Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ဘူးသီးေတာင္မွာ တုိက္ပဲြျဖစ္တယ္လို႔ ေအေအ ထုတ္ျပန္(ဘူးသီးတောင်မှာ တိုက်ပွဲဖြစ်တယ်လို့ အေအေ ထုတ်ပြန်)

Arakan Army AA ေခၚ ရကၡိဳင့္တပ္မေတာ္ တပ္ဖြဲ႕ဝင္ တခ်ဳိ႕ကို ေတြ႕ရစဥ္။ Photo: Arakan Army
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ျမန္မာ-ဘဂၤလားေဒ့ရ္ွနယ္စပ္ နယ္ျခားမွတ္တိုင္အမွတ္- ၆၃၊ ၆၄ အနီးမွာ ရကၡိဳင့္တပ္မေတာ္ AA နဲ႔ အစိုးရတပ္မေတာ္တို႔ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၂၇ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ရကၡိဳင့္တပ္မေတာ္ AA က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒါ့အျပင္ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ အစိုးရတပ္မေတာ္ဖက္က တပ္အင္အား တုိးခ်ဲ႕လာတာေတြ ရွိတယ္လို႔လည္း ပါရွိပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး အစိုးရတပ္မေတာ္ဘက္က သတင္းထုတ္ျပန္ေၾကညာတာမရိွေသးပါဘူး။

အစိုးရတပ္မေတာ္နဲ႔ AA တပ္ဖဲြ႔တုိ႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက ေက်ာက္ေတာ္ၿမိဳ႕နယ္ ပီေခ်ာင္းေဒသမွာ တစ္ႀကိမ္၊ ဒီဇင္ဘာလကုန္ေလာက္မွာ တစ္ႀကိမ္ တိုက္ပဲြျဖစ္ပြားခဲ့ပါတယ္။

အ့ဲဒီတုိက္ပဲြေတြေၾကာင့္ ေဒသခံ ၂ဝဝ ေလာက္ဟာ နီးစပ္ရာေက်းရြာေတြကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတာျဖစ္ၿပီး အခုခ်ိန္ထိ ေနရပ္မျပန္ရဲၾကေသးဘူးလို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။ Photo: Arakan Army
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် နယ်ခြားမှတ်တိုင်အမှတ်- ၆၃၊ ၆၄ အနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစိုးရတပ်မတော်ဖက်က တပ်အင်အား တိုးချဲ့လာတာတွေ ရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ တစ်ကြိမ်၊ ဒီဇင်ဘာလကုန်လောက်မှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၂ဝဝ လောက်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး အခုချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment