Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 17, 2016

ဂ်ပန္ႏုိင္ငံတြင္ ပညာသင္အလုပ္သမားမ်ားမွာ အလုပ္ေျပာင္းခြင့္ မရွိသျဖင့္ ထြက္ေျပးမႈမ်ားျပား


လစာသက္သာေသာ လုပ္သားမ်ား အလြန္လုိအပ္ေနသည့္ ဂ်ပန္ႏုိင္ငံတြင္ ႏုိင္ငံျခားမွ ပညာသင္ အလုပ္သမားမ်ား အဆံုးျပဳေနျခင္းမွာ ႏုိင္ငံျခားသားမ်ားအေပၚ အျမတ္ထုတ္မႈမ်ား ျဖစ္ေပၚေစၿပီး ျပသ၁နာမ်ား ရွိေနသည္ဟု တုိက်ဳိၿမဳိ႕၊ အုိခ်ာခုိမီဇု တကၠသုိလ္မွ လူမႈေဗဒပါေမာကၡ တာကာရွီမီယာဂ်ီမက ေျပာၾကားသည္။

“ပညာသင္ေတြဟာ ဂ်ပန္ႏုိင္ငံကုိ အလုပ္သမားအျဖစ္ ၀င္ေရာက္ခြင့္ရေပမယ့္ သူတုိ႔ရဲ႕ လုပ္ခလစာကုိ မေက်နပ္ေတာ့ဘူးဆုိရင္ အလုပ္ေျပာင္းခြင့္မရွိပါဘူး။ ပညာသင္ေတြကုိ ဂ်ပန္ေတြနဲ႔ လစာတန္းတူေပးဖုိ႔၊ လြတ္လပ္စြာ အလုပ္ေျပာင္းခြင့္ျပဳဖုိ႔ ေျပာင္းလဲမႈေတြ လုပ္သင့္ပါၿပီ” ဟု ပါေမာကၡမီယာဂ်ီမက ေျပာၾကားသည္။

ဂ်ပန္ႏုိင္ငံ၌ ၂၀၁၁ တြင္ ငလ်င္ႏွင့္ ဆူနာမီ သဘာ၀ေဘးအႏၱရာယ္ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္း အမ်ားအျပား ေဆာင္ရြက္ရသျဖင့္ ေဆာက္လုပ္ေရးက႑တြင္ လုပ္သားျပတ္လပ္မႈ ျဖစ္ေပၚကာ လုပ္ခလစာမ်ား ျမင့္တက္လာခဲ့သည္။ ယခင္က တစ္ရက္လုပ္အားခ ယန္း ၇၀၀၀ မွ ၈၀၀၀ အထိ ရရွိပါက ကံေကာင္းသည္ဟု ဆုိႏုိင္ေသာ္လည္း ယခုအခါ ယန္း ၁၅၀၀၀ အထိ ျမင့္တက္လ်က္ရွိသည္။

ျမန္မာႏုိင္ငံမွ ဂ်ပန္ႏုိင္ငံသုိ႔ သြားေရာက္ခဲ့သည့္ ပညာသင္ အလုပ္သမားအေရအတြက္မွာ ၁၀ ဆ တုိးျမင့္လာေသာ္လည္း ေစ်းသက္သာသည့္ ျမန္မာလုပ္သားမ်ားကုိ ေခၚယူလုိေသာ အျခားႏုိင္ငံမ်ား၏ ၿပဳိင္ဆုိင္မႈမ်ား ပုိမုိႀကဳံေတြ႕လာရသည္။

ဂ်ပန္ႏုိင္ငံအတြက္ ပညာသင္ အလုပ္သမား ရင္းျမစ္ႏုိင္ငံမ်ားတြင္ ဗီယက္နမ္သည္ တ႐ုတ္ႏုိင္ငံ ၿပီးေနာက္ ဒုတိယေနရာ၌ ရွိေနသည္။ သုိ႔ေသာ္ ဗီယက္နမ္တြင္ စီးပြားေရး တုိးတက္ ေကာင္းမြန္လာသျဖင့္ ဂ်ပန္ႏုိင္ငံသုိ႔ ပညာသင္ အလုပ္သမားအျဖစ္ သြားေရာက္မႈ နည္းပါးလာသည္။ ဗီယက္နမ္ ႏုိင္ငံတြင္ အေနာက္ႏုိင္ငံမ်ား၊ ဂ်ပန္ႏွင့္ အျခားအာရွႏုိင္ငံမ်ားက စက္႐ံုမ်ား လာေရာက္ တည္ေဆာက္မႈ တုိးလာသျဖင့္ ပ်မ္းလုပ္ခမ်ားလည္း ႏွစ္စဥ္ ၁၀ ရာခုိင္ႏႈန္းခန္႔ တုိးလာလ်က္ရွိသည္။

ထုိ႔အျပင္ ဗီယက္နမ္ အလုပ္သမားမ်ားအတြက္ သြားေရာက္ လုပ္ကုိင္ရန္ အျခား ေရြးခ်ယ္စရာ ႏုိင္ငံမ်ား ရွိေနသည္။ ေဒသတြင္း စင္ကာပူ ႏုိင္ငံသည္ အလုပ္သမားမ်ား ႏွစ္ၿခဳိက္သည့္ ႏုိင္ငံ တစ္ခုျဖစ္ၿပီး ေတာင္ကုိရီးယား ႏုိင္ငံကလည္း ဗီယက္နမ္ အလုပ္သမားမ်ားကုိ ပုိမုိဆြဲေဆာင္လာသည္။ ေတာင္ကုိရီးယား၌ အလုပ္ လုပ္ေနသည့္ ဗီယက္နမ္ ႏုိင္ငံသားတစ္ဦးက တစ္လလွ်င္ လစာ ေဒၚလာ ၁၅၀၀ ခန္႔ရရွိၿပီး ေနထုိင္ရန္ေနရာ စီစဥ္ေပးသည့္အျပင္ လစာမွာ ပံုမွန္တုိးလ်က္ ရွိသည္ဟု ေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံမွ အလုပ္သမားမ်ား ရွာေဖြေနသည့္ ဂ်ပန္ကုမၸဏီမ်ားအား ကူညီ၀န္ေဆာင္မႈေပးသည့္ Japan Sat Consaulting ကုမၸဏီမွ မစ္ဆု႐ုနီရွီဂါကီက “ဂ်ပန္မွ အလုပ္ရမယ္ဆုိတာနဲ႔ အလုပ္သမားေတြ ေပ်ာ္ေပ်ာ္ႀကီး လာခဲ့ေခတ္က ကုန္သြားပါၿပီ” ဟု ေျပာၾကားခဲ့သည္။
ျမန္မာလုပ္သားမ်ားကလည္း ဂ်ပန္ႏုိင္ငံတြင္ အလုပ္လုပ္ရသည့္စနစ္မွာ ခ်ဳပ္ခ်ယ္ကန္႔သတ္မႈမ်ားသည္ဟု ပုိမုိယူဆလာၾကသည္။ ဂ်ပန္ႏုိင္ငံရွိ ႏုိင္ငံျခား ပညာသင္ အလုပ္သမားမွ အလုပ္မွ ထြက္ေျပးမႈမ်ား ၂၀၁၅ အတြင္း ေအာက္တုိဘာလကုန္အထိ ၄၉၃၀ ဦး ရွိခဲ့သည္။ ၂၀၁၄ တစ္ႏွစ္လုံးတြင္ ထြက္ေျပးသူ အေရအတြက္ထက္ ပုိမ်ားသည္။

ပညာသင္ အလုပ္သမားမ်ားမွာ အလုပ္ေျပာင္းခြင့္ မရွိသျဖင့္ လုပ္ငန္းခြင္တြင္ အဆင္မေျပပါက ထြက္ေျပးရန္သာ ေရြးခ်ယ္စရာရွိသည္။ ထုိသုိ႔ လုပ္ငန္းခြင္မွ ထြက္ေျပးျခင္းမ်ားကုိ ကာကြယ္ရန္အတြက္ ပညာသင္ အလုပ္သမားမ်ားကုိ လုပ္ခလစာ တုိးျမွင့္ေပးရန္ လုိအပ္ေနသည္ဟု ပါေမာကၡ မီယာဂ်ီက ေျပာၾကားခဲ့သည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
........................
သာ 5 နာရီ ခန့်က)

လစာသက်သာသော လုပ်သားများ အလွန်လိုအပ်နေသည့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှ ပညာသင် အလုပ်သမားများ အဆုံးပြုနေခြင်းမှာ နိုင်ငံခြားသားများအပေါ် အမြတ်ထုတ်မှုများ ဖြစ်ပေါ်စေပြီး ပြသ၁နာများ ရှိနေသည်ဟု တိုကျိုမြို့၊ အိုချာခိုမီဇု တက္ကသိုလ်မှ လူမှုဗေဒပါမောက္ခ တာကာရှီမီယာဂျီမက ပြောကြားသည်။

“ပညာသင်တွေဟာ ဂျပန်နိုင်ငံကို အလုပ်သမားအဖြစ် ၀င်ရောက်ခွင့်ရပေမယ့် သူတို့ရဲ့ လုပ်ခလစာကို မကျေနပ်တော့ဘူးဆိုရင် အလုပ်ပြောင်းခွင့်မရှိပါဘူး။ ပညာသင်တွေကို ဂျပန်တွေနဲ့ လစာတန်းတူပေးဖို့၊ လွတ်လပ်စွာ အလုပ်ပြောင်းခွင့်ပြုဖို့ ပြောင်းလဲမှုတွေ လုပ်သင့်ပါပြီ” ဟု ပါမောက္ခမီယာဂျီမက ပြောကြားသည်။

ဂျပန်နိုင်ငံ၌ ၂၀၁၁ တွင် ငလျင်နှင့် ဆူနာမီ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အများအပြား ဆောင်ရွက်ရသဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်သားပြတ်လပ်မှု ဖြစ်ပေါ်ကာ လုပ်ခလစာများ မြင့်တက်လာခဲ့သည်။ ယခင်က တစ်ရက်လုပ်အားခ ယန်း ရ၀၀၀ မှ ၈၀၀၀ အထိ ရရှိပါက ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ယခုအခါ ယန်း ၁၅၀၀၀ အထိ မြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပညာသင် အလုပ်သမားအရေအတွက်မှာ ၁၀ ဆ တိုးမြင့်လာသော်လည်း စျေးသက်သာသည့် မြန်မာလုပ်သားများကို ခေါ်ယူလိုသော အခြားနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ ပိုမိုကြုံတွေ့လာရသည်။

ဂျပန်နိုင်ငံအတွက် ပညာသင် အလုပ်သမား ရင်းမြစ်နိုင်ငံများတွင် ဗီယက်နမ်သည် တရုတ်နိုင်ငံ ပြီးနောက် ဒုတိယနေရာ၌ ရှိနေသည်။ သို့သော် ဗီယက်နမ်တွင် စီးပွားရေး တိုးတက် ကောင်းမွန်လာသဖြင့် ဂျပန်နိုင်ငံသို့ ပညာသင် အလုပ်သမားအဖြစ် သွားရောက်မှု နည်းပါးလာသည်။ ဗီယက်နမ် နိုင်ငံတွင် အနောက်နိုင်ငံများ၊ ဂျပန်နှင့် အခြားအာရှနိုင်ငံများက စက်ရုံများ လာရောက် တည်ဆောက်မှု တိုးလာသဖြင့် ပျမ်းလုပ်ခများလည်း နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးလာလျက်ရှိသည်။

ထို့အပြင် ဗီယက်နမ် အလုပ်သမားများအတွက် သွားရောက် လုပ်ကိုင်ရန် အခြား ရွေးချယ်စရာ နိုင်ငံများ ရှိနေသည်။ ဒေသတွင်း စင်ကာပူ နိုင်ငံသည် အလုပ်သမားများ နှစ်ခြိုက်သည့် နိုင်ငံ တစ်ခုဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံကလည်း ဗီယက်နမ် အလုပ်သမားများကို ပိုမိုဆွဲဆောင်လာသည်။ တောင်ကိုရီးယား၌ အလုပ် လုပ်နေသည့် ဗီယက်နမ် နိုင်ငံသားတစ်ဦးက တစ်လလျှင် လစာ ဒေါ်လာ ၁၅၀၀ ခန့်ရရှိပြီး နေထိုင်ရန်နေရာ စီစဉ်ပေးသည့်အပြင် လစာမှာ ပုံမှန်တိုးလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အလုပ်သမားများ ရှာဖွေနေသည့် ဂျပန်ကုမ္ပဏီများအား ကူညီဝန်ဆောင်မှုပေးသည့် Japan Sat Consaulting ကုမ္ပဏီမှ မစ်ဆုရုနီရှီဂါကီက “ဂျပန်မှ အလုပ်ရမယ်ဆိုတာနဲ့ အလုပ်သမားတွေ ပျော်ပျော်ကြီး လာခဲ့ခေတ်က ကုန်သွားပါပြီ” ဟု ပြောကြားခဲ့သည်။
မြန်မာလုပ်သားများကလည်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရသည့်စနစ်မှာ ချုပ်ချယ်ကန့်သတ်မှုများသည်ဟု ပိုမိုယူဆလာကြသည်။ ဂျပန်နိုင်ငံရှိ နိုင်ငံခြား ပညာသင် အလုပ်သမားမှ အလုပ်မှ ထွက်ပြေးမှုများ ၂၀၁၅ အတွင်း အောက်တိုဘာလကုန်အထိ ၄၉၃၀ ဦး ရှိခဲ့သည်။ ၂၀၁၄ တစ်နှစ်လုံးတွင် ထွက်ပြေးသူ အရေအတွက်ထက် ပိုများသည်။

ပညာသင် အလုပ်သမားများမှာ အလုပ်ပြောင်းခွင့် မရှိသဖြင့် လုပ်ငန်းခွင်တွင် အဆင်မပြေပါက ထွက်ပြေးရန်သာ ရွေးချယ်စရာရှိသည်။ ထိုသို့ လုပ်ငန်းခွင်မှ ထွက်ပြေးခြင်းများကို ကာကွယ်ရန်အတွက် ပညာသင် အလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးရန် လိုအပ်နေသည်ဟု ပါမောက္ခ မီယာဂျီက ပြောကြားခဲ့သည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment