Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

မိုက္ခ႐ိုေ၀့မီးဖိုရဲ႕ က်န္းမာေရးဆိုးက်ိဳး

နည္းပညာအသစ္ေတြ ေပၚေပါက္လာတဲ့အခါ က်န္းမာေရး႐ႈေထာင့္က ၾကည့္႐ႈျခင္းထက္ ဆန္းသစ္မႈ အဆင္ေျပမႈကိုသာ ဦးစားေပးကာ အသံုးျပဳၾကတာ လူ႕သဘာ၀ပါပဲ။ အသံုးျပဳခ်ိန္ကာလ ၾကာလာတာနဲ႕အမွ် က်န္းမာေရးအက်ိဳးဆက္ေတြ သိသိသာသာ ေပၚေပါက္လာေတာ့မွသာ သတိျပဳမိေလ့ရွိၾကပါတယ္။ လူတိုင္းလိုလို ႏွစ္သက္စြာ အသံုးျပဳၾကတဲ့ မိုင္ခ႐ိုေ၀့မီးဖိုရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ားကို တင္ျပလိုပါတယ္။

မိုင္ခ႐ိုေ၀့မီးဖိုကို အိမ္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္ျပီး ဟင္းေႏႊးဖို႕၊ ေကာ္ဖီေႏႊးဖို႕ သံုးၾကသလို အသားငါး အသီးအရြက္ေတြကို ေပါင္းျခင္း၊ ႏွပ္ျခင္း၊ ျပဳတ္ျခင္းအတြက္ပါ အသံုးျပဳ ၾကပါတယ္။ မိုင္ခ႐ိုေ၀့မီးဖိုဟာ က်က္တာလည္းျမန္ျပီး အလုပ္႐ႈပ္လည္းသက္သာကာ auto ခ်ိန္ညွိ ထားႏိုင္လို႕ လူအမ်ားစုက ၾကိဳက္ႏွစ္သက္စြာ ေန႕စဥ္ အသံုးျပဳလ်ွက္ ရွိၾကပါတယ္။ ဒီေတာ့ မိုင္ခ႐ိုေ၀့မီးဖိုကို တကယ္ပဲ စိတ္ခ်လက္ခ် အႏၱရာယ္ကင္းစြာ အသံုးျပဳႏုိင္ရဲ႕လား ဆိုတာ ဆန္းစစ္ၾကည့္ၾကပါစို႕။

မိုင္ခ႐ိုေ၀့မီးဖိုထဲကို အစားအေသာက္ေတြ ထည့္လိုက္တဲ့အခါ အစားအစာေတြမွာ ပါ၀င္တဲ့ ေရေမာ္လီက်ဴးေတြဟာ ပူေႏြးတုန္ခါလာျပီး အာဟာရေမာ္လီက်ဴးေတြကို တစစီျဖိဳဖ်က္ပစ္ လုိက္ပါတယ္။ အနံ႕အရသာမေျပာင္းသြားေပမဲ့ (ပိုေတာင္ေကာင္းလာႏိုင္ေပမဲ့) တကယ္တမ္းက် ေတာ့ အာဟာရေတြအားလံုးကို ဆံုး႐ံႈးသြားျပီျဖစ္ပါတယ္။ အဲဒီလိုအစားအစာေတြ ကို ေန႕စဥ္မွီ၀ဲတဲ့ အခါ အာဟာရဓါတ္ေတြမတိုးပြားလာႏုိင္ေတာ့ပဲ က်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္ေပၚလာေစပါတယ္။

ေရာဂါကာကြယ္စနစ္ကို အားေလ်ာ့ေစျခင္း
ဘက္တီးရီးယားနဲ႕ ဗိုင္းရပ္စ္ ကူးစက္မႈကို ခံႏိုင္ရည္နည္းသြားျခင္း
မ်က္စိတိမ္စြဲေရာဂါျဖစ္ပြားျခင္း
ေမြးရာပါမသန္စြမ္းျခင္း၊ ခ်ိဳ႕တဲ့ျခင္း
ကင္ဆာေရာဂါ
ေရာဂါေပါင္းစံု၀င္ေရာက္ႏိုင္ျခင္း
၁၉၉၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေလ့လာမႈတစ္ခုအရ ဆြစ္ဇာလန္မွ သိပၸံပညာရွင္မ်ားက ေအာက္ပါအခ်က္မ်ားကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။ မိုင္ခ႐ိုေ၀့မီးဖိုမွာ ခ်က္ျပဳတ္တဲ့ ဟင္းသီးဟင္းရြက္ေတြကို စားတဲ့သူေတြကို စမ္းသပ္လုိက္တဲ့အခါ ေအာက္ပါအတိုင္းေတြ႔ရွိရပါတယ္။

ကိုလက္စထေရာျမင့္တက္လာျခင္း
ေဟမိုဂလိုဗင္ (ေသြးနီဥမ်ား) အေရအတြက္ က်ဆင္းျခင္း
လင္ဖိုဆိုက္ (ေသြးျဖဴဥမ်ား) အေရအတြက္ က်ဆင္းျခင္း
စိတ္ဖိစီးေစတဲ့ေဟာ္မုန္းဓါတ္ ထြက္လာျခင္း
ႏို႕တိုက္မိခင္ေတြကို သုေတသနျပဳလုပ္တဲ့အခါမွာလည္း မိုင္ခ႐ိုေ၀့မီးဖိုအသံုးျပဳတဲ့မိခင္ေတြရဲ႕ ႏို႕ရည္ထဲမွာ ..

ေရာဂါကာကြယ္ဓါတ္နည္းပါးလာျခင္း
အဓိကပဋိဇီ၀မ်ားနည္းပါးလာျခင္း
အႏၱရာယ္မ်ားတဲ့ ဘက္တီးရီးယားမ်ား ပိုမိုပါ၀င္လာျခင္း တို႕ကို ေတြ႕ရွိရပါတယ္။
ဒါ့အျပင္ မိုက္ခ႐ိုေ၀့မီးဖိုကို ၾကာရွည္သံုးစြဲလာသူေတြဟာ ဆံပင္ေစာစီးစြာျဖဴျခင္း၊ ဆံပင္ကၽြတ္ျခင္း၊ ထိပ္ေျပာင္ျခင္း၊ ေမ့ေလ်ာ့လြယ္ျခင္း၊ ရင္တုန္ျခင္း၊ မူးေ၀တတ္ျခင္းတို႕ လည္း ျဖစ္တတ္ေၾကာင္း ေလ့လာေတြ႕ရွိရေၾကာင္း တင္ျပလိုက္ပါတယ္။
Yangon Life
...............
မိုက်ခရိုဝေ့မီးဖိုရဲ့ ကျန်းမာရေးဆိုးကျိုး

နည်းပညာအသစ်တွေ ပေါ်ပေါက်လာတဲ့အခါ ကျန်းမာရေးရှုထောင့်က ကြည့်ရှုခြင်းထက် ဆန်းသစ်မှု အဆင်ပြေမှုကိုသာ ဦးစားပေးကာ အသုံးပြုကြတာ လူ့သဘာဝပါပဲ။ အသုံးပြုချိန်ကာလ ကြာလာတာနဲ့အမျှ ကျန်းမာရေးအကျိုးဆက်တွေ သိသိသာသာ ပေါ်ပေါက်လာတော့မှသာ သတိပြုမိလေ့ရှိကြပါတယ်။ လူတိုင်းလိုလို နှစ်သက်စွာ အသုံးပြုကြတဲ့ မိုင်ခရိုဝေ့မီးဖိုရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို တင်ပြလိုပါတယ်။

မိုင်ခရိုဝေ့မီးဖိုကို အိမ်တော်တော်များများမှာ တွေ့ရတတ်ပြီး ဟင်းနွှေးဖို့၊ ကော်ဖီနွှေးဖို့ သုံးကြသလို အသားငါး အသီးအရွက်တွေကို ပေါင်းခြင်း၊ နှပ်ခြင်း၊ ပြုတ်ခြင်းအတွက်ပါ အသုံးပြု ကြပါတယ်။ မိုင်ခရိုဝေ့မီးဖိုဟာ ကျက်တာလည်းမြန်ပြီး အလုပ်ရှုပ်လည်းသက်သာကာ auto ချိန်ညှိ ထားနိုင်လို့ လူအများစုက ကြိုက်နှစ်သက်စွာ နေ့စဉ် အသုံးပြုလျှက် ရှိကြပါတယ်။ ဒီတော့ မိုင်ခရိုဝေ့မီးဖိုကို တကယ်ပဲ စိတ်ချလက်ချ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရဲ့လား ဆိုတာ ဆန်းစစ်ကြည့်ကြပါစို့။

မိုင်ခရိုဝေ့မီးဖိုထဲကို အစားအသောက်တွေ ထည့်လိုက်တဲ့အခါ အစားအစာတွေမှာ ပါ၀င်တဲ့ ရေမော်လီကျူးတွေဟာ ပူနွေးတုန်ခါလာပြီး အာဟာရမော်လီကျူးတွေကို တစစီဖြိုဖျက်ပစ် လိုက်ပါတယ်။ အနံ့အရသာမပြောင်းသွားပေမဲ့ (ပိုတောင်ကောင်းလာနိုင်ပေမဲ့) တကယ်တမ်းကျ တော့ အာဟာရတွေအားလုံးကို ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ အဲဒီလိုအစားအစာတွေ ကို နေ့စဉ်မှီဝဲတဲ့ အခါ အာဟာရဓါတ်တွေမတိုးပွားလာနိုင်တော့ပဲ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။

ရောဂါကာကွယ်စနစ်ကို အားလျော့စေခြင်း
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ခံနိုင်ရည်နည်းသွားခြင်း
မျက်စိတိမ်စွဲရောဂါဖြစ်ပွားခြင်း
မွေးရာပါမသန်စွမ်းခြင်း၊ ချို့တဲ့ခြင်း
ကင်ဆာရောဂါ
ရောဂါပေါင်းစုံဝင်ရောက်နိုင်ခြင်း
၁၉၉၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာမှုတစ်ခုအရ ဆွစ်ဇာလန်မှ သိပ္ပံပညာရှင်များက အောက်ပါအချက်များကို လေ့လာတွေ့ရှိခဲ့ပါတယ်။ မိုင်ခရိုဝေ့မီးဖိုမှာ ချက်ပြုတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့သူတွေကို စမ်းသပ်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ရှိရပါတယ်။

ကိုလက်စထရောမြင့်တက်လာခြင်း
ဟေမိုဂလိုဗင် (သွေးနီဥများ) အရေအတွက် ကျဆင်းခြင်း
လင်ဖိုဆိုက် (သွေးဖြူဥများ) အရေအတွက် ကျဆင်းခြင်း
စိတ်ဖိစီးစေတဲ့ဟော်မုန်းဓါတ် ထွက်လာခြင်း
နို့တိုက်မိခင်တွေကို သုတေသနပြုလုပ်တဲ့အခါမှာလည်း မိုင်ခရိုဝေ့မီးဖိုအသုံးပြုတဲ့မိခင်တွေရဲ့ နို့ရည်ထဲမှာ ..

ရောဂါကာကွယ်ဓါတ်နည်းပါးလာခြင်း
အဓိကပဋိဇီဝများနည်းပါးလာခြင်း
အန္တရာယ်များတဲ့ ဘက်တီးရီးယားများ ပိုမိုပါ၀င်လာခြင်း တို့ကို တွေ့ရှိရပါတယ်။
ဒါ့အပြင် မိုက်ခရိုဝေ့မီးဖိုကို ကြာရှည်သုံးစွဲလာသူတွေဟာ ဆံပင်စောစီးစွာဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ မေ့လျော့လွယ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေတတ်ခြင်းတို့ လည်း ဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိရကြောင်း တင်ပြလိုက်ပါတယ်။
Yangon Life

No comments:

Post a Comment