Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

လူတစ္ဦးေသဆံုးခဲ့ေသာ ေျမာက္ဦး ကားတိုက္မႈတြင္ ယာဥ္ေမာင္းကို ဖမ္းဆီး အေရးယူ

(ေျမာက္ဦး-ေက်ာက္ေတာ္ ကားလမ္းေပၚရွိ မဟာမုနိအနီးကားလမ္းကုိ ျပဳျပင္ေနစဥ္/ 17/2/2016)
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၂၉

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕နယ္တြင္ ျဖစ္ပြားေသာ ကားတိုက္မႈ တစ္ခုအတြင္း လူတစ္ဦး ေသဆံုးခဲ့သျဖင့္ ကားဒရိုင္ဘာကို ကားတိုက္၍ လူေသမႈ ပုဒ္မ ၃၀၄-က ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

အေရးယူခံရသူမွာ အကယ္ဒမီဘတ္စ္ကားမွ ဒရိုင္ဘာ လင္းစုိးျဖစ္ေၾကာင္း၊ ၎ကားမွာ စစ္ေတြမွ ရန္ကုန္သို႕ ေမာင္းႏွင္လာစဥ္ ကားတိုက္မႈ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္း ေျမာက္ဦးျမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ဦးျမင့္ေသာင္းက ေျပာသည္ ။

“ ကားတိုက္တာက ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႕ နံနက္ ၉ နာရီ ၄၅ မိနစ္ခန္႕မွာ ေျမာက္ဦးျမိဳ႕နယ္ အိုးထိမ္းရြာ ျဖစ္ပြားတာပါ။ ရွင္ျပဳပြဲသြားမလို႕ ကားၾကံဳကို ကားလမ္းေဘးကေန မတ္တပ္ရပ္ ေစာင့္ေနခ်ိန္မွာ ခရီးသည္တင္ ေလအိတ္အမ်ိဳးအစား အကယ္ဒမီကားက ၀င္တိုက္သြားတာပါ” ဟု ရဲတပ္ဖြဲ႕မွဴးက ဆိုသည္။

ေသဆံုးသူမွာ အိုးထိမ္းေက်းရြာမွ ဦးေမာင္နီထြန္း (၆၉) ႏွစ္ ျဖစ္သည္။

“ ေသဆံုးမႈနဲ႕ ပတ္သက္ျပီး တိန္ညိဳ ရဲစခန္းကေနျပီး အမႈအမွတ္ ၃/ ၂၀၁၆၊ ပုဒ္မ ၃၀၄-က နဲ႕ အေရးယူထားပါတယ္။ ဒရိုင္ဘာကို ဖမ္းဆီးထားပါတယ္ ခင္ဗ်ား” ဟု သူက ဆက္လက္ ေျပာဆိုသည္။

Arakan State
https://www.facebook.com/NarinjaraNews/

............................


နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားသော ကားတိုက်မှု တစ်ခုအတွင်း လူတစ်ဦး သေဆုံးခဲ့သဖြင့် ကားဒရိုင်ဘာကို ကားတိုက်၍ လူသေမှု ပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။

အရေးယူခံရသူမှာ အကယ်ဒမီဘတ်စ်ကားမှ ဒရိုင်ဘာ လင်းစိုးဖြစ်ကြောင်း၊ ၎င်းကားမှာ စစ်တွေမှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ကားတိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်သောင်းက ပြောသည် ။

“ ကားတိုက်တာက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ မြောက်ဦးမြို့နယ် အိုးထိမ်းရွာ ဖြစ်ပွားတာပါ။ ရှင်ပြုပွဲသွားမလို့ ကားကြုံကို ကားလမ်းဘေးကနေ မတ်တပ်ရပ် စောင့်နေချိန်မှာ ခရီးသည်တင် လေအိတ်အမျိုးအစား အကယ်ဒမီကားက ၀င်တိုက်သွားတာပါ” ဟု ရဲတပ်ဖွဲ့မှူးက ဆိုသည်။

သေဆုံးသူမှာ အိုးထိမ်းကျေးရွာမှ ဦးမောင်နီထွန်း (၆၉) နှစ် ဖြစ်သည်။

“ သေဆုံးမှုနဲ့ ပတ်သက်ပြီး တိန်ညို ရဲစခန်းကနေပြီး အမှုအမှတ် ၃/ ၂၀၁၆၊ ပုဒ်မ ၃၀၄-က နဲ့ အရေးယူထားပါတယ်။ ဒရိုင်ဘာကို ဖမ်းဆီးထားပါတယ် ခင်ဗျား” ဟု သူက ဆက်လက် ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment