Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ျမန္မာ႕ၾကယ္လိပ္ႏွစ္ေကာင္ကို Facebook တြင္ေရာင္းခ်ေသာ သံယယျဖစ္ဖြယ္လူႏွစ္ဦးကို ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးထားဟုဆို


မ်ဳိးသုဥ္းလုနီးပါးအႏၲရာယ္ က်ေရာက္ေနေသာ ျမန္မာ့ၾကယ္ လိပ္ႏွစ္ေကာင္ကုိ Facebook တြင္ ေရာင္းခ်ျခင္းႏွင့္ပတ္သက္၍ သံ သယျဖစ္ဖြယ္လူႏွစ္ဦးကို ဖမ္းဆီး ထားေၾကာင္း သားငွက္ထိန္းသိမ္း ေရးအဖြဲ႕ (WCS ) မွ သိရသည္။

အဆိုပါႏွစ္ဦးကို ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Khonhaen ျပည္နယ္တြင္ ၂ဝ၁၅ခုႏွစ္ဒီဇင္ဘာ ၂၂ရက္က ယင္း၏အိမ္၌ ဖမ္းဆီး ခဲ့ရာ လိပ္ခုနစ္ေကာင္ကိုပါ သိမ္း ဆည္းရမိခဲ့ေၾကာင္း WCS မွ ထုတ္ျပန္ခဲ့သည္။
''ဒီအခိုးခံရတဲ့ ျမန္မာ့ၾကယ္ လိပ္ေတြအတြက္ စံုးစမ္းစစ္ေဆးမႈ မွာ ျမန္မာနဲ႔ထိုင္းႏိုင္ငံတို႔ ပူးေပါင္း ေဆာင္ရြက္ႏိုင္ခဲ့လုိ မ်ားစြာဂုဏ္ယူ ေက်းဇူးတင္ရပါတယ္။ ယင္းသို႔ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္တဲ့ အတြက္ မ်ဳိးသုဥ္းလုနီးပါးျဖစ္ေနတဲ့ လိပ္မ်ဳိးစိတ္တို႔ရွင္က်န္ေရးအတြက္ မ်ားစြာ အေထာက္အကူျပဳရာ ေရာက္ပါတယ္''ဟု သားငွက္ထိန္း သိမ္းေရးအဖြဲ႕ (WCS ) ျမန္မာအစီ အစဥ္ဌာေနတာဝန္ခံဦးသန္းျမင့္က ေျပာသည္။

ေအာက္တိုဘာလအတြင္းက ျပန္လည္သိမ္းဆည္းရမိခဲ့ေသာ ခိုး ယူခံခဲ့ရသည့္လိပ္မ်ားထဲမွ လိပ္သံုး ေကာင္မွာ ျမန္မာႏိုင္ငံတြင္ သား ငွက္ထိန္းသိမ္းေရးအဖြဲ႕(WCS)၊ လိပ္မ်ဳိးစိတ္ရွင္သန္ေရးအဖြဲ႕(TSA) ႏွင့္သစ္ေတာဦးစီးဌာနတို႔ ပူးေပါင္း ၍ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ေဘးမဲ့ ေတာတစ္ခုအတြင္း သဘာဝအတိုင္း ျပန္လည္လႊတ္ေပးထားေသာ လိပ္ မ်ားထဲမွျဖစ္ၿပီး အျခားလိပ္ေလး ေကာင္၏ မူလအရင္းအျမစ္ေဒသ ကို မသိရွိေသးေၾကာင္း ယင္းထုတ္ ျပန္ခ်က္မွ သိရသည္။

ျမန္မာ့ၾကယ္လိပ္သည္ အခြံ ေပၚတြင္ ၾကယ္ပံုမ်ားျဖစ္ေပၚေနၿပီး IUCN ၏ မ်ဳိးသုဥ္းလုနီးပါး အႏၲ ရာယ္က်ေရာက္ေနေသာစာရင္းတြင္ ပါဝင္၍ ျမန္မာႏိုင္ငံအလယ္ပိုင္း တြင္သာေတြ႕ရွိရကာ ၂ဝ၁၅ ခုႏွစ္ ေအာက္တိုဘာလအတြင္း ျမန္မာ ႏိုင္ငံေဘးမဲ့ေတာမွခိုးယူသြားေသာ ၾကယ္လိပ္မ်ား ပိုင္ဆိုင္ထားျခင္းႏွင့္ ပတ္သက္ေသာ သံသယျဖစ္ဖြယ္ ရွိသူႏွစ္ဦးကို ၤေခနဘသသု ေပၚတြင္ တင္ထားေသာ လိပ္ဓာတ္ပံုမ်ား ေတြရွိရာမွ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထို႔အျပင္ဖမ္းဆီးရမိေသာလိပ္ မ်ားကို ထိုင္းႏိုင္ငံမွသားငွက္ထိန္း သိမ္းေစာင့္ေရွာက္ေရးဌာနသုိ႔ ေရႊ႕ ထားေပး၍ ျမန္မာႏိုင္ငံသို႔ျပန္လည္ ပို႔ေဆာင္ေပးမည္ျဖစ္ၿပီး ေပ်ာက္ ဆံုးေနေသာက်န္ရွိသည့္လိပ္မ်ား ကိုလည္းထိုင္းအရာရွိမ်ားကဆက္ လက္ရွာေဖြမႈမ်ား ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
The Union Daily
http://uniondaily.net
...................


မျိုးသုဉ်းလုနီးပါးအန္တရာယ် ကျရောက်နေသော မြန်မာ့ကြယ် လိပ်နှစ်ကောင်ကို Facebook တွင် ရောင်းချခြင်းနှင့်ပတ်သက်၍ သံ သယဖြစ်ဖွယ်လူနှစ်ဦးကို ဖမ်းဆီး ထားကြောင်း သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (WCS ) မှ သိရသည်။

အဆိုပါနှစ်ဦးကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Khonhaen ပြည်နယ်တွင် ၂ဝ၁၅ခုနှစ်ဒီဇင်ဘာ ၂၂ရက်က ယင်း၏အိမ်၌ ဖမ်းဆီး ခဲ့ရာ လိပ်ခုနစ်ကောင်ကိုပါ သိမ်း ဆည်းရမိခဲ့ကြောင်း WCS မှ ထုတ်ပြန်ခဲ့သည်။
''ဒီအခိုးခံရတဲ့ မြန်မာ့ကြယ် လိပ်တွေအတွက် စုံးစမ်းစစ်ဆေးမှု မှာ မြန်မာနဲ့ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့လို များစွာဂုဏ်ယူ ကျေးဇူးတင်ရပါတယ်။ ယင်းသို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ အတွက် မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ လိပ်မျိုးစိတ်တို့ရှင်ကျန်ရေးအတွက် များစွာ အထောက်အကူပြုရာ ရောက်ပါတယ်''ဟု သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS ) မြန်မာအစီ အစဉ်ဌာနေတာဝန်ခံဦးသန်းမြင့်က ပြောသည်။

အောက်တိုဘာလအတွင်းက ပြန်လည်သိမ်းဆည်းရမိခဲ့သော ခိုး ယူခံခဲ့ရသည့်လိပ်များထဲမှ လိပ်သုံး ကောင်မှာ မြန်မာနိုင်ငံတွင် သား ငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့(TSA) နှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဘေးမဲ့ တောတစ်ခုအတွင်း သဘာဝအတိုင်း ပြန်လည်လွှတ်ပေးထားသော လိပ် များထဲမှဖြစ်ပြီး အခြားလိပ်လေး ကောင်၏ မူလအရင်းအမြစ်ဒေသ ကို မသိရှိသေးကြောင်း ယင်းထုတ် ပြန်ချက်မှ သိရသည်။

မြန်မာ့ကြယ်လိပ်သည် အခွံ ပေါ်တွင် ကြယ်ပုံများဖြစ်ပေါ်နေပြီး IUCN ၏ မျိုးသုဉ်းလုနီးပါး အန္တ ရာယ်ကျရောက်နေသောစာရင်းတွင် ပါဝင်၍ မြန်မာနိုင်ငံအလယ်ပိုင်း တွင်သာတွေ့ရှိရကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာ နိုင်ငံဘေးမဲ့တောမှခိုးယူသွားသော ကြယ်လိပ်များ ပိုင်ဆိုင်ထားခြင်းနှင့် ပတ်သက်သော သံသယဖြစ်ဖွယ် ရှိသူနှစ်ဦးကို င်္ခေနဘသသု ပေါ်တွင် တင်ထားသော လိပ်ဓာတ်ပုံများ တွေရှိရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့အပြင်ဖမ်းဆီးရမိသောလိပ် များကို ထိုင်းနိုင်ငံမှသားငှက်ထိန်း သိမ်းစောင့်ရှောက်ရေးဌာနသို့ ရွှေ့ ထားပေး၍ မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျောက် ဆုံးနေသောကျန်ရှိသည့်လိပ်များ ကိုလည်းထိုင်းအရာရှိများကဆက် လက်ရှာဖွေမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
The Union Daily
http://uniondaily.net

No comments:

Post a Comment