ BRT ဘတ်စ်ကားစနစ်ကို အခုလ ၇ ရက်နေ့ မှာ စတင်ပြေးဆွဲခဲ့ပြီး ယာဉ်လမ်းကြောင်းအသစ်ကို ကမ္ဘာအေးဘုရားလမ်းအခြေပြုပြေးဆွဲဖို့စီစဉ်နေပြီး ယာဉ်အစီး ရေး ၂၂ စီးနဲ့ အခုလကုန်ပိုင်းမှာပြေးဆွဲဖို့ရှိနေပါတယ်။

@@@

........................................

BRT အမြန်ဘတ်စ်ကားစနစ်အတွက် လက်မှတ်ရုံတည်ဆောက်ခြင်းနဲ့ လခစားယာဉ်မောင်းတွေထပ်မံခန့်အပ်ဖို့လုပ် ဆောင်

နိုင်နိုင်ဇော်
ရန်ကုန်၊ဖေဖော်ဝါရီ ၂၁

BRT အမြန်ဘတ်စ်ကားစနစ်အတွက် လက်မှတ်ရုံတည်ဆောက်ခြင်းနဲ့ လခစားယာဉ်မောင်းတွေကို ထပ်ပြီးခန့်အပ် ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီထံက သိရပါတယ်။

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီကမှာယူထားတဲ့ ဘတ်စ်ကားအသစ် ၂၇ စီးထပ်မံရောက်ရှိလာပြီး ထိုဘတ်စ် ကားတွေကို ကိုင်တွယ်မောင်းနှင်ဖို့ လခစားယာဉ်မောင်း အယောက် ၃၀ ကိုထပ်မံခန့်အပ်သွားမှာဖြစ်ပါတယ်။

အခုအချိန်အထိ ယာဉ်မောင်းလာရောက်လျှောက်ထားသူ ၁၉ ဦးအထိရှိနေပြီး ယာဉ်မောင်းတွေကို ကုမ္ပဏီဝန်ထမ်း သဘောမျိုးခန့်အပ်မှာဖြစ်ပြီး တစ်နေ့အလုပ်ချိန် ၈ နာရီနဲ့ နားရက်တွေကိုတိတိကျကျသတ်မှတ်ထားတယ်လို့ ဘတ် စ်ကားအများပိုင်ကုမ္ပဏီထံကသိရပါတယ်။

အဆိုပါဘတ်စ်ကားအသစ်တွေဖြင့် ယာဉ်လမ်းကြောင်းအသစ်တွေ ထပ်ပြီးတိုးချဲ့ပြေးဆွဲဖိုရှိနေပြီး ဘတ်စ်ကားပြေး လမ်းကြောင်းတလျှောက် Anypay လက်မှတ်ရုံ ၂၃ ရုံကိုပါ တိုးချဲ့တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ အများ ပိုင်ကုမ္ပဏီတာဝန်ရှိသူကပြောပါတယ်။

BRT စီးနင်းရာမှာအသုံးပြုနိုင်ဖို့ လက်ရှိမှာ Anypay ကဒ်တစ်သောင်းကိုသာရောင်းချထားပြီး အနည်းဆုံးငွေကျပ် တစ်ထောင်မှ အများဆုံးငွေကျပ်သုံးထောင် အထိထည့်သွင်းနိုင်ပြီး ယာဉ်စီးခကျပ် ၃၀၀ နှုန်းသတ်မှတ်ထားပါ တယ်။

အများပြည်သူနဲ့အစိုးရရဲ့ ထည့်ဝင်ရင်းနှီးငွေတွေနဲ့ လည်ပတ်နေတဲ့ BRT ဘတ်စ်ကားစနစ်ကို အခုလ ရ ရက်နေ့ မှာ စတင်ပြေးဆွဲခဲ့ပြီး ယာဉ်လမ်းကြောင်းအသစ်ကို ကမ္ဘာအေးဘုရားလမ်းအခြေပြုပြေးဆွဲဖို့စီစဉ်နေပြီး ယာဉ်အစီး ရေး ၂၂ စီးနဲ့ အခုလကုန်ပိုင်းမှာပြေးဆွဲဖို့ရှိနေပါတယ်။

ဓာတ်ပုံ-globalnewlightofmyanmar
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
SFJ Strategy First Journal




No comments:

Post a Comment