Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ၿငိမ္းခ်မ္းေရးအတြက္ တုိင္းရင္းသားေတြနဲ႔ ေဒၚစုေဆြးေႏြး (ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေနဲ့ ဒေါ်စုဆွေးနွေး )


ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တိုင္းရင္းသားကိုယ္စားလွယ္မ်ားေတြ ့ဆုံ (Photo-NLD Chairperson)
အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဦးေဆာင္မယ့္ ေနာက္တတ္လာမယ့္ အစိုးရ က်ရင္ ျပည္တြင္း ျငိမ္းခ်မ္းေရး နဲ႔ ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ဖို႔ အပါအ၀င္ တိုင္းျပည္ရဲ႕ တရားဥပေဒ စိုးမိုးေရးတို႔ကို တိုင္းရင္းးသားေတြနဲ႔အတူ လက္တဲြလုပ္ေဆာင္သြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာဆိုလိုက္ပါတယ္။   ဒီကေန႔ ေနျပည္ေတာ္စည္ပင္ရိပ္သာ၀င္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူ႔လြတ္ေတာ္နဲ႔ အမ်ိဳးသားလြတ္ေတာ္တို႔က တိုင္းရင္းသား လြတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ တစ္နာေက်ာ္ၾကာေတြ႔ဆံုျပီး လက္တေလာ တိုင္းရင္းသား ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ႔ တိုက္ပဲြေတြ အပါအ၀င္ တိုင္းရင္းသား ေဒသေတြရဲ႕ လိုအပ္ခ်က္ေတြကို အဓိကထား ေဆြးေႏြး သြားခဲ႔ၾကပါတယ္။ အျပည့္အစံုကိုေတာ့ ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္က ေျပာျပေပးမွာပါ။

ေရြးေကာက္ပဲြ အႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒုတိယအၾကိမ္ ျပည္သူ႔လြတ္ေတာ္နဲ႔ အမ်ိဳးသားလြတ္ေတာ္တို႔မွာ ရွိတဲ႔ တိုင္းရင္းသား ကိုယ္စားလွယ္တို႔ကို ဖတ္ေခၚျပီး ေနျပည္ေတာ္ စည္ပင္ရိပ္သာ၀င္းမွာ ဒီကေန့ ညေနပိုင္းမွာ ေတြ႔ဆံုခဲ႔ပါတယ္။ ေနာက္တတ္လာမယ့္ အစိုးရ သစ္လက္ထက္က်ရင္ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္ဆဲေရးနဲ႔ တိုင္းရင္းသားမ်ား တန္းတူညီမွ်ပါ၀င္တဲ႔ ဖယ္ဒရယ္ျပည္ေထာင္စုကို တည္ေထာင္သြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က အဓိကထား တိုက္တြန္းေျပာဆိုသြားခဲ႔တယ္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေဇာ္ျမင့္ေမာင္က အခုလို ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တိုင္းရင္းသားကိုယ္စားလွယ္မ်ားေတြ ့ဆုံ (Photo-NLD Chairperson)
“အဓိကေတြ႔တာကေတာ့ တို႔ တိုင္းရင္းသားေတြနဲ႔ cooperative ျဖစ္ခ်င္တယ္။ ပူးေပါင္းေဆာင္ရြက္ခ်င္တယ္။ National reconciliation နဲ႔ ေနာက္ၿပီးေတာ့ federalism ေပါ့ေနာ္ အဓိကထားၿပီး ေျပာတာပါပဲ။ federal state ေပါ့ တို႔ထူေထာင္မယ္ဆိုတာ အဲဒါကို တိုင္းရင္းသားေတြလည္း သေဘာက်ပါတယ္။ က်န္တာကေတာ့ သူတို႔ ျပည္နယ္ေတြရဲ႕ issue ေတြေျပာတာေပါ့။ ပညာေရး၊ က်န္းမာေရး နိမ့္က်တာေတြ ေတာင္ေပၚမွာ ျဖစ္တာေတြကို ေမ႔မထားဖို႔ေပါ့။ အဓိကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က က်ေနာ္တို႔ရဲ႕ မူ၀ါဒ ေပါ့ federal စစ္မွန္တဲ့ federal စနစ္ကို ထူေထာင္ မယ္ဆိုတာ သူက တရား၀င္ေပါ့ေနာ္၊ အရင္တုန္းကတည္းက ဒါႀကီးက ရွိၿပီးသားပဲေလ။ ေနာက္ၿပီး တိုင္းရင္းသားေတြဘက္ကေတာ့ federal နဲ႔ peace ကုိလုပ္ေပးပါေပါ့ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာပါ။ အဓိကေတာ့federalism ကိုေျပာသြားပါတယ္။”

တိုင္းရင္းသားပါတီတစ္ခုျဖစ္တဲ႔ တေအာင္း ပေလာင္ အမ်ိဳးသားပါတီကေတာ့ ဒီရက္ပိုင္း ရွမ္းျပည္ေျမွာက္ပိုင္းမွာ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေနတဲ႔ အတြက္ေၾကာင့္ ေနာက္အစိုးရသစ္ လက္ထက္မွာ ျငိမ္းခ်မ္းေရးကို အဓိကထားလုပ္ေဆာင္သြားဖို႔ ေဆြးေႏြးခဲ႔တယ္လို႔ ဒီပါတီရဲ႕ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးမိုင္း၀င္းထူးက ေျပာပါတယ္။

“အဓိကေတာ့ က်ေနာ္တို႔ ေဒသမွာျဖစ္ေနတဲ့ ဒီလက္နက္ကိုင္ ပဋိပကၡေတြေပါ့၊ ၿငိမ္းခ်မ္းေရးကိစၥရယ္ ၊ က်ေနာ္တို႔ေတာင္ေပၚေဒသမွာ ရွိတဲ့ ေတာင္ေပၚသားေတြ ကိုလည္း ဖြံ႕ၿဖိဳးေရးကိစၥေတြ လုပ္တဲ့အခါမွာ ေမ့မထားဖို႔ဆိုၿပီးေတာ့ က်ေနာ္တို႔ေျပာဆို ေဆြးေႏြးတာေတြရွိပါတယ္။”

NLD အစိုးရသစ္လက္ထက္မွာ တိုင္းရင္းသားေတြနဲ႔ အတူလက္တဲြ လုပ္ေဆာင္သြားျပီး တိုင္းရင္းသားေတြ ဘက္ကလည္း ျပည္ေထာင္စုအတြက္ အဓိကထားလုပ္ေေဆာင္သြားဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ႔ပါတယ္။ ရခိုင္အမ်ိဳးသားပါတီရဲ႕ အမ်ိဳးသား လြတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ႔ မထုေမကေတာ့ တိုင္းရင္းသားမ်ား တန္းတူ ညီမွ်ရရွိဖို႔ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ဖို႔ လုပ္ေဆာင္သြားမယ့္အေၾကာင္း ေဆြးေႏြးခဲ႔တယ္လို႔ ေျပာပါတယ္။

“ျပည္ေထင္စုကိုသြားတဲ့အခါမွာ တိုင္းရင္းသားအားလံုးရပိုင္ခြင့္ျဖစ္တဲ့ က်မတို႔ ဒီ တန္းတူညီမွ်ေရးကိုသြားတဲ့အခါမွာ ဖြဲ႔စည္းပံုကိုယ္တိုင္ကေနၿပီးေတာ့ federal ဖြဲ႔စည္းပံု ျဖစ္မွသာလွ်င္ တရားဥပေဒအရ က်မတို႔ တိုင္းရင္းသားမ်ားကို ကာကြယ္ေပးႏိုင္မွာျဖစ္တယ္လို႔ ဒါေၾကာင့္မို႔လို႔ အခုတက္လာၾကတဲ့ တိုင္းရင္းသားကိုယ္စားလွယ္မ်ားအပါအ၀င္ NLD လႊတ္ေတာ္အမတ္ေတြလည္း တိုင္းရင္းသားမ်ားလိုလားတဲ့ federal constitution တခုေပၚေပါက္လာဖို႔အတြက္ တိုက္တြန္းခ်က္ပါတယ္။”

၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပဲြမွာ လြတ္ေတာ္တြင္း ၀င္ခဲ႔ျပီးတဲ႔ေနာက္ NLD ပါတီဟာ တိုင္းရငး္သားလြတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အခုလိုမ်ိဳး ေတြ႔ဆံုတာမ်ိဳးေတြ ရွိေပမယ့္လို႔ ဒုတိယအၾကိမ္လႊတ္ေတာ္ စတဲ႔အခ်ိန္မွာေတာ့ ဒါဟာ ပထမဆံုးအၾကိမ္ တိုင္းရင္းသား ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုတာလည္းျဖစ္ပါတယ္။ ဒီတစ္ေခါက္ လြတ္ေတာ္သက္တမ္းမွာ ပါတီက အမ်ားစု အႏိုင္ရထားတာေၾကာင့္ အခုလိုမ်ိဳးေတြ႔ဆံုမႈဟာ အေကာင္းဘက္ကို ဦးတည္တဲ႔ အေျပာင္းအလဲမ်ိဳးျုဖစ္လာႏို္ငတယ္လို႔ ဦးမိုင္း၀င္းထူးက ေျပာပါတယ္။

“က်ေနာ္ထင္ပါတယ္ ဒါက positive change ဘက္ကို မ်ားႀကီး ဦးတည္သြားေစႏိုင္တယ္လို႔ ယံုၾကည္ပါတယ္။ ဥပမာ ထားပါေတာ့ က်ေနာ္တို႔က သူတို႔အေပၚမွာ ယံုၾကည္မႈေတြ ပိုပိုၿပီးေတာ့ ရွိလာမယ္။ သူတို႔ဖြဲ႔စည္းလာမယ့္ အစိုးရအသစ္မွာ က်ေနာ္တို႔ ဒီတိုင္းရင္းသား ပါတီေတြ အေနနဲ႔ကေနၿပီးေတာ့ ဒီၿငိမ္းခ်မ္းေရးကိစၥေတြကို ပူးေပါင္းလုပ္ေဆာင္လာႏိုင္မယ္ဆိုတဲ့ က႑ ေတြကို ပိုၿပီးေတာ့မွ အားေပးလာေအာင္လို႔ေပါ့ေနာ္။”

ဒီကေန႔ စည္ပင္ရိပ္သာ၀န္းထဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ဗဟုိအလုပ္အမႈေဆာင္ အဖဲြ႔ေတြဟာ တိုင္းရင္းသား ကိုယ္စားလွယ္ ၃၀၀ နီးပါးနဲ႔ တစ္နာေက်ာ္ၾကာ ေတြ႔ဆံုေဆြးေႏြး ခဲ႔ပါတယ္။ လက္တေလာ လြတ္ေတာ္ ၂ ရပ္ကေန တင္ေျမွာက္မယ့္ ဒုသမၼတ ၂ ဦးအတြက္ သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေနေပမယ့္လို႔ ဒီကေန႔မွာ ဒီကိစၥ နဲ႔ပတ္သက္လို႔ို ေဆြးေႏြးခဲ႔ျခင္း မရွိဘူးလို႔ကိုယ္စားလွယ္ေတြက ေျပာဆိုၾကပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........

ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ ့ဆုံ (Photo-NLD Chairperson)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် နောက်တတ်လာမယ့် အစိုးရ ကျရင် ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုင်းရင်းးသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။   ဒီကနေ့ နေပြည်တော်စည်ပင်ရိပ်သာဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွတ်တော်တို့က တိုင်းရင်းသား လွတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်နာကျော်ကြာတွေ့ဆုံပြီး လက်တလော တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အပါအဝင် တိုင်းရင်းသား ဒေသတွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေး သွားခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ် ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွတ်တော်တို့မှာ ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တို့ကို ဖတ်ခေါ်ပြီး နေပြည်တော် စည်ပင်ရိပ်သာဝင်းမှာ ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ နောက်တတ်လာမယ့် အစိုးရ သစ်လက်ထက်ကျရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးနဲ့ တိုင်းရင်းသားများ တန်းတူညီမျှပါ၀င်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဓိကထား တိုက်တွန်းပြောဆိုသွားခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ ့ဆုံ (Photo-NLD Chairperson)
“အဓိကတွေ့တာကတော့ တို့ တိုင်းရင်းသားတွေနဲ့ cooperative ဖြစ်ချင်တယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ National reconciliation နဲ့ နောက်ပြီးတော့ federalism ပေါ့နော် အဓိကထားပြီး ပြောတာပါပဲ။ federal state ပေါ့ တို့ထူထောင်မယ်ဆိုတာ အဲဒါကို တိုင်းရင်းသားတွေလည်း သဘောကျပါတယ်။ ကျန်တာကတော့ သူတို့ ပြည်နယ်တွေရဲ့ issue တွေပြောတာပေါ့။ ပညာရေး၊ ကျန်းမာရေး နိမ့်ကျတာတွေ တောင်ပေါ်မှာ ဖြစ်တာတွေကို မေ့မထားဖို့ပေါ့။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ မူဝါဒ ပေါ့ federal စစ်မှန်တဲ့ federal စနစ်ကို ထူထောင် မယ်ဆိုတာ သူက တရားဝင်ပေါ့နော်၊ အရင်တုန်းကတည်းက ဒါကြီးက ရှိပြီးသားပဲလေ။ နောက်ပြီး တိုင်းရင်းသားတွေဘက်ကတော့ federal နဲ့ peace ကိုလုပ်ပေးပါပေါ့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ အဓိကတော့federalism ကိုပြောသွားပါတယ်။”

တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ တအောင်း ပလောင် အမျိုးသားပါတီကတော့ ဒီရက်ပိုင်း ရှမ်းပြည်မြှောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အတွက်ကြောင့် နောက်အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဒီပါတီရဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဒေသမှာဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေပေါ့၊ ငြိမ်းချမ်းရေးကိစ္စရယ် ၊ ကျနော်တို့တောင်ပေါ်ဒေသမှာ ရှိတဲ့ တောင်ပေါ်သားတွေ ကိုလည်း ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်တဲ့အခါမှာ မေ့မထားဖို့ဆိုပြီးတော့ ကျနော်တို့ပြောဆို ဆွေးနွေးတာတွေရှိပါတယ်။”

NLD အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားပြီး တိုင်းရင်းသားတွေ ဘက်ကလည်း ပြည်ထောင်စုအတွက် အဓိကထားလုပ်ေဆောင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသား လွတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ မထုမေကတော့ တိုင်းရင်းသားများ တန်းတူ ညီမျှရရှိဖို့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ပြည်ထေင်စုကိုသွားတဲ့အခါမှာ တိုင်းရင်းသားအားလုံးရပိုင်ခွင့်ဖြစ်တဲ့ ကျမတို့ ဒီ တန်းတူညီမျှရေးကိုသွားတဲ့အခါမှာ ဖွဲ့စည်းပုံကိုယ်တိုင်ကနေပြီးတော့ federal ဖွဲ့စည်းပုံ ဖြစ်မှသာလျှင် တရားဥပဒေအရ ကျမတို့ တိုင်းရင်းသားများကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ဒါကြောင့်မို့လို့ အခုတက်လာကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင် NLD လွှတ်တော်အမတ်တွေလည်း တိုင်းရင်းသားများလိုလားတဲ့ federal constitution တခုပေါ်ပေါက်လာဖို့အတွက် တိုက်တွန်းချက်ပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်တော်တွင်း ၀င်ခဲ့ပြီးတဲ့နောက် NLD ပါတီဟာ တိုင်းရငး်သားလွတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုလိုမျိုး တွေ့ဆုံတာမျိုးတွေ ရှိပေမယ့်လို့ ဒုတိယအကြိမ်လွှတ်တော် စတဲ့အချိန်မှာတော့ ဒါဟာ ပထမဆုံးအကြိမ် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက် လွတ်တော်သက်တမ်းမှာ ပါတီက အများစု အနိုင်ရထားတာကြောင့် အခုလိုမျိုးတွေ့ဆုံမှုဟာ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်းအလဲမျိုးြုဖစ်လာနို်ငတယ်လို့ ဦးမိုင်းဝင်းထူးက ပြောပါတယ်။

“ကျနော်ထင်ပါတယ် ဒါက positive change ဘက်ကို များကြီး ဦးတည်သွားစေနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဥပမာ ထားပါတော့ ကျနော်တို့က သူတို့အပေါ်မှာ ယုံကြည်မှုတွေ ပိုပိုပြီးတော့ ရှိလာမယ်။ သူတို့ဖွဲ့စည်းလာမယ့် အစိုးရအသစ်မှာ ကျနော်တို့ ဒီတိုင်းရင်းသား ပါတီတွေ အနေနဲ့ကနေပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်လာနိုင်မယ်ဆိုတဲ့ ကဏ္ဍ တွေကို ပိုပြီးတော့မှ အားပေးလာအောင်လို့ပေါ့နော်။”

ဒီကနေ့ စည်ပင်ရိပ်သာဝန်းထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေဟာ တိုင်းရင်းသား ကိုယ်စားလှယ် ၃၀၀ နီးပါးနဲ့ တစ်နာကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ လက်တလော လွတ်တော် ၂ ရပ်ကနေ တင်မြှောက်မယ့် ဒုသမ္မတ ၂ ဦးအတွက် သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့်လို့ ဒီကနေ့မှာ ဒီကိစ္စ နဲ့ပတ်သက်လိို့ု ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment