Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေရြးခ်ယ္တင္ေျမွာက္ေရး အစည္းအေဝး ရက္ ေရြ႕ေျပာင္းရန္ မတ္လ ၁ ရက္ေန႔ အစည္းအေဝး တြင္ ေၾကညာမည္


လႊတ္ေတာ္ကုိယ္စားလွယ္ အစုအဖြဲ႔မ်ားမွ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား အမည္စာရင္း တင္သြင္းႏိုင္ေရး အစည္းအေဝး သတ္မွတ္ရက္ ေရႊ႔ရန္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက က ေၾကညာမည္ဟု မတ္လ ၁ ရက္ေန႔ အစည္းအေဝး အစီအစဥ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

ျပည္ေထာင္စု လႊတ္ေတာ္နာယက က ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေရြးခ်ယ္ တင္ေျမွာက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အလိုက္ အစည္းအေဝးမ်ား စတင္က်င္းပမည့္ ေန႔ရက္ ျပင္ဆင္သတ္မွတ္ခ်က္ကို ေၾကညာျခင္းဟု အစီအစဥ္ ၁၁ တြင္ ထည့္သြင္းေဖာ္ျပထားသည္။

မူလက ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား အမည္စာရင္း တင္သြင္းႏိုင္ရန္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အလိုက္ အစည္းအေဝး က်င္းပရန္ မတ္လ ၁၇ ရက္ဟု သတ္မွတ္ထားသည္။

ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား အစုအဖြဲ႔၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔ႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား အစုအဖြဲ႔ဟု အစုအဖြဲ႔သံုးခုမွ အစုအဖြဲ႔ တစ္ခုလွ်င္ ဒုတိယသမၼတေလာင္း အမည္ တစ္ဦးစီ အမည္စာရင္း တင္သြင္းရမည္ ျဖစ္သည္။

သမၼတေလာင္းမ်ား ေရြးခ်ယ္ တင္ေျမွာက္ရန္အတြက္ ေရြးခ်ယ္ေရး အဖြဲ႔သံုးဖြဲကို ျပည္သူ႔ လႊတ္ေတာ္ ၊ အမ်ဳိးသားလႊတ္ေတာ္ ၊ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားမွ အစုအဖြဲ႔တစ္ဖြဲ႔စီအလိုက္ ေရြးခ်ယ္ တင္ေျမွာက္ေရး အဖြ႔ဲ ဖြဲ႔စည္းကာ တင္ေျမွာက္ ရမည္ ျဖစ္သည္။

ယခုအေျခအေနအရ သမၼတေလာင္း တင္သြင္းေရြးခ်ယ္မည့္ ရက္မ်ားမွာ ေရွ႕သို႔ တိုးလာမည္ ျဖစ္သည္။

“ကၽြန္ေတာ္ ထင္တာကေတာ့ အခုအခ်ိန္မွာ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႔အၾကားမွာ ပြတ္တိုက္ မႈေတြ မ်ားေနေတယ္။ အစိုးရက လႊတ္ေတာ္မွာ လာမေျဖတဲ႔ ကိစၥေတြလည္း ရိွေနေတာ့ လႊတ္ေတာ္ရဲ႕ တရား၀င္မႈ အေနအထားကိုလည္း ထိခိုက္ႏိုင္တယ္။ ေရရွည္ဆိုရင္ အဲဒီလို ကိစၥေတြက ျပသ၁နာရိွႏိုင္တဲ႔အတြက္ သမၼတေလာင္း ေရြးခ်ယ္မႈကို အျမန္ဆံုး ေဆာင္ရြက္ျခင္းနဲ႔ အႏိုင္ရပါတီရဲ႕ တရား၀င္မႈ အေျခအေနကို ပိုမို ျမင့္တင္ ေဆာင္ရြက္ႏိုင္ေအာင္ တစ္ဖက္မွာလည္း ပြတ္တိုက္မႈႈေတြ ေလ်ာ့့သြားေအာင္ ၾကိဳးစားတဲ႔ ေဆာင္ရြက္ခ်က္လို႔ ျမင္တယ္” ဟု တေကာင္း ျမန္မာ့အေရး ေလ့လာသူမ်ား အင္စတီက်ဳမွ ကိုရဲမ်ဳိးဟိန္းက သံုးသပ္သည္။

ျမန္မာ့အေရး ေလ့လာသူ ဦးေအာင္သူျငိမ္းက မူ “အခုအေျခေနက ဘာပဲျဖစ္ျဖစ္ တစ္ခုခုေတာ့ လုပ္ရမွာပါ။ အီးစီ အစည္းအေဝး က ေက်လည္ ဆံုးျဖတ္ၿပီးလို႔ ထင္ပါတယ္။ သို႔ေလာသို႔ေလာ ျဖစ္ေနတာေတြ ေလ်ာ့က်ေစတယ္။ Business confidence တက္ေစမယ္ ထင္ပါတယ္” ဟု မွတ္ခ်က္ျပဳ ေျပာဆိုသည္။

သတင္း - ကိုေပါက္
The Ladies News
https://www.facebook.com/News.TheLadies

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များမှ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းနိုင်ရေး အစည်းအဝေး သတ်မှတ်ရက် ရွှေ့ရန် ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာမည်ဟု မတ်လ ၁ ရက်နေ့ အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက် ပြင်ဆင်သတ်မှတ်ချက်ကို ကြေညာခြင်းဟု အစီအစဉ် ၁၁ တွင် ထည့်သွင်းဖော်ပြထားသည်။

မူလက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေး ကျင်းပရန် မတ်လ ၁၇ ရက်ဟု သတ်မှတ်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ဟု အစုအဖွဲ့သုံးခုမှ အစုအဖွဲ့ တစ်ခုလျှင် ဒုတိယသမ္မတလောင်း အမည် တစ်ဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

သမ္မတလောင်းများ ရွေးချယ် တင်မြှောက်ရန်အတွက် ရွေးချယ်ရေး အဖွဲ့သုံးဖွဲကို ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ အစုအဖွဲ့တစ်ဖွဲ့စီအလိုက် ရွေးချယ် တင်မြှောက်ရေး အဖွဲ့ ဖွဲ့စည်းကာ တင်မြှောက် ရမည် ဖြစ်သည်။

ယခုအခြေအနေအရ သမ္မတလောင်း တင်သွင်းရွေးချယ်မည့် ရက်များမှာ ရှေ့သို့ တိုးလာမည် ဖြစ်သည်။

“ကျွန်တော် ထင်တာကတော့ အခုအချိန်မှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့အကြားမှာ ပွတ်တိုက် မှုတွေ များနေတေယ်။ အစိုးရက လွှတ်တော်မှာ လာမဖြေတဲ့ ကိစ္စတွေလည်း ရှိနေတော့ လွှတ်တော်ရဲ့ တရားဝင်မှု အနေအထားကိုလည်း ထိခိုက်နိုင်တယ်။ ရေရှည်ဆိုရင် အဲဒီလို ကိစ္စတွေက ပြသ၁နာရှိနိုင်တဲ့အတွက် သမ္မတလောင်း ရွေးချယ်မှုကို အမြန်ဆုံး ဆောင်ရွက်ခြင်းနဲ့ အနိုင်ရပါတီရဲ့ တရားဝင်မှု အခြေအနေကို ပိုမို မြင့်တင် ဆောင်ရွက်နိုင်အောင် တစ်ဖက်မှာလည်း ပွတ်တိုက်မှုှုတွေ လျော့့သွားအောင် ကြိုးစားတဲ့ ဆောင်ရွက်ချက်လို့ မြင်တယ်” ဟု တကောင်း မြန်မာ့အရေး လေ့လာသူများ အင်စတီကျုမှ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက မူ “အခုအခြေနေက ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရမှာပါ။ အီးစီ အစည်းအဝေး က ကျေလည် ဆုံးဖြတ်ပြီးလို့ ထင်ပါတယ်။ သို့လောသို့လော ဖြစ်နေတာတွေ လျော့ကျစေတယ်။ Business confidence တက်စေမယ် ထင်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment