1 February 2016
အပြည့်အစုံကိုတော့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
စစ်အုပ်ချုပ်ရေး စနစ်ကနေ အသွင်ပြောင်းပြီး အရပ်သားအစိုးရတစ်ပိုင်း ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ အများစု နေရာယူခဲ့ကြတဲ့၅ နှစ်တာ လွှတ်တော် အစည်းအဝေးတွေ ပြီးတဲ့နောက် ဒုတိယ အကြိမ်မြှောက် လွှတ်တော်အသစ်ကိုတော့ ပြည်သူတွေ ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ်တွေက ဦးဆောင် တော့မှာဖြစ်ပါတယ်။
ဒီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အခုလို ပြောဆို လိုက်ပါတယ်။
ဒါ့အပြင် NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း အဂတိလိုက်စားမှုမရှိအောင် ဒေါ်အောင်ဆန်းစုကြည်က တင်းတင်းကြပ်ကြပ် သတိပေးထားတယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် သဘာပတိကို ရွေးချယ်သွားမှာဖြစ်သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ တို့ကိုလည်း အတည်ပြုရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ကျမှ စတင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၈ အရ ပြည်သူ့လွှတ်တော်ရဲ့ ပထမအစည်းအဝေးစတင်နေ့ကစလို့ ၁၅ ရက်အတွင်းမှာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရမှာ ဖြစ်တာကြောင့် လွှတ်တော် ၂ ရပ် ကိုယ်စားလှယ်တွေ တတ်ရောက်ကြမယ့် ပြည်ထောင်စုလွှတ်တော်ကိုလည်း ဒီရက်ပိုင်းအတွင်းမှာ ခေါ်ယူသွားမယ်လို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ဗွီအိုအေ ကို ပြောပါတယ်။
ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေကနေ ရွေးချယ်မယ့် ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်မှာ မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ NLD လွတ်တော်ကိုယ်စားလှယ်တွေ အများစု နေရာရထားတဲ့ လွှတ်တော် ၂ ရပ်က ဘယ်သူ့တွေကို ဒုသမတ ရွေးကောက်တင်ပြသွားမလဲဆိုတာနဲ့ နို်င်ငံရဲ့သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ပြည်တွင်းကော နို်င်ငံတကာ အသိုင်းအ၀ိုင်းကပါ စောင့်ကြည့်နေကြပါတယ်။ ပြည်သူအများစုကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စလုံးက အတားအဆီးဖြစ်နေပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က အခုလို ပြောဆိုပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ရှေးရှု့ခဲ့သလို ပြီးခဲ့တဲ့ လွှတ်တော်တွင်း အစည်းအဝေးတွေမှာလည်း ပုဒ်မ ၅၉ စနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒီတစ်ခေါက် မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒီ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆက်ကြိုးစားသွားမယ်လို့ NLD ကပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ(၃)ရက် မှာ အမျိုးသားလွှတ်တော်စတင်ပြီး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို နောက်သီတင်းပတ်အတွင်းမှသာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်တွေကိုလည်း ဖေဖော်ဝါရီ(၈) ရက်နေ့မှာ ခေါ်ယူသွားမှာဖြစ်ပါတယ်။
,.................................................................
ဒုတိယအကြိမ် လွှတ်တော်အတွက် NLD အသင့်ရှိ
1 February 2016
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည်။၂၈ ဇန်နဝါရီ ၂၀၁၆ (သတင်းဓါတ်ပုံ-NLD Chairperson)
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ စတင်ဦးဆောင်တော့မယ့် ဒုုတိယအကြိမ်မြှောက် လွှတ်တော်အစည်းအဝေးအတွက် NLD ကိုုယ်စားလှယ်တွေ အဆင်သင့်ဖြစ်နေပြီလိုု့ NLD တာဝန်ရှိသူတွေက ပြောဆိုလိုုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စတင်ပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုုဥက္ကဋ္ဌတိုု့ကိုု အတည်ပြုမှာ ဖြစ်သလိုု ဖေဖဝါရီလ ၃ ရက်နေ့မှာလည်း အမျိုးသား လွှတ်တော်ကိုု စတင်မှာဖြစ်တယ်လိုု့ NLD တာဝန်ရှိသူက ဗွီအိုုအေကို ပြောပါတယ်။
အပြည့်အစုုံကိုုတော့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုုအေမြန်မာပိုင်း သတင်းထောက် ကိုုထက်အောင်က ပြောပြပေးမှာပါ။
စစ်အုုပ်ချုပ်ရေး စနစ်ကနေ အသွင်ပြောင်းပြီး အရပ်သားအစိုုးရတစ်ပိုုင်း ကိုုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ အများစုု နေရာယူခဲ့ကြတဲ့၅ နှစ်တာ လွှတ်တော် အစည်းအဝေးတွေ ပြီးတဲ့နောက် ဒုုတိယ အကြိမ်မြှောက် လွှတ်တော်အသစ်ကိုုတော့ ပြည်သူတွေ ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုုယ်စားလှယ်တွေက ဦးဆောင် တော့မှာဖြစ်ပါတယ်။
ဒီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ NLD ရဲ့ ဗဟိုုအလုုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုုအေမြန်မာပိုုင်းနဲ့ သီးသန့်တွေ့ဆုံုခန်းမှာ အခုုလိုု ပြောဆိုု လိုုက်ပါတယ်။
“အဆင်သင့်ဖြစ်နေပါပြီ။ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်းရောက်နေပြီ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ၂၅၅ ယောက်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် က ၁၃၅ ယောက်၊ ပေါင်း ၃၉၀ ။ အားလုံး ဒီ ၀န်းထဲမှာရှိကြတယ်။ တော်တော်ထူးခြားတယ် အရင် ၂၀၁၂ တုန်းကတော့ ကျနော်တို့နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ၊ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်ရေးက သူတို့ ဝန်းနဲ့ သူတို့ ရှိတာကို ။ နောက်လာမယ့် လွှတ်တော်ကို ထိထိရောက်ရောက်နဲ့ သပ်သပ်ရပ်ရပ်နဲ့ တိုင်းသူပြည်သားအများမျှော်လင့်သလို သိက္ခာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့အတွက် ကျနော်တို့က ကြိုပြီးတော့မှာ သူတို့ကို ပံ့ပိုးပေးနေတာ။ အဆင်သင့်ဖြစ်နေပါပြီ။ ”
ဒါ့အပြင် NLD ပါတီရဲ့လွှတ်တော်ကိုုယ်စားလှယ်အားလုံုးကိုုလည်း အဂတိလိုုက်စားမှုမရှိအောင် ဒေါ်အောင်ဆန်းစုုကြည်က တင်းတင်းကြပ်ကြပ် သတိပေးထားတယ်လိုု့ ဦးဝင်းထိန်က ဆိုုပါတယ်။
“သမိုင်းဝင် အပြောင်းအလဲ၊ ဒါ ပေါ့ပေါ့တန်တန်မထားကြဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ရအောင်လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ ပံ့ပိုးမှုက အဓိက အခရာပဲ၊ ဘာပဲလုပ်လုပ် နှလုံးသွင်းပြီးတော့ လုပ်ကြဖို့။ ဒါပေမယ့် သတိပေးတာ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ မူပေါ့ Corruption ကို လုံးဝလက်မခံဘူး။ အဂတိတရားကို လုံးဝလက်မခံဘူး။ လက်မခံတဲ့အကြောင်းက ကျနော်တို့က ပြောင်းလဲချိန်တန်ပြီဆိုပြီး ကြွေးကြော်သံနဲ့ ပြည်သူလူထုက ထောက်ခံတာ။ အရင်က အစိုးရလိုပဲ လာဘ်စားပြီးတော့ ချမ်းသာလာလို့ရှိရင် ဘာမှ အဓိပ္ပါယ် လည်းမရှိဘူး။ ကြိုးစားရတာလည်း မနှပ်ဘူး။ ဒါကြောင့်မို့လို့ အကုန်လုံးကို သတိပေးတယ် ။ဒေါ်အောင်ဆန်းစုုကြည် ကိုယ်တိုင် က သတိပေးတယ်။”
ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် သဘာပတိကိုု ရွေးချယ်သွားမှာဖြစ်သလိုု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုုတိယဥက္ကဋ္ဌ တိုု့ကိုုလည်း အတည်ပြုရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ကျမှ စတင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံုအခြေခံ ဥပဒေ ပုုဒ်မ ရ၈ အရ ပြည်သူ့လွှတ်တော်ရဲ့ ပထမအစည်းအဝေးစတင်နေ့ကစလိုု့ ၁၅ ရက်အတွင်းမှာ ပြည်ထောင်စုုလွှတ်တော် ခေါ်ယူရမှာ ဖြစ်တာကြောင့် လွှတ်တော် ၂ ရပ် ကိုုယ်စားလှယ်တွေ တတ်ရောက်ကြမယ့် ပြည်ထောင်စုုလွှတ်တော်ကိုုလည်း ဒီရက်ပိုုင်းအတွင်းမှာ ခေါ်ယူသွားမယ်လိုု့ NLD ရဲ့ ဗဟိုုအလုုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ဗွီအိုုအေ ကိုု ပြောပါတယ်။
“ဥပဒေအရ ကတော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးရင် ကျနော်တို့မှာ အချိန်တပတ် ရပါတယ်။ အဲဒီ အချိန်တပတ်မှာ အမျိုးသားလွှတ်တော်ခေါ်ရပါတယ်။ အမျိုးသားလွှတ်တော်ခေါ်ပြီးလို့ နောက်တပတ်မှာ ပြည်ထောင်စုလွှတ်တော်ကိုခေါ်ရပါတယ်။ အဲတော့ ကျတော်တို့ကတော့ ကျနော်တို့ရဲ့ process အတိုင်းပဲပေါ့နော်၊ အချိန် Gap ရယ် ၊ ကျနော်တို့လုပ်မယ့် process တွေရယ်၊ အားလုံးကို အဆင်ပြေချောမွေ့ဖို့အတွက်၊ပထမဆုံး၂ ရက်ကတော့ ပြည်သူ့လွှတ်တော်ကိုခေါ်ပါတယ်။ တတိယနေ့မှာ အမျိုးသားလွှတ်တော်ကို ခေါ်ပါတယ်။ အဲဒါပြီးလို့ရှိရင် သင့်တင့်တဲ့နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ပါမယ်။ ၂၀၁၁ တုန်းကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ ကျနော်တို့ အချိန်ရပါတယ်။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ခေါ်ပြီး ၂ ပတ်အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ သင့်တင့်တဲ့အချိန်ရောက်ရင်ခေါ်မှာပါ။ ဒီအတွင်းမှာ within the period အတွင်းမှာပဲ၊ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ခေါ်မှာပါ။ ကျနော်တို့မှာ timetable ရှိပါတယ်။”
ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ကိုုယ်စားလှယ် တွေကနေ ရွေးချယ်မယ့် ဒုုတိယ သမ္မတ ၃ ယောက်ထဲကနေ နိုုင်ငံတော် သမ္မတကိုု ပြည်ထောင်စုု လွှတ်တော်မှာ မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ NLD လွတ်တော်ကိုုယ်စားလှယ်တွေ အများစုု နေရာရထားတဲ့ လွှတ်တော် ၂ ရပ်က ဘယ်သူ့တွေကိုု ဒုုသမတ ရွေးကောက်တင်ပြသွားမလဲဆိုုတာနဲ့ နိုု်င်ငံရဲ့သမ္မတ ဘယ်သူဖြစ်မလဲဆိုုတာကိုုတော့ ပြည်တွင်းကော နိုု်င်ငံတကာ အသိုုင်းအဝိုုင်းကပါ စောင့်ကြည့်နေကြပါတယ်။ ပြည်သူအများစုုကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည်ကိုု သမ္မတ ဖြစ်လာဖိုု့ မျှော်လင့်နေကြပေမယ့် ဖွဲ့စည်းပုံု အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုုကြည်ကိုု ကန့်သတ်ထားတဲ့ ပုုဒ်မ ၅၉ စလုံုးက အတားအဆီးဖြစ်နေပါသေးတယ်။ ဒါနဲ့ ပတ်သက်လိုု့ ဒေါက်တာ ဇော်မြင့်မောင်က အခုုလိုု ပြောဆိုုပါတယ်။
“အခုအချိန်မှာတော့ ဂျာနယ်တွေ ဘာတွေရေးနေတာကတော့ အများကြီးပေါ့ဗျာ။ ကျနော်တို့လည်း ကျနော်တို့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်ရဲ့ မူနဲ့ဘောင်နဲ့ စည်းကမ်းနဲ့အရ အကောင်းဆုံးတော့လုပ်မှာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုုကြည်ကို သမ္မတ ဖြစ်စေချင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် လည်း ဒေါ်အောင်ဆန်းစုုကြည်ကို သမ္မတ ဖြစ်ချင်ပါတယ်။”
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ကတည်းက ဒေါ်အောင်ဆန်းစုုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံုအခြေခံ ဥပဒေကိုု ပြင်ဆင်ဖိုု့ ရှေးရှု့ခဲ့သလိုု ပြီးခဲ့တဲ့ လွှတ်တော်တွင်း အစည်းအဝေးတွေမှာလည်း ပုုဒ်မ ၅၉ စနဲ့ ပုုဒ်မ ၄၃၆ ကိုု ပြင်ဆင်ဖိုု့ ကြိုးစားခဲ့ပေမယ့်လိုု့ မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒီတစ်ခေါက် မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒီ ပုုဒ်မတွေ ပြင်ဆင်နိုုင်ရေး ဆက်ကြိုးစားသွားမယ်လိုု့ NLD ကပြောဆိုုထားပါတယ်။ ဖေဖော်ဝါရီ(၃)ရက် မှာ အမျိုးသားလွှတ်တော်စတင်ပြီး ပြည်ထောင်စုုလွှတ်တော်အစည်းအဝေးတွေကိုု နောက်သီတင်းပတ်အတွင်းမှသာ ခေါ်ယူနိုုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုုင်းဒေသကြီးလွှတ်တော်တွေကိုုလည်း ဖေဖော်ဝါရီ(၈) ရက်နေ့မှာ ခေါ်ယူသွားမှာဖြစ်ပါတယ်။
ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment