Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

NLD အစုိးရသစ္တက္ လာၿပီးေနာက္ ေမလအတြင္း လုပ္ငန္းေတြ စတင္မယ္လုိ႔ တရုတ္ဝမ္ေပါင္ကုမၸဏီေျပာ

မံုရြာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း လုပ္ငန္းခြင္တစ္ေနရာကို ေတြ႔ရစဥ္။ Photo: RFA
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစုိးရသစ္တက္လာတာနဲ႔ မံုရြာလက္ပံေတာင္းေတာင္ ေၾကးနီ စီမံကိန္းလုပ္ငန္းေတြကုိ ေမလအတြင္း စတင္မယ္လုိ႔ တရုတ္ဝမ္ေပါင္ကုမၸဏီက ဒီကေန႔ ေျပာၾကားလုိက္ပါတယ္။

ေဒသခံေတြနဲ႔ ျပႆနာတခ်ိဳ႕ရွိေနဆဲျဖစ္ေပမယ့္ NLD အစုိးရသစ္လက္ထက္မွာ ပုိမုိေကာင္းမြန္တဲ့ အနာဂတ္ျဖစ္ ထြန္းလာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားၿပီး၊ ေၾကးနီထုတ္လုပ္မႈလုပ္ငန္းေတြကုိ အစုိးရသစ္တက္လာၿပီး သီတင္းပတ္ အနည္းငယ္အၾကာ ေမလထဲမွာ စတင္မယ္လုိ႔ ဝမ္ေပါင္ကုမၸဏီရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ မစၥတာ ေဒါင္ယြန္ဖီးက AFP သတင္းဌာနကုိ ေျပာပါတယ္။

စစ္တပ္ပုိင္ ဦးပုိင္ကုမၸဏီနဲ႔ တရုတ္ဝမ္ေပါင္ကုမၸဏီတုိ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေနတဲ့ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းမွာ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ေဒသခံဆႏၵျပေတာင္သူေတြနဲ႔ အာဏာပုိင္ေတြ အၾကား မၾကာခဏဆုိသလုိ ထိပ္တုိက္ပဋိပကၡေတြ ျဖစ္ပြားခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...............
 မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။ Photo: RFA
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်တက်လာတာနဲ့ မုံရွာလက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းတွေကို မေလအတွင်း စတင်မယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒေသခံတွေနဲ့ ပြဿနာတချို့ရှိနေဆဲဖြစ်ပေမယ့် NLD အစိုးရသစ်လက်ထက်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ် ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေကို အစိုးရသစ်တက်လာပြီး သီတင်းပတ် အနည်းငယ်အကြာ မေလထဲမှာ စတင်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဒေါင်ယွန်ဖီးက AFP သတင်းဌာနကို ပြောပါတယ်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒေသခံဆန္ဒပြတောင်သူတွေနဲ့ အာဏာပိုင်တွေ အကြား မကြာခဏဆိုသလို ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment