Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

KIA တပ္မဟာ (၆) ကို ရွမ္းေျမာက္ေဒသတြင္ တိုးခ်ဲ႔ဖြဲ႔စည္းမႈ ျပည္ေထာင္စု ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီ (UPWC) အျပင္းထန္ ရွံဳ႕ခ်


ေကအိုင္ေအ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္မွ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ တပ္မဟာ ( ၆) အမည္ျဖင့္ တပ္ရင္းတိုးခ်ဲ႔ ဖြဲ႔စည္းခဲ့မႈအေပၚ အစိုးရ၏ ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ လုပ္ငန္းေကာ္မတီမွ အျပင္းထန္ ရွံဳ႕ခ်လိုက္ပါသည္။

ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္လိုက္ေသာ အဆိုပါ ထုတ္ျပန္ခ်က္တြင္ တပ္မဟာ (၆) တိုးခ်ဲ႔ဖြဲ႔စည္းမႈမွာ ျငိမ္းခ်မ္းေရး အတြက္ ေကာင္းက်ဳိးထက္ ဆိုးက်ဳိး ပိုမိုသက္ေရာက္ေစ မည္ျဖစ္ေၾကာင္း ေဖာ္ျပထားျပီး အစိုးရမွ ေဖာ္ေဆာင္ေနသည့္ ျပည္တြင္းျငိမ္းခ်မ္းေရးကို ဆန္႔က်င္ရာေရာက္ေၾကာင္းလည္း ေရးသားထားပါသည္။

တပ္မဟာ (၆) အေျခခ်သည့္ ေဒသမွာ ယခင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ဗကပ ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ မုန္းကိုး ၊ ေဖာင္းဆုိင္နွင့္ မုန္းေဘာ္ တို႔တြင္ျဖစ္ျပီး ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔တြင္ တရား၀င္ဖြဲ႔စည္း ထားေၾကာင္း အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

‘အဲဒီနယ္ေျမေတြမွာ ေကအိုင္ေအ တပ္မဟာ (၆) ဆိုျပီးဖြဲ႔တာ ၾကာေနျပီ။ အခုမွ တရား၀င္ေၾကျငာတာ။တကယ္ေတာ့ CPB ဗကပ အေျခခ်ခဲ့တဲ႔ အဲဒီေဒသေတြက တကယ္ေတာ့ ဗကပ မ၀င္ခင္ေခတ္ ကတည္းက
 ေကအိုင္ေအ နယ္ေျမေတြပါပဲ’ ဟု ယခင္က ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ အဖြဲ႔၀င္ေဟာင္းတစ္ဦးက The Ladies News သို႔ေျပာသည္။

လတ္တေလာကာလအတြင္းမွာပင္ တအာင္းပေလာင္ TNLA/PSLF ၊ ေကအိုင္ေအ ၊ ကိုးကန္႔ နွင့္ ရွမ္းတပ္မေတာ္ တို႔အေျခခ်ရာ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတို႔ အင္အား ေထာင္ႏွင့္ခ်ီသည့္ အစိုးရတပ္ဖြဲ႔မွ တပ္ရင္းမ်ား တိုးခ်ဲ႔ေနရာခ်ထားလာေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားမွ သတင္းထုတ္ျပန္ထားသည္.။

The Ladies News
https://www.facebook.com/News.TheLadies
..............
ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မဟာ ( ၆) အမည်ဖြင့် တပ်ရင်းတိုးချဲ့ ဖွဲ့စည်းခဲ့မှုအပေါ် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ အပြင်းထန် ရှုံ့ချလိုက်ပါသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မဟာ (၆) တိုးချဲ့ဖွဲ့စည်းမှုမှာ ငြိမ်းချမ်းရေး အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုမိုသက်ရောက်စေ မည်ဖြစ်ကြောင်း ဖော်ပြထားပြီး အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆန့်ကျင်ရာရောက်ကြောင်းလည်း ရေးသားထားပါသည်။

တပ်မဟာ (၆) အခြေချသည့် ဒေသမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်နယ်မြေဖြစ်သည့် မုန်းကိုး ၊ ဖောင်းဆိုင်နှင့် မုန်းဘော် တို့တွင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင်ဖွဲ့စည်း ထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

‘အဲဒီနယ်မြေတွေမှာ ကေအိုင်အေ တပ်မဟာ (၆) ဆိုပြီးဖွဲ့တာ ကြာနေပြီ။ အခုမှ တရားဝင်ကြေငြာတာ။တကယ်တော့ CPB ဗကပ အခြေချခဲ့တဲ့ အဲဒီဒေသတွေက တကယ်တော့ ဗကပ မဝင်ခင်ခေတ် ကတည်းက ကေအိုင်အေ နယ်မြေတွေပါပဲ’ ဟု ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးက The Ladies News သို့ပြောသည်။

လတ်တလောကာလအတွင်းမှာပင် တအာင်းပလောင် TNLA/PSLF ၊ ကေအိုင်အေ ၊ ကိုးကန့် နှင့် ရှမ်းတပ်မတော် တို့အခြေချရာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့ အင်အား ထောင်နှင့်ချီသည့် အစိုးရတပ်ဖွဲ့မှ တပ်ရင်းများ တိုးချဲ့နေရာချထားလာကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်.။

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment