Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 21, 2016

ၾကက္သားမႈန္႔က အခ်ဳိမႈန္႔ထက္ပင္ ေဘးထြက္ဆုိးက်ဳိးမ်ား


Chicken flavored broth and health risks ၾကက္သားမႈန္႔ နဲ႔ က်န္းမာေရး
၈-၁၂-၂ဝ၁၅ သတင္း = ၾကက္သားမႈန္႔က အခ်ဳိမႈန္႔ထက္ပင္ ေဘးထြက္ဆုိးက်ဳိးမ်ားဟု စားသံုးသူ ႀကိဳတင္ ကာကြယ္ေရးအသင္းေျပာ
ၾကက္သားမႈန္႔ကို နာမည္အမ်ိဳးမ်ိဳးနဲ႔လာတယ္။ Chicken flavored broth powder, Chicken Broth စတာေတြရွိတယ္။ အေရာင္းကုမၸဏီေတြကေတာ့ စီးပြါးေရးသေဘာအရ အေကာင္းခ်ည္းေရးထားပါတယ္။ က်န္းမာေရးဘက္ကေန အျပစ္ရွာၾကည့္ပါတယ္။
ၾကက္သားမႈန္႔မွာ No MSG, 100% Natural လို႔ဆိုထားပါတယ္။ ေထာက္ျပတာတခုကေတာ့ Chicken Broth: No MSG Labels Are False ၾကက္သားမႈန္႔ - ဟင္ခ်ိဳမႈန္႔မပါဆိုတာ မွားပါတယ္တဲ့။ ၾကက္သားမႈန္႔က ပိုေကာင္းတယ္။ ဟင္းခ်ိဳမႈန္႔မပါ ဆိုတဲ့သေဘာက ဟင္းခ်ိဳမႈန္႔မေကာင္းတာကို စီးပြါးေရးသမား အခ်င္ခ်င္း (ဘူဘူခ်င္း) ေက်ာတဲ့သေဘာျဖစ္ေနတယ္။
ဟင္းခ်ိဳမႈန္႔ထဲမွာပါတဲ့ MSG ဆိုတာ Neurotoxin အာရံုေၾကာအဆိပ္ျဖစ္တယ္လို႔ ၾကက္သားမႈန္႔ဆန္႔က်င္ေရးသမားက ဆိုပါတယ္။ ဦးေႏွာက္ထဲမွာရွိတဲ့ (ဟိုက္ပိုသဲလမတ္စ္) မွာရွိတဲ့ (ႏူရုမ္း) ေတြကို ပ်က္စီးေစတယ္လို႔ ေထာက္ျပထားတာ ဖတ္ရပါတယ္။ MSG ကို ၾကြက္ေတြကိုေၾကြးေတာ ဝလာတယ္၊ လူေတြမွာ ေခါင္းကိုက္တာနဲ႔ (မိုက္ဂရင္း) ျဖစ္ေစတယ္။
Yeast Extract တေဆးကထုတ္လုပ္သည္လို႔လဲ ေၾကာ္ညာပါေသးတယ္။ အမွန္က တေဆးဆိုတာ မုန္႔ဖုတ္ရာမွာသာ ေကာင္းတာပါ။ အိမ္မွာတင္ ၾကက္သားကို အဲလိုလုပ္ရင္ တေဆးသြားမထည့္ပါေလနဲ႔။ လူရီစရာျဖစ္ပါမယ္။
Organic Spices လို႔လဲေၾကာ္ညာျပန္ပါေသးတယ္။ ထုတ္လုပ္သူေတြက Spice mix ထဲမွာ MSG 50% ထက္နည္းပါရင္ မပါဘူးလို႔ေရးႏိုင္တယ္။ ခ်ဳပ္ေျပာရရင္ ၾကက္သားမႈန္႔ဆိုတာလဲ ဟင္းခ်ိဳမႈန္႔သာျဖစ္ပါတယ္။ အေကာင္း-အဆိုး ဆတူေလာက္ရွိပါမယ္။ သုေတသန နည္းပါေသးတယ္။ ေသြးတိုး၊ ဆီးခ်ိဳရွိသူေတြနဲ႔ မသင့္ပါ။
Dashi ဒက္ရွီဂ်ပန္စာဆိုတာ Soup စြပ္ျပဳပ္လုပ္ရာမွာနဲ႔ ေခါက္ဆြဲစတာေတြကို ခ်က္ျပဳပ္ရာမွာ သံုးတယ္။ Kelp ေခၚတဲ့ အညိဳေရာင္ ပင္လယ္ေရညႇိကေန ထုတ္လုပ္တယ္။ Niboshi ေခၚတဲ့ဆာဒင္းငါးေပါက္စနဲ႔ Shiitake ေခၚမိႈတမ်ိဳးကိုလည္း သံုးတယ္။ ၁၉ဝ၈ ကတည္းက ေပၚတယ္။ က်န္းမာေရးအတြက္ ေလ့လာထားတာ မေတြ႔ေသးပါ။
Ajinomoto ဟင္းခ်ိဳမႈန္႔ http://doctortintswe.blogspot.com/2015/03/ajinomoto.html ကိုဖတ္ႏိုင္ပါတယ္။
ေဒါက္တာတင့္ေဆြ
၁၂-၁၂-၂ဝ၁၄
၈-၁၂-၂ဝ၁၅
.........
Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး
၈-၁၂-၂ဝ၁၅ သတင်း = ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းပြော
ကြက်သားမှုန့်ကို နာမည်အမျိုးမျိုးနဲ့လာတယ်။ Chicken flavored broth powder, Chicken Broth စတာတွေရှိတယ်။ အရောင်းကုမ္ပဏီတွေကတော့ စီးပွါးရေးသဘောအရ အကောင်းချည်းရေးထားပါတယ်။ ကျန်းမာရေးဘက်ကနေ အပြစ်ရှာကြည့်ပါတယ်။
ကြက်သားမှုန့်မှာ No MSG, 100% Natural လို့ဆိုထားပါတယ်။ ထောက်ပြတာတခုကတော့ Chicken Broth: No MSG Labels Are False ကြက်သားမှုန့် - ဟင်ချိုမှုန့်မပါဆိုတာ မှားပါတယ်တဲ့။ ကြက်သားမှုန့်က ပိုကောင်းတယ်။ ဟင်းချိုမှုန့်မပါ ဆိုတဲ့သဘောက ဟင်းချိုမှုန့်မကောင်းတာကို စီးပွါးရေးသမား အချင်ချင်း (ဘူဘူချင်း) ကျောတဲ့သဘောဖြစ်နေတယ်။
ဟင်းချိုမှုန့်ထဲမှာပါတဲ့ MSG ဆိုတာ Neurotoxin အာရုံကြောအဆိပ်ဖြစ်တယ်လို့ ကြက်သားမှုန့်ဆန့်ကျင်ရေးသမားက ဆိုပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ (ဟိုက်ပိုသဲလမတ်စ်) မှာရှိတဲ့ (နူရုမ်း) တွေကို ပျက်စီးစေတယ်လို့ ထောက်ပြထားတာ ဖတ်ရပါတယ်။ MSG ကို ကြွက်တွေကိုကြွေးတော ဝလာတယ်၊ လူတွေမှာ ခေါင်းကိုက်တာနဲ့ (မိုက်ဂရင်း) ဖြစ်စေတယ်။
Yeast Extract တဆေးကထုတ်လုပ်သည်လို့လဲ ကြော်ညာပါသေးတယ်။ အမှန်က တဆေးဆိုတာ မုန့်ဖုတ်ရာမှာသာ ကောင်းတာပါ။ အိမ်မှာတင် ကြက်သားကို အဲလိုလုပ်ရင် တဆေးသွားမထည့်ပါလေနဲ့။ လူရီစရာဖြစ်ပါမယ်။
Organic Spices လို့လဲကြော်ညာပြန်ပါသေးတယ်။ ထုတ်လုပ်သူတွေက Spice mix ထဲမှာ MSG 50% ထက်နည်းပါရင် မပါဘူးလို့ရေးနိုင်တယ်။ ချုပ်ပြောရရင် ကြက်သားမှုန့်ဆိုတာလဲ ဟင်းချိုမှုန့်သာဖြစ်ပါတယ်။ အကောင်း-အဆိုး ဆတူလောက်ရှိပါမယ်။ သုတေသန နည်းပါသေးတယ်။ သွေးတိုး၊ ဆီးချိုရှိသူတွေနဲ့ မသင့်ပါ။
Dashi ဒက်ရှီဂျပန်စာဆိုတာ Soup စွပ်ပြုပ်လုပ်ရာမှာနဲ့ ခေါက်ဆွဲစတာတွေကို ချက်ပြုပ်ရာမှာ သုံးတယ်။ Kelp ခေါ်တဲ့ အညိုရောင် ပင်လယ်ရေညှိကနေ ထုတ်လုပ်တယ်။ Niboshi ခေါ်တဲ့ဆာဒင်းငါးပေါက်စနဲ့ Shiitake ခေါ်မှိုတမျိုးကိုလည်း သုံးတယ်။ ၁၉ဝ၈ ကတည်းက ပေါ်တယ်။ ကျန်းမာရေးအတွက် လေ့လာထားတာ မတွေ့သေးပါ။
Ajinomoto ဟင်းချိုမှုန့် http://doctortintswe.blogspot.com/2015/03/ajinomoto.html ကိုဖတ်နိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄
၈-၁၂-၂ဝ၁၅

No comments:

Post a Comment