Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ကိုျဖစ္ရမည္ဟု ဦးဝင္းထိန္ေျပာ(ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမည်ဟု ဦးဝင်းထိန်ပြော)



အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ေရးသည္ ႏိုင္ငံေတာ္ သမၼတေလာင္း အမည္စာရင္း တင္သြင္းမည့္ ရက္ေရႊ႔ဆိုင္းျခင္းႏွင့္ မသက္ဆိုင္ေၾကာင္း ဒီခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္က ယေန႔ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး အၿပီးတြင္ ေျပာသည္။

“ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္မယ့္ကိစၥက ျဖစ္ကိုျဖစ္မွာ၊ ရက္ေရႊ႕တာ မေရႊ႕တာနဲ႔ ဘာမွမဆိုင္ဘူး။ ေႏွးတာနဲ႔ ျမန္တာ ဒီႏွစ္ရပ္ပဲ။ ဘယ္လိုနည္းနဲ႔ ျဖစ္ႏိုင္တယ္ဆိုတာကေတာ့ ဖြဲ႔စည္းပံု အေျခခံ ဥပေဒဖတ္၊ နည္းဥပေဒေတြ ဖတ္၊ သူျဖစ္ဖို႔ လုပ္ေနတာပဲ” ဟု ၄င္းကဆိုသည္။

ဒု သမၼတေလာင္း ေရြးခ်ယ္ရန္အတြက္ အစည္းအေ၀းကို မူလသတ္မွတ္ထားသည့္ မတ္လ ၁၇ ရက္ေန႔အစား မတ္လ ၁၀ ရက္ေန႔သို႔ ေျပာင္းလဲသတ္မွတ္ခဲ့ရာ အဆိုပါကိစၥမွာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္မေတာ္တို႔အၾကား ပုဒ္မ ၅၉ (စ ) ျပင္ဆင္ေရး ညွိႏႈိင္းမရျခင္း ၊ အစိုးရႏွင့္ လႊတ္ေတာ္တို႔အၾကား ပြတ္တိုက္မႈ မ်ားလာျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရး အကဲခတ္မ်ားက သုံးသပ္ထားၾကသည္။

ႏိုင္ငံေတာ္ သမၼတေလာင္း အမည္စာရင္း တင္သြင္းမည့္ ရက္ေရႊ႕ဆိုင္းျခင္းႏွင့္ ပတ္သက္၍ ၄င္းက “ေနာက္တစ္ခုက မတ္လ ၁၇ ရက္ေန႔လုပ္မယ့္ အစား ေျပာင္းလုပ္လိုက္တာ အေျခအေနက ေကာလာဟလေတြ ပလူပ်ံေနလို႔ ၊ အဲ့ဒါေတြရွင္းလိုက္တဲ့သေဘာလည္း ပါတာေပါ့၊ အေျပာင္းအလဲ လုပ္ဖို႔ကိစၥကေတာ့ ၿပီးခါနီးၿပီ၊ ေနာက္ဆံုးအဆင့္ေလာက္ပဲ က်န္ေတာ့တယ္၊ အစည္းအေဝးတစ္ခါ ႏွစ္ခါဆို ၿပီးပါတယ္” ဟု ဦးဝင္းထိန္က ေျပာသည္။

သတင္း - ကိုေပါက္
Photo - NLD Chairperson
The Ladies News
https://www.facebook.com/News.TheLadies
............


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးသည် နိုင်ငံတော် သမ္မတလောင်း အမည်စာရင်း တင်သွင်းမည့် ရက်ရွှေ့ဆိုင်းခြင်းနှင့် မသက်ဆိုင်ကြောင်း ဒီချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်မှာ၊ ရက်ရွှေ့တာ မရွှေ့တာနဲ့ ဘာမှမဆိုင်ဘူး။ နှေးတာနဲ့ မြန်တာ ဒီနှစ်ရပ်ပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်တယ်ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖတ်၊ နည်းဥပဒေတွေ ဖတ်၊ သူဖြစ်ဖို့ လုပ်နေတာပဲ” ဟု ၄င်းကဆိုသည်။

ဒု သမ္မတလောင်း ရွေးချယ်ရန်အတွက် အစည်းအဝေးကို မူလသတ်မှတ်ထားသည့် မတ်လ ၁၇ ရက်နေ့အစား မတ်လ ၁၀ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ရာ အဆိုပါကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့အကြား ပုဒ်မ ၅၉ (စ ) ပြင်ဆင်ရေး ညှိနှိုင်းမရခြင်း ၊ အစိုးရနှင့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု များလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားကြသည်။

နိုင်ငံတော် သမ္မတလောင်း အမည်စာရင်း တင်သွင်းမည့် ရက်ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ ၄င်းက “နောက်တစ်ခုက မတ်လ ၁၇ ရက်နေ့လုပ်မယ့် အစား ပြောင်းလုပ်လိုက်တာ အခြေအနေက ကောလာဟလတွေ ပလူပျံနေလို့ ၊ အဲ့ဒါတွေရှင်းလိုက်တဲ့သဘောလည်း ပါတာပေါ့၊ အပြောင်းအလဲ လုပ်ဖို့ကိစ္စကတော့ ပြီးခါနီးပြီ၊ နောက်ဆုံးအဆင့်လောက်ပဲ ကျန်တော့တယ်၊ အစည်းအဝေးတစ်ခါ နှစ်ခါဆို ပြီးပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

သတင်း - ကိုပေါက်
Photo - NLD Chairperson
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment