Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 12, 2016

ဆင္ေျခဖံုးျမိဳ႕နယ္မ်ားတြင္ ဆိုင္ကယ္ျဖင့္ လုယက္မႈမ်ားျပားေနျခင္းေၾကာင့္ သတိေပးေၾကညာခ်က္ထုတ္ျပန္


ဆင္ေျခဖံုးျမိဳ႕နယ္မ်ားတြင္ ဆိုင္ကယ္ျဖင့္ လုယူမႈမ်ားရိွေနျခင္းေၾကာင့္ သတိေပးေၾကညာခ်က္ ဆိုင္းဘုတ္ မ်ားျဖင့္ လံုျခံဳေရး သတိရိွၾကရန္ ႏိႈးေဆာ္လ်က္ရိွေၾကာင္း သိရသည္။
လုယက္မႈက်ဴးလြန္ၾကသူမ်ားသည္ ဆိုင္ကယ္မ်ားကို စီးနင္းအသံုးျပဳကာ လူႏွစ္ဦး၊ သံုးဦးခန္႔စီပါ၀င္ေၾကာင္း ေမွာင္ရိပ္ပ်ဳိးခ်ိန္ႏွင့္ ညအခိ်န္မ်ား၌ လူျပတ္လပ္သည့္ေနရာမ်ားတြင္ လုယက္မႈမ်ား က်ဴးလြန္လ်က္ရိွေန ေၾကာင္း၊ လုယက္မႈက်ဴးလြန္ျပီးခိ်န္၌ ဆိုင္ကယ္ျဖင့္ ထြက္ေျပးတိမ္းေရွာင္မႈေၾကာင့္ ယင္းျဖစ္စဥ္အမ်ားစုတြင္ ဖမ္းဆီးရရိွမႈနည္းပါးလ်က္ရိွေၾကာင္း သိရသည္။

''ညေနခင္း ေန၀င္ခ်ိန္ေတြ၊ လူျပတ္တဲ့ေနရာေတြမွာ ျဖစ္ပြားမႈမ်ားတယ္။ ဆိုင္ကယ္နဲ႔ လာၾကတယ္။ တစီးကို ႏွစ္ေယာက္လည္းရိွတယ္။ သံုးေယာက္ပါတာလည္းရိွတယ္။ အမ်ားစုကေတာ့ ေျပးဖို႔လြယ္ေအာင္ ႏွစ္ေယာက္ တည္းလုတာ မ်ားတယ္။ မိတာေတာ့ မရိွေသးဘူး။ ဒီေကာင္ေတြျမန္တယ္။ လ်င္တယ္၊ တခါတေလ ဆိုင္ကယ္ သံေတာင္ မၾကားရဘူး။ ဖုန္းေတြ၊ လက္၀တ္ပစၥည္းေတြ လုယက္ျပီးေျပးၾကတယ္''ဟု ေျမာက္ဥကၠလာပျမိဳ႕နယ္ (ဇ)ရပ္ကြက္မွ ေစတနာရွင္လူမႈဘ၀ေစာင့္ေရွာက္ေရးအသင္းဥကၠ႒ ဦးေမာင္ေဌးက ေျပာသည္။

၎အသင္းအေနျဖင့္ ရပ္ကြက္ေနျပည္သူမ်ား လံုျခံဳေရးသတိရိွၾကရန္ ႏိႈးေဆာ္စာမ်ားကို လူစည္ကားရာေနရာ ႏွင့္ လမ္းဆံုေနရာမ်ားတြင္ ေၾကညာဆိုင္းဘုတ္မ်ား ခိ်တ္ဆဲြ၍ ေၾကညာထားေၾကာင္း သိရသည္။ အဆိုပါ သတိ ေပးခ်က္တြင္ 'ေမွာင္ရီပ်ဳိးခ်ိန္ ဆိုင္ကယ္ျဖင့္ ပစၥည္းလုယက္မႈမ်ား မၾကာခဏျဖစ္ေပၚေနပါသည္။ သတိျဖင့္ ၀ိုင္း၀န္းကူညီေစာင့္ၾကည့္ၾကပါရန္။ လမ္းေပၚတြင္ သြားလာေနသူမ်ားမွလည္း မိမိတို႔၏ လက္၀တ္ရတနာ၊ တန္ဖိုးရိွပစၥည္းမ်ားႏွင့္ လက္ကိုင္ဖုန္းမ်ားကို ေပါ့ေပါ့ဆဆ ၀တ္ဆင္သြားလာျခင္း မျပဳၾကရန္ႏွင့္ ေမွာင္ရီပ်ဳိးခ်ိန္ တြင္ အထူးသတိျပဳသြားလာၾကရန္ သတိေပးႏိႈးေဆာ္အပ္ပါသည္''ဟူ၍ အဆိုပါအသင္း၏အမည္ျဖင့္ သတိေပး ဆိုင္းဘုတ္မ်ား ခ်ိတ္ဆဲြထားေၾကာင္း သိရသည္။

''ဆိုင္ကယ္နဲ႔ လုယက္မႈေတြျဖစ္တယ္။ ဒီလုယက္မႈေတြကလည္း ေနရာအႏွံ႔ျဖစ္ေပၚေနတယ္။ ဒါေတြကိုၾကိဳတင္ ကာကြယ္ႏိုင္ဖို႔ အသင္းနဲ႔ ညိႇႏိႈင္းျပီး သတိေပးဆိုင္းဘုတ္ေတြ ျပဳလုပ္ခဲ့တယ္။ အဓိကေတာ့ တရားဥပေဒစိုးမိုး ေရးဆိုတာ ပါးစပ္က ေျပာေနရံုနဲ႔မျပီးေသးဘူး။ တရားဥပေဒစိုးမိုးေရးက ရဲတေယာက္တည္းလား။ အာဏာပိုင္ အဖဲြ႕အစည္းပဲ တာ၀န္ရိွတာလား။ လမ္းသြားရင္း ဖုန္းေျပာေနတယ္။ ဖုန္းကို လုသြားတယ္။ ဒါေတြက ျပည္သူ ေတြ ထိန္းရမယ့္ကိစၥမ်ဳိး။ ကြ်န္ေတာ္တို႔ေတြက သတိေပးရံုပဲရမယ္။ လိုက္နာရမွာက ျပည္သူေတြရဲ႕ တာ၀န္ပါ'' ဟု (ဇ)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီလြင္က ေျပာသည္။

လံုျခံဳေရးသတိေပးေၾကညာခ်က္မ်ားျဖင့္ ေၾကညာျပီးေနာက္ပိုင္း လုယက္မႈမ်ားက်ဆင္းခဲ့ေသာ္လည္း အျခား ဆင္ေျခဖံုးျမိဳ႕နယ္အခ်ဳိ႕တြင္ ျဖစ္ပြားလ်က္ရိွေနေသးေၾကာင္း သိရသည္။ ျမိဳ႕ျပ၏ ဖံြ႕ျဖိဳးတိုးတက္လာမႈမ်ားႏွင့္ အတူ ဒုစရိုက္ျဖစ္ပြားမႈအေျခအေနမ်ား တိုးပြားလာလ်က္ရိွျပီး ေနအိမ္အထိပင္ အုပ္စုဖဲြ႕လိမ္လည္မႈမ်ား၊ လုယက္မႈမ်ားကလည္း ျဖစ္ေပၚေနျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မႈခင္းအသိႏွင့္ မႈခင္းသတိမ်ားရိွရန္ လိုအပ္ေၾကာင္း မဂၤလာေတာင္ညြန္႔ျမိဳ႕မရဲစခန္းမွ ျမိဳ႕နယ္မွဴးရဲမွဴးသိန္းေအာင္က သံုးသပ္ေျပာၾကားသည္။ ရန္ကုန္တိုင္းေဒသၾကီးအတြင္း ၂၀၁၅ ခုႏွစ္ တႏွစ္တာ အမႈၾကီး ၁၀ မ်ဳိး၌ ျဖစ္ပြားခဲ့သည့္အမႈေပါင္း ၃၀၅ မႈ ရိွခဲ့ေၾကာင္း တိုင္းရဲတပ္ဖဲြ႕မွဴးရံုးမွ စာရင္းမ်ားအရသိရသည္။

မင္းဗညား
https://www.facebook.com/NewsWatchJournal
...........


ဆင်ခြေဖုံးမြို့နယ်များတွင် ဆိုင်ကယ်ဖြင့် လုယူမှုများရှိနေခြင်းကြောင့် သတိပေးကြေညာချက် ဆိုင်းဘုတ် များဖြင့် လုံခြုံရေး သတိရှိကြရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
လုယက်မှုကျူးလွန်ကြသူများသည် ဆိုင်ကယ်များကို စီးနင်းအသုံးပြုကာ လူနှစ်ဦး၊ သုံးဦးခန့်စီပါ၀င်ကြောင်း မှောင်ရိပ်ပျိုးချိန်နှင့် ညအချိန်များ၌ လူပြတ်လပ်သည့်နေရာများတွင် လုယက်မှုများ ကျူးလွန်လျက်ရှိနေ ကြောင်း၊ လုယက်မှုကျူးလွန်ပြီးချိန်၌ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်မှုကြောင့် ယင်းဖြစ်စဉ်အများစုတွင် ဖမ်းဆီးရရှိမှုနည်းပါးလျက်ရှိကြောင်း သိရသည်။

''ညနေခင်း နေဝင်ချိန်တွေ၊ လူပြတ်တဲ့နေရာတွေမှာ ဖြစ်ပွားမှုများတယ်။ ဆိုင်ကယ်နဲ့ လာကြတယ်။ တစီးကို နှစ်ယောက်လည်းရှိတယ်။ သုံးယောက်ပါတာလည်းရှိတယ်။ အများစုကတော့ ပြေးဖို့လွယ်အောင် နှစ်ယောက် တည်းလုတာ များတယ်။ မိတာတော့ မရှိသေးဘူး။ ဒီကောင်တွေမြန်တယ်။ လျင်တယ်၊ တခါတလေ ဆိုင်ကယ် သံတောင် မကြားရဘူး။ ဖုန်းတွေ၊ လက်ဝတ်ပစ္စည်းတွေ လုယက်ပြီးပြေးကြတယ်''ဟု မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်မှ စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးမောင်ဌေးက ပြောသည်။

၎င်းအသင်းအနေဖြင့် ရပ်ကွက်နေပြည်သူများ လုံခြံုရေးသတိရှိကြရန် နှိုးဆော်စာများကို လူစည်ကားရာနေရာ နှင့် လမ်းဆုံနေရာများတွင် ကြေညာဆိုင်းဘုတ်များ ချိတ်ဆွဲ၍ ကြေညာထားကြောင်း သိရသည်။ အဆိုပါ သတိ ပေးချက်တွင် 'မှောင်ရီပျိုးချိန် ဆိုင်ကယ်ဖြင့် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်ပေါ်နေပါသည်။ သတိဖြင့် ၀ိုင်းဝန်းကူညီစောင့်ကြည့်ကြပါရန်။ လမ်းပေါ်တွင် သွားလာနေသူများမှလည်း မိမိတို့၏ လက်ဝတ်ရတနာ၊ တန်ဖိုးရှိပစ္စည်းများနှင့် လက်ကိုင်ဖုန်းများကို ပေါ့ပေါ့ဆဆ ၀တ်ဆင်သွားလာခြင်း မပြုကြရန်နှင့် မှောင်ရီပျိုးချိန် တွင် အထူးသတိပြုသွားလာကြရန် သတိပေးနှိုးဆော်အပ်ပါသည်''ဟူ၍ အဆိုပါအသင်း၏အမည်ဖြင့် သတိပေး ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြောင်း သိရသည်။

''ဆိုင်ကယ်နဲ့ လုယက်မှုတွေဖြစ်တယ်။ ဒီလုယက်မှုတွေကလည်း နေရာအနှံ့ဖြစ်ပေါ်နေတယ်။ ဒါတွေကိုကြိုတင် ကာကွယ်နိုင်ဖို့ အသင်းနဲ့ ညှိနှိုင်းပြီး သတိပေးဆိုင်းဘုတ်တွေ ပြုလုပ်ခဲ့တယ်။ အဓိကတော့ တရားဥပဒေစိုးမိုး ရေးဆိုတာ ပါးစပ်က ပြောနေရုံနဲ့မပြီးသေးဘူး။ တရားဥပဒေစိုးမိုးရေးက ရဲတယောက်တည်းလား။ အာဏာပိုင် အဖွဲ့အစည်းပဲ တာဝန်ရှိတာလား။ လမ်းသွားရင်း ဖုန်းပြောနေတယ်။ ဖုန်းကို လုသွားတယ်။ ဒါတွေက ပြည်သူ တွေ ထိန်းရမယ့်ကိစ္စမျိုး။ ကျွန်တော်တို့တွေက သတိပေးရုံပဲရမယ်။ လိုက်နာရမှာက ပြည်သူတွေရဲ့ တာဝန်ပါ'' ဟု (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ပြောသည်။

လုံခြံုရေးသတိပေးကြေညာချက်များဖြင့် ကြေညာပြီးနောက်ပိုင်း လုယက်မှုများကျဆင်းခဲ့သော်လည်း အခြား ဆင်ခြေဖုံးမြို့နယ်အချို့တွင် ဖြစ်ပွားလျက်ရှိနေသေးကြောင်း သိရသည်။ မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် အတူ ဒုစရိုက်ဖြစ်ပွားမှုအခြေအနေများ တိုးပွားလာလျက်ရှိပြီး နေအိမ်အထိပင် အုပ်စုဖွဲ့လိမ်လည်မှုများ၊ လုယက်မှုများကလည်း ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် မှုခင်းအသိနှင့် မှုခင်းသတိများရှိရန် လိုအပ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ မြို့နယ်မှူးရဲမှူးသိန်းအောင်က သုံးသပ်ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် တနှစ်တာ အမှုကြီး ၁၀ မျိုး၌ ဖြစ်ပွားခဲ့သည့်အမှုပေါင်း ၃၀၅ မှု ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရသိရသည်။

မင်းဗညား
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment