Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 19, 2016

ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ေသာဝင္ေငြအေပၚ ၂၀၁၆ခုႏွစ္ အခြန္စည္းၾကပ္ မႈႏႈန္းထား ယခင္ႏွစ္ထက္တိုးျမႇင့္သတ္မွတ္

ရန္ကုန္၊ေဖေဖာ္ဝါရီ၁၉

ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ေသာ အခြန္စည္းၾကပ္မႈမွ ကင္းလြတ္ေနသည့္ ဝင္ေငြမ်ားအေပၚ အခြန္ႏႈန္းထားအသစ္ကို ထုတ္ျပန္လိုက္ၿပီး ယင္း ထုတ္ျပန္ခ်က္အရ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ေသာ ေငြေၾကးမ်ားအေပၚ အခြန္ႏႈန္းထားမွာ ယမန္ႏွစ္ထက္ တိုးျမႇင့္သတ္မွတ္ လိုက္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွ စုံစမ္းသိရွိရသည္။

အဆိုပါ ၂၀၁၆ခုႏွစ္ အခြန္ႏႈန္းထားအသစ္တြင္ ဝင္ေငြရလမ္း မေဖာ္ျပႏိုင္ေသာ ေငြေၾကးပမာဏ က်ပ္သိန္း ၁၀၀၁ႏွင့္အထက္ကို ၃၀ရာခိုင္ႏႈန္းျဖင့္ စည္းၾကပ္မည္ျဖစ္ရာ ယမန္ႏွစ္သတ္မွတ္ခ်က္ ၅ရာခိုင္ႏႈန္းထက္ မ်ားစြာတိုးျမႇင့္ေကာက္ခံလိုက္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပ ထားသည္။

“အခုသတ္မွတ္လိုက္တဲ့ အခြန္ႏႈန္းထားကေတာ့ မ်ားတယ္ေပါ့။ ကၽြန္ေတာ္ တစ္ခုစိုးရိမ္တာက ဒီအခြန္ေရွာင္တာေတြျဖစ္လာမွာစိုးတယ္၊ ေနာက္ ၿပီးေတာ့ အိမ္ၿခံေျမေဈးကြက္လည္း ဆက္ၿပီးေအးသြားမယ့္ သေဘာရွိ တယ္။ အထူးသျဖင့္ ေျမေပါ့” ဟု ျပည္ႀကီးတံခြန္ အိမ္ၿခံေျမဝန္ေဆာင္မႈ လုပ္ငန္းမွ ဦးေနေဇာ္ေအာင္ကဆိုသည္။

ယခင္ကလည္း အိမ္ၿခံေျမေဈးကြက္တြင္ အခြန္ေရွာင္လိုသည့္ အတြက္ ေပါက္ေဈးထက္ေဈးေလၽွာ႔ျပကာ စာခ်ဳပ္ခ်ဳပ္ဆိုမႈ မ်ားစြာရွိခဲ့ ဖူးေၾကာင္း အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ဦးကလည္း ဆိုသည္။

“မမွန္မကန္ေဖာ္ျပမယ္ဆိုရင္ ရာျဖတ္နဲ႔စစ္လို႔ရပါတယ္၊ တိုင္ၾကားရင္ လည္း အေရးယူမွာပါ။ ႏွစ္ဦးသေဘာတူခ်ဳပ္ဆိုတယ္ဆိုေပမယ့္ ေပါက္ေဈး ထက္ေလွ်ာ့ၿပီး စာခ်ဳပ္ခ်ဳပ္မယ္ဆိုရင္ အခြန္ေရွာင္တာျဖစ္သြားမယ္၊ ဒါဆိုရင္
ဒဏ္ေၾကးတပ္႐ိုက္မႈကေန ျပစ္မႈေၾကာင္းအရ တရားစီရင္တဲ့အ ထိ ေဆာင္႐ြက္လို႔ရပါတယ္” ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစိုးက ေျပာသည္။

ယခုႏွစ္ ဧၿပီလ၁ရက္ေန႔မွစတင္ကာဝင္ေငြရလမ္း မေဖာ္ျပႏိုင္ေသာ ေငြေၾကးမ်ားအတြက္ ၁က်ပ္မွ က်ပ္သိန္း၃၀၀အထိ ၁၅ရာခိုင္ႏႈန္း၊ က်ပ္သိန္း၃၀၀ အထက္မွ က်ပ္သိန္း၁၀၀၀အထိကို ၂၀ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း၁၀၀၀ အထက္ကို ၃၀ ရာခိုင္ႏႈန္းေကာက္ ခံမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္ မ်ားဦးစီးဌာနက ထုတ္ျပန္ထားသည္။
The Voice Weekly
............
ဝင်ငွေရလမ်းမဖော်ပြနိုင်သောဝင်ငွေအပေါ် ၂၀၁၆ခုနှစ် အခွန်စည်းကြပ် မှုနှုန်းထား ယခင်နှစ်ထက်တိုးမြှင့်သတ်မှတ်
---------------------------------------------------

ရန်ကုန်၊ဖေဖော်ဝါရီ၁၉

ဝင်ငွေရလမ်းမဖော်ပြနိုင်သော အခွန်စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ဝင်ငွေများအပေါ် အခွန်နှုန်းထားအသစ်ကို ထုတ်ပြန်လိုက်ပြီး ယင်း ထုတ်ပြန်ချက်အရ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ငွေကြေးများအပေါ် အခွန်နှုန်းထားမှာ ယမန်နှစ်ထက် တိုးမြှင့်သတ်မှတ် လိုက်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ၂၀၁၆ခုနှစ် အခွန်နှုန်းထားအသစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေကြေးပမာဏ ကျပ်သိန်း ၁၀၀၁နှင့်အထက်ကို ၃၀ရာခိုင်နှုန်းဖြင့် စည်းကြပ်မည်ဖြစ်ရာ ယမန်နှစ်သတ်မှတ်ချက် ၅ရာခိုင်နှုန်းထက် များစွာတိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

“အခုသတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားကတော့ များတယ်ပေါ့။ ကျွန်တော် တစ်ခုစိုးရိမ်တာက ဒီအခွန်ရှောင်တာတွေဖြစ်လာမှာစိုးတယ်၊ နောက် ပြီးတော့ အိမ်ခြံမြေဈေးကွက်လည်း ဆက်ပြီးအေးသွားမယ့် သဘောရှိ တယ်။ အထူးသဖြင့် မြေပေါ့” ဟု ပြည်ကြီးတံခွန် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းမှ ဦးနေဇော်အောင်ကဆိုသည်။

ယခင်ကလည်း အိမ်ခြံမြေဈေးကွက်တွင် အခွန်ရှောင်လိုသည့် အတွက် ပေါက်ဈေးထက်ဈေးလျှော့ပြကာ စာချုပ်ချုပ်ဆိုမှု များစွာရှိခဲ့ ဖူးကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။

“မမှန်မကန်ဖော်ပြမယ်ဆိုရင် ရာဖြတ်နဲ့စစ်လို့ရပါတယ်၊ တိုင်ကြားရင် လည်း အရေးယူမှာပါ။ နှစ်ဦးသဘောတူချုပ်ဆိုတယ်ဆိုပေမယ့် ပေါက်ဈေး ထက်လျှော့ပြီး စာချုပ်ချုပ်မယ်ဆိုရင် အခွန်ရှောင်တာဖြစ်သွားမယ်၊ ဒါဆိုရင်
ဒဏ်ကြေးတပ်ရိုက်မှုကနေ ပြစ်မှုကြောင်းအရ တရားစီရင်တဲ့အ ထိ ဆောင်ရွက်လို့ရပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ယခုနှစ် ဧပြီလ၁ရက်နေ့မှစတင်ကာဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေကြေးများအတွက် ၁ကျပ်မှ ကျပ်သိန်း၃၀၀အထိ ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း၃၀၀ အထက်မှ ကျပ်သိန်း၁၀၀၀အထိကို ၂၀ရာခိုင်နှုန်းနှင့် ကျပ်သိန်း၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းကောက် ခံမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ထားသည်။
The Voice Weekly



No comments:

Post a Comment