Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

လူထုေခါင္းေဆာင္ကုိ အေသသတ္မည္ဟု ေဖ့စ္ဘြတ္ေပၚတြင္ ၿခိမ္းေျခာက္သူအား တိုင္ၾကားမႈ ရွိပါက အေရးယူမည္ဟုဆုိ

 လူထုေခါင္းေဆာင္ကုိ အေသသတ္မည္ဟု ေဖ့စ္ဘြတ္ေပၚတြင္ ၿခိမ္းေျခာက္သူ
 လူထုေခါင္းေဆာင္ကုိ အေသသတ္မည္ဟု ေဖ့စ္ဘြတ္ေပၚတြင္ ၿခိမ္းေျခာက္သူ
လူမႈကြန္ယက္ စာမ်က္ႏွာ (Facebook) ေပၚတြင္ေဖေဖာ္၀ါရီ လ ၃ ရက္ေန႕ ညပိုင္းက Ye Lwin Myint ဆိုသူ အေကာင့္မွ ႏိုင္ငံေရး ေခါင္းေဆာင္ တစ္ဦးအား အေသသတ္မည္ဟု ၿခိမ္းေျခာက္ေရးသားခဲ့မွဳကို တုိင္းၾကားမႈ ရွိပါက အေရးုယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ ၊ ဒုတုိင္းမွဴး ရဲမွဴးႀကီး က News Watch သို႕ေျပာသည္။
“ကြ်န္ေတာ္တို႕ကေတာ့ မဖတ္ရေသးဘူးဗ်။ ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္တုိ႕ဆီကို မေရာက္ေသးဘူး။ တိုင္ၾကားလို႕ရွိရင္ အေရးယူမလားဆိုေတာ့ ဒါကေတာ့ အရင္ကလည္း အင္တာနက္ ေပၚမွာ ေရးသားမႈေတြ ျဖစ္စဥ္ေတြ ရွိခဲဖူးတယ္။ ယခင္ျဖစ္စဥ္မွာလည္း တုိင္ၾကားတဲ့သူက အမႈလာဖြင့္ရင္ ကြ်န္ေတာ္တို႕က ေဆာင္ရြက္ေပးတာေပ့ါ။ သူကုိ ဆက္သြယ္ေရး ဥပေဒပုဒ္မနဲ႕အေရးယူမွာေပ့ါဗ်ာ။ ကာယကံရွင္ဘက္က တုိင္ၾကားဖို႔ေတာ့ လိုတာေပ့ါဗ်။ မတိုင္ရင္ေတာ့ မသိဘူးေပ့ါ။ စခန္းကို လာတိုင္ၿပီလား မတိုင္ဘူးလားဆိုတာ မသိေသးဘူး။ ကြ်န္ေတာ္တို႕က တျခား အလုပ္ေတြနဲ႕ ရႈပ္ေနလို႕ အဲ့ဒါေတြလည္း မဖတ္ျဖစ္ပါဘူး။” ဟု ရဲမွဴးႀကီးကေျပာသည္။

Ye Lwin Myint အေကာင့္ ပိုင္ရွင္သည္ ၄င္း၏ Facebook ေပၚ၌ ေဖေဖာ္၀ါရီလ ၃ ရက္ေန႕ ညပိုင္းတြင္ “ပုဒ္မ ၅၉ (စ) ကို ဆိုင္းငံ့လိုက္ၿပီ ဆုိပါက AWM သို႔မဟုတ္ AS 50 ေသနက္ တစ္လက္ ႏွင့္ ေလ့က်င့္ခ်ိန္ ၁ လသာ လိုအပ္ေၾကာင္း ၊ အေသသတ္မည္ျဖစ္ ေၾကာင္း၊ အတည္ေျပာတာပါ ”ဟု စသည့္ စာသားမ်ား ေရးသားခဲ့ျခင္းျဖစ္သည္။ အဆိုပါ စာသားမ်ားသည္ လက္ရွိ လႊတ္ေတာ္တြင္ ပုဒ္မ ၅၉ (စ) အား ဆိုင္းငံ့မည္ဟု သတင္းမ်ား ထြက္ေပၚေနျခင္းႏွင့္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္အား ရည္ညြန္းသည္ဟု ထင္ျမင္ကာ အင္တာနက္ အသံုးျပဳသူမ်ားက Facebook ေပၚတြင္ ေ၀ဖန္မႈမ်ားျပဳလုပ္ခဲ့သည္။

ယခင္ကလည္း အင္တာနက္ စာမ်က္ႏွာေပၚတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အား ေလွာင္ေျပာင္ သေရာ္ထားသည့္ ဓါတ္ပံုကို လူမႈကြန္ရက္ စာမ်က္ႏွာ (Facebook) ေပၚတြင္ မွ်ေ၀ခဲ့သည့္အတြက္ ဦးပက္ထရစ္ခြန္ဂ်ာလီကို ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆ ဃ ျဖင့္ ဖမ္းဆီး စစ္ေဆးလွ်က္ရွိသည္။ ယင္းျပင္ မအူပင္ၿမိဳ႕နယ္ တြင္ ေနထိုင္သူ အသက္ ၂၅ ႏွစ္ အရြယ္ မေခ်ာစႏၵီထြန္းသည္ ေဒၚေအာင္ဆန္းစုၾကည္ အ၀တ္အစားအေရာင္ႏွင့္ တပ္မေတာ္၏ အစိမ္းႏုေရာင္ စစ္၀တ္စံု အသစ္ကို ႏိႈင္းယွဥ္ထားသည့္ ဓါတ္ပံုကို လူမႈကြန္ယက္ စာမ်က္ႏွာ (Facebook) ေပၚ တြင္ မွ်ေ၀ျပီး ေ၀ဖန္သေရာ္စာေရးသားခဲ့သည့္အတြက္ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆ ဃ ႏွင့္ ေထာင္ဒဏ္ ၆လ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည္။ အလားတူ ကဗ်ာဆရာေမာင္းေဆာင္းခ သည္ လည္း သမၼတ ႀကီးအား သေရာ္သည့္ ကဗ်ာ ေရးသားခဲ့သည့္အတြက္ ယင္းဥပေဒျဖင့္ ေရးယူျခင္းခံခဲ့ရၿပီး ကိုေဇာ္မ်ိဳးညြန္႔သည္လည္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အား ေလွာင္ေျပာင္ သေရာ္ထားသည့္ ဓါတ္ပံု တင္ခဲ့သည့္အတြက္ အဆုိပါ ဥပေဒျဖင့္ပင္ အေရးယူခံခဲ့ရသည္။

ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

.............................................................................

 လူထုခေါင်းဆောင်ကို အသေသတ်မည်ဟု ဖေ့စ်ဘွတ်ပေါ်တွင် ခြိမ်းခြောက်သူအား တိုင်ကြားမှု ရှိပါက အရေးယူမည်ဟုဆို
4 February 2016 
 လူထုခေါင်းဆောင်ကို အသေသတ်မည်ဟု ဖေ့စ်ဘွတ်ပေါ်တွင် ခြိမ်းခြောက်သူ
 လူထုခေါင်းဆောင်ကို အသေသတ်မည်ဟု ဖေ့စ်ဘွတ်ပေါ်တွင် ခြိမ်းခြောက်သူ
လူမှုကွန်ယက် စာမျက်နှာ (Facebook) ပေါ်တွင်ဖေဖော်ဝါရီ လ ၃ ရက်နေ့ ညပိုင်းက Ye Lwin Myint ဆိုသူ အကောင့်မှ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား အသေသတ်မည်ဟု ခြိမ်းခြောက်ရေးသားခဲ့မှုကို တိုင်းကြားမှု ရှိပါက အရေုးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ ဒုတိုင်းမှူး ရဲမှူးကြီး က News Watch သို့ပြောသည်။
“ကျွန်တော်တို့ကတော့ မဖတ်ရသေးဘူးဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ တိုင်ကြားလို့ရှိရင် အရေးယူမလားဆိုတော့ ဒါကတော့ အရင်ကလည်း အင်တာနက် ပေါ်မှာ ရေးသားမှုတွေ ဖြစ်စဉ်တွေ ရှိခဲဖူးတယ်။ ယခင်ဖြစ်စဉ်မှာလည်း တိုင်ကြားတဲ့သူက အမှုလာဖွင့်ရင် ကျွန်တော်တို့က ဆောင်ရွက်ပေးတာပေ့ါ။ သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့အရေးယူမှာပေ့ါဗျာ။ ကာယကံရှင်ဘက်က တိုင်ကြားဖို့တော့ လိုတာပေ့ါဗျ။ မတိုင်ရင်တော့ မသိဘူးပေ့ါ။ စခန်းကို လာတိုင်ပြီလား မတိုင်ဘူးလားဆိုတာ မသိသေးဘူး။ ကျွန်တော်တို့က တခြား အလုပ်တွေနဲ့ ရှုပ်နေလို့ အဲ့ဒါတွေလည်း မဖတ်ဖြစ်ပါဘူး။” ဟု ရဲမှူးကြီးကပြောသည်။

Ye Lwin Myint အကောင့် ပိုင်ရှင်သည် ၄င်း၏ Facebook ပေါ်၌ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းတွင် “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့လိုက်ပြီ ဆိုပါက AWM သို့မဟုတ် AS 50 သေနက် တစ်လက် နှင့် လေ့ကျင့်ချိန် ၁ လသာ လိုအပ်ကြောင်း ၊ အသေသတ်မည်ဖြစ် ကြောင်း၊ အတည်ပြောတာပါ ”ဟု စသည့် စာသားများ ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာသားများသည် လက်ရှိ လွှတ်တော်တွင် ပုဒ်မ ၅၉ (စ) အား ဆိုင်းငံ့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းသည်ဟု ထင်မြင်ကာ အင်တာနက် အသုံးပြုသူများက Facebook ပေါ်တွင် ဝေဖန်မှုများပြုလုပ်ခဲ့သည်။

ယခင်ကလည်း အင်တာနက် စာမျက်နှာပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လှောင်ပြောင် သရော်ထားသည့် ဓါတ်ပုံကို လူမှုကွန်ရက် စာမျက်နှာ (Facebook) ပေါ်တွင် မျှဝေခဲ့သည့်အတွက် ဦးပက်ထရစ်ခွန်ဂျာလီကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။ ယင်းပြင် မအူပင်မြို့နယ် တွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် မချောစန္ဒီထွန်းသည် ဒေါ်အောင်ဆန်းစုကြည် အဝတ်အစားအရောင်နှင့် တပ်မတော်၏ အစိမ်းနုရောင် စစ်ဝတ်စုံ အသစ်ကို နှိုင်းယှဉ်ထားသည့် ဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ (Facebook) ပေါ် တွင် မျှဝေပြီး ဝေဖန်သရော်စာရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နှင့် ထောင်ဒဏ် ၆လ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ အလားတူ ကဗျာဆရာမောင်းဆောင်းခ သည် လည်း သမ္မတ ကြီးအား သရော်သည့် ကဗျာ ရေးသားခဲ့သည့်အတွက် ယင်းဥပဒေဖြင့် ရေးယူခြင်းခံခဲ့ရပြီး ကိုဇော်မျိုးညွန့်သည်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လှောင်ပြောင် သရော်ထားသည့် ဓါတ်ပုံ တင်ခဲ့သည့်အတွက် အဆိုပါ ဥပဒေဖြင့်ပင် အရေးယူခံခဲ့ရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment