Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 7, 2016


ရန်ကုန်၊ ဖေဖော်ဝါရီ ၈
မဖြူဖြူခန့် (၁၆)နှစ်သည် ၇.၂.၂၀၁၆ရက်နေ့ ၁၁၃၀အချိန် နေအိမ်မှကျူရှင်သို့ ထွက်သွားပြီး ကျူရှင်ဆင်းချိန်တွင် သွားရောက်ကြိုရာ မတွေ့ရှိဘဲပျောက်ဆုံးနေသဖြင့် လှိုင်မြို့မ ရဲစခန်းသို့


Yangon Police
.............
ပျောက်ဆုံးနေသူအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အသိပေးဖော်ပြခြင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
မရမ်းကုန်းမြို့နယ်၊ မြို့ပြအိမ်ရာအနောက်ဘက်ခြမ်း၊ (၄)ရပ်ကွက်နေဒေါ်မြတ်မြတ်မိုးမှ ၎င်း၏သမီးဖြစ်သူ
မဖြူဖြူခန့် (၁၆)နှစ်သည် ရ.၂.၂၀၁၆ရက်နေ့ ၁၁၃၀အချိန် နေအိ်မ်မှကျူရှင်သို့ ထွက်သွားပြီး ကျူရှင်ဆင်းချိန်တွင် သွားရောက်ကြိုရာ မတွေ့ရှိဘဲပျောက်ဆုံးနေသဖြင့် လှိုင်မြို့မ ရဲစခန်းသို့
လူပျောက်ရေးဖွင့် တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ်
(၈/၂၀၁၆)ဖြင့် ရေးဖွင့်ကာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပျောက်ဆုံး
သူ၏ မှတ်တမ်းဓာတ်ပုံ များပေးပို့ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေသူ မဖြူဖြူခန့်သည် အဆိုပါနေ့က မိဘများနှင့်စကားပြောအဆင်မပြေသဖြင့် ကျူရှင်သို့မသွားဘဲ အလည်လွန်ကာမိန်းကလေးသူငယ်ချင်းဖြစ်သူ၏ နေအိမ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်
ကြောင်း သိရှိရသဖြင့် မိဘများမှသွားရောက်ခေါ်ယူခဲ့ပြီး ရဲစခန်းသို့ပြန်လည်တွေ့ရှိကြောင်း
အကြောင်းကြားခဲ့ပါသည်။

၇.၂.၂၀၁၆ ရက်နေ့ ၂၃၁၇ အချိန်တွင် Yangon Police Facebookစာမျက်နှာမှ ပျောက်ဆုံးနေသူ
အားတွေ့ရှိပါက ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန်ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်၍ ပြန်
လည်တွေ့ရှိပြီဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police

No comments:

Post a Comment