Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ေက်ာကၠာမီးေဘး အတြက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ကူညီလွဴဒါန္း


ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ အလုပ္အမႈေဆာင္အဖြဲ႔၀င္ ဦးထင္ေက်ာ္ဟာ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က ပုေလာၿမိဳ႕နယ္ ေက်ာကၠာေက်းရြာက မီးေဘးသင့္ျပည္သူေတြကို ေထာက္ပံ့ေရးပစၥည္းမ်ား ေပးအပ္လွဴဒါန္းစဥ္။ Photo: Daw Khin Kyi Foundation Facebook
တနသာၤရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၊ ေက်ာကၠာေက်းရြာက မီးေဘးဒုကၡသည္ ၁၈၀၀ ေက်ာ္အတြက္ ေဒၚခင္ ၾကည္ေဖာင္ေဒးရွင္းက ေငြက်ပ္သိန္း ၁၀၀ ေက်ာ္တန္ဖိုးရွိတဲ့ အသံုးအေဆာင္ပစၥည္းေတြနဲ႔ ေငြက်ပ္သိန္း ၆၀ ကို ဒီကေန႔ လွဴဒါန္းခဲ့ပါတယ္။

အိမ္ေထာင္စုတစ္စုကို အသံုးအေဆာင္ ပစၥည္း ၁၂ မ်ိဳးစီနဲ႔ ေနအိမ္ေတြ ျပန္တည္ေဆာက္ဖို႔အတြက္ ေငြက်ပ္သိန္း ၆၀ ကို လာေရာက္လွဴဒါန္းခဲ့တာ ျဖစ္တယ္လို႔ ပုေလာၿမိဳ႕နယ္၊ တိုင္းေဒသႀကီးအမွတ္-၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းက ေျပာပါတယ္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအဖြဲ႕ဝင္ ဦးထင္ေက်ာ္က လာၿပီးလွဴဒါန္းပါတယ္ခင္ဗ်၊ တန္ဖိုးေငြက သိန္း ၂ဝဝ ေက်ာ္ဖိုးျဖစ္မယ္ခင္ဗ်၊ အိမ္ေထာင္စုတစ္စုကို ပစၥည္း ၁၂ မ်ဳိးကို လာၿပီးလွဴဒါန္းပါတယ္၊

ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔က ေက်ာကၠာေက်းရြာမွာ လွ်ပ္စစ္၀ါယာေရွာ့ျဖစ္ရာကေန ၅နာရီၾကာ မီးေလာင္ခဲ့ၿပီး ေနအိမ္ ၃၀၀ ေက်ာ္ ပ်က္စီးခဲ့ၿပီး လူဦးေရ ၁၈၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ပါတယ္။

မီးေဘးသင့္ျပည္သူေတြဟာ လက္ရွိမွာ မီးမေလာင္ဘဲက်န္ခဲ့တဲ့ ေနအိမ္ေတြနဲ႔ နီးစပ္ရာေဆြမ်ိဳးအိမ္ေတြမွာပဲ ယာယီေနထိုင္ေနၾကရတယ္လို႕ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႔နဲ႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာနတို႔က ေက်ာကၠာေက်းရြာက မီးေလာင္သြားတဲ့ေနအိမ္ေတြ ျပန္လည္တည္ေဆာက္ဖို႔ အတြက္ ေငြေၾကး နဲ႔ အိမ္ေဆာက္ပစၥည္းေတြ ေပးအပ္လွဴဒါန္းခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုလောမြို့နယ် ကျောက္ကာကျေးရွာက မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်။ Photo: Daw Khin Kyi Foundation Facebook
တနသာင်္ရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာက မီးဘေးဒုက္ခသည် ၁၈၀၀ ကျော်အတွက် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကျပ်သိန်း ၆၀ ကို ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စုတစ်စုကို အသုံးအဆောင် ပစ္စည်း ၁၂ မျိုးစီနဲ့ နေအိမ်တွေ ပြန်တည်ဆောက်ဖို့အတွက် ငွေကျပ်သိန်း ၆၀ ကို လာရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ်၊ တိုင်းဒေသကြီးအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထင်ကျော်က လာပြီးလှူဒါန်းပါတယ်ခင်ဗျ၊ တန်ဖိုးငွေက သိန်း ၂ဝဝ ကျော်ဖိုးဖြစ်မယ်ခင်ဗျ၊ အိမ်ထောင်စုတစ်စုကို ပစ္စည်း ၁၂ မျိုးကို လာပြီးလှူဒါန်းပါတယ်၊

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့က ကျောက္ကာကျေးရွာမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ ၅နာရီကြာ မီးလောင်ခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ လက်ရှိမှာ မီးမလောင်ဘဲကျန်ခဲ့တဲ့ နေအိမ်တွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာပဲ ယာယီနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့က ကျောက္ကာကျေးရွာက မီးလောင်သွားတဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ အတွက် ငွေကြေး နဲ့ အိမ်ဆောက်ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment