Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

ပုဒ္မ ၅၉(စ) ျပင္ဆင္မႈကို ဖြဲ႕စည္းပံုအေျခခံဥပေဒ အတိုင္းသာ ေဆာင္ရြက္မည္ဟု တပ္မေတာ္သား ကိုယ္စားလွယ္ ဗုိလ္ခ်ဳပ္ေတာက္ထြန္း ေျပာ

4 February 2016

ေဒၚေအာင္ဆန္းစုၾကည္ သမၼတ တာဝန္ ထမ္းေဆာင္ႏိုင္ေရး အတားအဆီးတစ္ခု ျဖစ္ေစသည့္ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒပါ ပုဒ္မ ၅၉(စ) ျပင္ဆင္လိုမူအား ဖြဲ႕စည္းပံု အေျခခံဥပေဒ အတိုင္းသာ ေဆာင္ရြက္သြားမည္ဟု ျပည္သူ႔လႊတ္ေတာ္ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ေတာက္ထြန္းက ေဖေဖာ္၀ါရီ ၃ ရက္ေန႔တြင္ ေျပာသည္။

“ပုဒ္မ ၅၉(စ) ျပင္ဆင္ေရးနဲ႕ပတ္သက္ၿပီး ဖြဲ႕စည္းပံု အေျခခံဥပေဒအတိုင္းပဲ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဥပေဒအတိုင္း ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္" ဟု ၎ကဆိုသည္။

ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀း ၿပီးဆံုးခ်ိန္တြင္ မီဒီယာမ်ားးက ပုဒ္မ၅၉(စ) ျပင္ဆင္မႈႏွင့္ ပတ္သက္ၿပီး ေမးျမန္းျခင္းကို ဗိုလ္ခ်ဳပ္ေတာက္ထြန္းက အထက္ပါအတိုင္း ေျပာျခင္းျဖစ္သည္။

ယင္းအျပင္ ယခုလႊတ္ေတာ္တြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ ကိုယ္စားလွယ္ အမ်ားအျပား ရွိေသာ္လည္း ႏိုင္ငံအတြက္ ေကာင္းစားမည္ဆိုပါက အတူတကြ လက္တြဲေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းလည္း ၄င္းက ထပ္ေလာင္း ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ နာယကျဖစ္သူ ဦးတင္ဦးကလည္း ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ရမည္ဟု ေၾကြးေႀကာ္ထားၿပီး ပုဒ္မ ၅၉(စ) သည္ အဟန္႔အတား တစ္ခုသဖြယ္ ျဖစ္ေနေသာ္လည္း မည့္သည့္အရာမွ် တည္ၿမဲျခင္းမရွိဟု ေျပာဆိုထားသည္။

၂၀၁၄ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့သည့္ ပုဒ္မ ၅၉(စ) ျပင္ဆင္ေရး ေဆြးေႏြးမႈမ်ားတြင္ တပ္မေတာ္သား ကုိယ္စားလွယ္မ်ားက တညီတညြတ္တည္း ကန္႔ကြက္ခဲ့ၾကၿပီး ယင္းပုဒ္မမွာ လႊတ္ေတာ္အတြင္း ေဆြးေႏြးမႈမ်ား ေအာင္ျမင္ခဲ့ပါက လူထုဆႏၵခံယူပြဲမ်ားပါျပဳလုပ္၍ ျပင္ဆင္ရန္ လုိအပ္ေၾကာင္း အေျခခံဥပေဒတြင္ ေဖာ္ျပထားသည္။

သတင္း - ကိုေပါက္
Photo - httpswww.article19.org
The Ladies News Journal
https://www.facebook.com/News.TheLadies/

...............................................................

 ပုဒ်မ ၅၉(စ) ပြင်ဆင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်မည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်း ပြော
4 February 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ထမ်းဆောင်နိုင်ရေး အတားအဆီးတစ်ခု ဖြစ်စေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ပြင်ဆင်လိုမူအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြောသည်။

“ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် မီဒီယာများးက ပုဒ်မ၅၉(စ) ပြင်ဆင်မှုနှင့် ပတ်သက်ပြီး မေးမြန်းခြင်းကို ဗိုလ်ချုပ်တောက်ထွန်းက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

ယင်းအပြင် ယခုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် အများအပြား ရှိသော်လည်း နိုင်ငံအတွက် ကောင်းစားမည်ဆိုပါက အတူတကွ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယကဖြစ်သူ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမည်ဟု ကြွေးကြော်ထားပြီး ပုဒ်မ ၅၉(စ) သည် အဟန့်အတား တစ်ခုသဖွယ် ဖြစ်နေသော်လည်း မည့်သည့်အရာမျှ တည်မြဲခြင်းမရှိဟု ပြောဆိုထားသည်။

၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ဆွေးနွေးမှုများတွင် တပ်မတော်သား ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပြီး ယင်းပုဒ်မမှာ လွှတ်တော်အတွင်း ဆွေးနွေးမှုများ အောင်မြင်ခဲ့ပါက လူထုဆန္ဒခံယူပွဲများပါပြုလုပ်၍ ပြင်ဆင်ရန် လိုအပ်ကြောင်း အခြေခံဥပဒေတွင် ဖော်ပြထားသည်။

သတင်း - ကိုပေါက်
Photo - httpswww.article19.org
The Ladies News Journal
https://www.facebook.com/News.TheLadies/

No comments:

Post a Comment