Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

နမ့္ခမ္းျမိဳ႕နယ္ရိွ ေငြလဲလွယ္ေရးလုပ္ငန္း လုပ္ကိုင္သည့္ ေနအိမ္တြင္ ဓားျပတိုက္မႈျဖစ္


နမ့္ခမ္းျမိဳ႕နယ္ရိွ ေငြလဲလွယ္ေရး လုပ္ငန္း လုပ္ကိုင္သည့္ ေနအိမ္တစ္အိမ္အား ေငြလဲလွယ္မည့္သူ ဟန္ေဆာင္ကာ ဓားျပတိုက္ခဲ့သည့္ ျဖစ္စဥ္တစ္ခုမွာ ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ျဖစ္ပြားခဲ့ျပီး က်ဴးလြန္သူ နွစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နမ့္ခမ္းရဲစခန္းမွ တာ၀န္က် ရဲအရာရိွတစ္ဦးက The Ladies News သို႔ ေျပာသည္။

ကြတ္ခိုင္ျမိဳ႕နယ္ မိုင္းယုေက်းရြာအုပ္စုရိွ ကန္ေလာရြာေန ေမာင္လာခိုင္ခ်ဳံနွင့္ သူ၏ အေပါင္းအပါ ႏွစ္ဦးသည္ ေဖေဖာ္၀ါရီလ ၄ ရက္ေန႔ ညေနပိုင္းက နမ့္ခမ္းျမိဳ႕လယ္ရိွ ရာပန္ေစ်းအနီးမွ ဦးစိုင္းလွေအာင္၏ ေနအိမ္သို႔ ေရာက္ရိွလာခဲ့ျပီး ေနအိမ္ရိွ ေငြလဲေကာင္တာ အေရာက္တြင္ အသင့္ပါလာေသာ ဓား ၊ ေသနတ္တို႔ျဖင့္ လုယက္ ဓားျပတိုက္ခဲ့ျခင္း ျဖစ္သည္ဟု နမ့္ခမ္းျမိဳ႕ခံမ်ားနွင့္ ရဲတပ္ဖြဲ႔ တာ၀န္ရိွသူတို႔က အတည္ျပဳေျပာဆိုသည္။



သူတို႔က ေန႔ခင္းပိုင္းကလည္း ဆိုင္ကယ္ တစ္စီးနဲ႔ လာသြားတယ္ ။ အေျခအေန လာၾကည့္တဲ႔ သေဘာပဲ။ ညေန ၇ နာရီ ေလာက္ေရာက္မွ တစ္ခါ လာေငြလဲမလိုနဲ႔ ပါလာတဲ႔ ဓားေတြထုတ္ျပီး ခုတ္ ၊ ေသနတ္နဲ႔ ပစ္ဖို႔ ၾကိဳးစားတာပဲ။ ပစၥတုိေသနတ္က အေဟာင္းျဖစ္ေနေတာ့ က်ည္မထြက္တဲ႔အတြက္ အိမ္ရွင္က ေအာ္လိုက္ေတာ့ ေဘးပတ္၀န္းက်င္က လူေတြ ေရာက္လာျပီး ၀ိုင္းဖမ္းၾကတာ။ ႏွစ္ေယာက္မိတယ္” ဟု နမ့္ခမ္းရဲစခန္းမွ တာ၀န္က် ရဲအရာရိွတစ္ဦးက ေျပာသည္။



ဓားျဖင့္ ခုတ္မႈေၾကာင့္ အိမ္ရွင္ျဖစ္သူ ဦးစိုင္းလွေအာင္၏ ၀ဲဘက္လက္သန္းၾကြယ္ ျပတ္ထြက္သြားခဲ့ျပီး လာခိုင္ခ်ဳံႏွင့္ ေနာက္ထပ္တစ္ဦး ( အမည္ ၊ ေနရပ္လိပ္စာ မသိေသး စစ္ေဆးေနဆဲ ) နွစ္ဦးတို႔မွာ ဖမ္းဆီးခံခဲ့ရကာ က်န္တစ္ဦးမွာ ထြက္ေျပး လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈႏွင့္ စပ္လ်ဥ္း၍ က်ဴးလြန္သူမ်ားအား ပုဒ္ ၄၅၆၊ ၃၂၆ ၊ ၁၂၄ အိမ္ေက်ာ္နင္းမႈ ၊ လက္နက္ကိုင္ေဆာင္ လုယက္မႈတို႔ျဖင့္ နမ့္ခမ္းျမိဳ႕မ ရဲစခန္းမွ အမႈဖြင့္ထားေၾကာင္း သိရသည္။

The Ladies News
https://www.facebook.com/News.TheLadies
.....................


နမ့်ခမ်းမြို့နယ်ရှိ ငွေလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တစ်အိမ်အား ငွေလဲလှယ်မည့်သူ ဟန်ဆောင်ကာ ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နမ့်ခမ်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Ladies News သို့ ပြောသည်။

ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုရှိ ကန်လောရွာနေ မောင်လာခိုင်ချုံနှင့် သူ၏ အပေါင်းအပါ နှစ်ဦးသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့လယ်ရှိ ရာပန်စျေးအနီးမှ ဦးစိုင်းလှအောင်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး နေအိမ်ရှိ ငွေလဲကောင်တာ အရောက်တွင် အသင့်ပါလာသော ဓား ၊ သေနတ်တို့ဖြင့် လုယက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်ဟု နမ့်ခမ်းမြို့ခံများနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့က အတည်ပြုပြောဆိုသည်။


သူတို့က နေ့ခင်းပိုင်းကလည်း ဆိုင်ကယ် တစ်စီးနဲ့ လာသွားတယ် ။ အခြေအနေ လာကြည့်တဲ့ သဘောပဲ။ ညနေ ရ နာရီ လောက်ရောက်မှ တစ်ခါ လာငွေလဲမလိုနဲ့ ပါလာတဲ့ ဓားတွေထုတ်ပြီး ခုတ် ၊ သေနတ်နဲ့ ပစ်ဖို့ ကြိုးစားတာပဲ။ ပစ္စတိုသေနတ်က အဟောင်းဖြစ်နေတော့ ကျည်မထွက်တဲ့အတွက် အိမ်ရှင်က အော်လိုက်တော့ ဘေးပတ်ဝန်းကျင်က လူတွေ ရောက်လာပြီး ၀ိုင်းဖမ်းကြတာ။ နှစ်ယောက်မိတယ်” ဟု နမ့်ခမ်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။


ဓားဖြင့် ခုတ်မှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးစိုင်းလှအောင်၏ ၀ဲဘက်လက်သန်းကြွယ် ပြတ်ထွက်သွားခဲ့ပြီး လာခိုင်ချုံနှင့် နောက်ထပ်တစ်ဦး ( အမည် ၊ နေရပ်လိပ်စာ မသိသေး စစ်ဆေးနေဆဲ ) နှစ်ဦးတို့မှာ ဖမ်းဆီးခံခဲ့ရကာ ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် စပ်လျဉ်း၍ ကျူးလွန်သူများအား ပုဒ် ၄၅၆၊ ၃၂၆ ၊ ၁၂၄ အိမ်ကျော်နင်းမှု ၊ လက်နက်ကိုင်ဆောင် လုယက်မှုတို့ဖြင့် နမ့်ခမ်းမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment